Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ေျပာင္းၿခံမ်ားကုိ တ႐ုတ္၀ယ္လက္မ်ား ပုတ္ျပတ္၀ယ္ယူေန၍ တိရစၧာန္အစာအတြက္ ေျပာင္းလုိအပ္ခ်က္ မ်ားျပားေန

 ေျပာင္းၿခံမ်ားကုိတ႐ုတ္ ႏုိင္ငံသားမ်ားက ပုတ္ျပတ္၀ယ္ယူ ေန၍ တိရစၧာန္အစာအတြက္ ေျပာင္းလိုအပ္

ခ်က္မ်ား ျဖစ္ေပၚေနၿပီး ျပည္ပမွ တင္သြင္းမႈမ်ား ျဖစ္လာႏုိင္ေၾကာင္း ျမန္မာႏုိင္ငံ ငါးပုစြန္အစာ ထုတ္လုပ္ေရာင္း၀ယ္သူမ်ားအသင္းဥကၠ႒ ေဒါက္တာသက္မွဴးက ေျပာသည္။

 

တ႐ုတ္က ပုတ္ျပတ္၀ယ္ယူေနမႈေၾကာင့္ ေျပာင္းေစ်းမ်ားျမင့္ တက္ေနၿပီး တိရစၧာန္အစာထုတ္ လုပ္ေရာင္းခ်သူမ်ားက ျပည္ပမွ ေျပာင္းတင္သြင္းရန္ စိတ္၀င္စားေနေၾကာင္း ၎ကဆုိသည္။

 

‘‘အရင္ကလည္း တ႐ုတ္ဘက္က ၀ယ္ယူမႈရွိတယ္။ ဒါေပမဲ့ မႏၲေလးဘက္ကေန ပြဲစားက တစ္ဆင့္၀ယ္တာ။ အခုက သူတို႔ က ကုိယ္တုိင္တိုက္႐ုိက္ဆင္းၿပီး ၿခံေတြက ပုတ္ျပတ္၀ယ္ေနတာ။ ေရရွည္ဆုိရင္ အဘက္ဘက္က နစ္နာမႈေတြျဖစ္လာႏုိင္တယ္။ အ ခုဆုိ အရင္က ပဲဖတ္၊ ႏွမ္းဖတ္ တိရစၧာန္ေကြၽးဖုိ႔ရွိတယ္။ အခုဆုိ တ႐ုတ္ဘက္က ေျမပဲရသ ေလာက္၀ယ္ေနေတာ့ ဆီစက္ပုိင္ ရွင္ေတြ ဆီႀကိတ္ဖုိ႔ေျမပဲမရွိေတာ့ ဘူး။ အဲဒီလုိပဲ တိရစၧာန္အစာ ေကြၽးဖုိ႔ ပဲဖတ္၊ႏွမ္းဖတ္မရွိေတာ့ဘူး’’ ဟု ေဒါက္တာ သက္မွဴးက ဆုိသည္။

 

ျမန္မာႏုိင္ငံ ငါးပုစြန္အစာ ထုတ္လုပ္ေရာင္း၀ယ္သူမ်ားအသင္း အစည္းအေ၀းတြင္ ေျပာင္း တင္သြင္းရန္ စဥ္းစားေနေၾကာင္း တင္ျပလာသည့္ တိရစၧာန္အစာ ထုတ္လုပ္သည့္ စက္႐ုံပုိင္ရွင္ ၁၅ ဦးခန္႔ရွိေၾကာင္း ၎က ေျပာ သည္။

 

မတ္လတြင္ ဧရာ၀တီတိုင္း ေဒသႀကီးမွ ေျပာင္းဖူးမ်ား ထြက္ရွိ မည္ျဖစ္ၿပီး ပုံမွန္အားျဖင့္ ယင္းအ ခ်ိန္တြင္ ေျပာင္းေစ်းအနည္းငယ္ က်တတ္ေသာ္လည္း ယခုႏွစ္တြင္ ျပည္တြင္းေျပာင္းမ်ား လုံေလာက္ မႈမရွိသျဖင့္ ေစ်းက်မည္မဟုတ္ ဟု ျမန္မာႏုိင္ငံ ငါးပုစြန္အစာ ထုတ္လုပ္ေရာင္းခ်သူမ်ား အ သင္းက ခန္႔မွန္းထားသည္။

 

ပုံမွန္အားျဖင့္ ဧၿပီကုန္မွသာ ေျပာင္းေစ်းမ်ားျမင့္တက္ လာမည္ျဖစ္ေသာ္လည္း လက္ ရွိ၌ ယခုကတည္းက ေျပာင္းေစ်းမ်ား ျမင့္တက္ေနေၾကာင္း ေဒါက္တာ သက္မွဴးက ဆုိသည္။

 

ေျပာင္းဆန္တစ္ပိႆာေစ်း ႏႈန္းသည္ယခင္ႏွစ္ ေဖေဖာ္၀ါရီက ၂၅၀ က်ပ္ခန္႔သာရွိေသာ္လည္း ယခုႏွစ္ေဖေဖာ္၀ါရီတြင္ က်ပ္ ၄၅၀ မွ က်ပ္ ၆၀၀ ခန္႔အထိေပါက္ ေစ်းရွိေနေၾကာင္း ၎က ဆို သည္။

 

လက္ရွိတြင္ ဘုရင့္ေနာင္ကုန္စည္ဒုိင္၌ ေျပာင္းဆန္တစ္ပိႆာ ေစ်းႏႈန္းသည္က်ပ္ ၅၇၀ မွ က်ပ္ ၅၉၅ အထိ ေပါက္ေစ်းရွိေနသည္။

 

Source: 7 days new

 

ပြောင်းခြံများကို တရုတ်ဝယ်လက်များ ပုတ်ပြတ်ဝယ်ယူနေ၍ တိရစ္ဆာန်အစာအတွက် ပြောင်းလိုအပ်ချက် များပြားနေ
 ပြောင်းခြံများကိုတရုတ် နိုင်ငံသားများက ပုတ်ပြတ်ဝယ်ယူ နေ၍ တိရစ္ဆာန်အစာအတွက် ပြောင်းလိုအပ် ချက်များ ဖြစ်ပေါ်နေပြီး ပြည်ပမှ တင်သွင်းမှုများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောသည်။
တရုတ်က ပုတ်ပြတ်ဝယ်ယူနေမှုကြောင့် ပြောင်းစျေးများမြင့် တက်နေပြီး တိရစ္ဆာန်အစာထုတ် လုပ်ရောင်းချသူများက ပြည်ပမှ ပြောင်းတင်သွင်းရန် စိတ်ဝင်စားနေကြောင်း ၎င်းကဆိုသည်။
‘‘အရင်ကလည်း တရုတ်ဘက်က ၀ယ်ယူမှုရှိတယ်။ ဒါပေမဲ့ မန္တလေးဘက်ကနေ ပွဲစားက တစ်ဆင့်ဝယ်တာ။ အခုက သူတို့ က ကိုယ်တိုင်တိုက်ရိုက်ဆင်းပြီး ခြံတွေက ပုတ်ပြတ်ဝယ်နေတာ။ ရေရှည်ဆိုရင် အဘက်ဘက်က နစ်နာမှုတွေဖြစ်လာနိုင်တယ်။ အ ခုဆို အရင်က ပဲဖတ်၊ နှမ်းဖတ် တိရစ္ဆာန်ကျွေးဖို့ရှိတယ်။ အခုဆို တရုတ်ဘက်က မြေပဲရသ လောက်ဝယ်နေတော့ ဆီစက်ပိုင် ရှင်တွေ ဆီကြိတ်ဖို့မြေပဲမရှိတော့ ဘူး။ အဲဒီလိုပဲ တိရစ္ဆာန်အစာ ကျွေးဖို့ ပဲဖတ်၊နှမ်းဖတ်မရှိတော့ဘူး’’ ဟု ဒေါက်တာ သက်မှူးက ဆိုသည်။
မြန်မာနိုင်ငံ ငါးပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်း အစည်းအဝေးတွင် ပြောင်း တင်သွင်းရန် စဉ်းစားနေကြောင်း တင်ပြလာသည့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် စက်ရုံပိုင်ရှင် ၁၅ ဦးခန့်ရှိကြောင်း ၎င်းက ပြော သည်။
မတ်လတွင် ဧရာဝတီတိုင်း ဒေသကြီးမှ ပြောင်းဖူးများ ထွက်ရှိ မည်ဖြစ်ပြီး ပုံမှန်အားဖြင့် ယင်းအ ချိန်တွင် ပြောင်းစျေးအနည်းငယ် ကျတတ်သော်လည်း ယခုနှစ်တွင် ပြည်တွင်းပြောင်းများ လုံလောက် မှုမရှိသဖြင့် စျေးကျမည်မဟုတ် ဟု မြန်မာနိုင်ငံ ငါးပုစွန်အစာ ထုတ်လုပ်ရောင်းချသူများ အ သင်းက ခန့်မှန်းထားသည်။
ပုံမှန်အားဖြင့် ဧပြီကုန်မှသာ ပြောင်းစျေးများမြင့်တက် လာမည်ဖြစ်သော်လည်း လက် ရှိ၌ ယခုကတည်းက ပြောင်းစျေးများ မြင့်တက်နေကြောင်း ဒေါက်တာ သက်မှူးက ဆိုသည်။
ပြောင်းဆန်တစ်ပိဿာစျေး နှုန်းသည်ယခင်နှစ် ဖေဖော်ဝါရီက ၂၅၀ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်ဖေဖော်ဝါရီတွင် ကျပ် ၄၅၀ မှ ကျပ် ၆၀၀ ခန့်အထိပေါက် စျေးရှိနေကြောင်း ၎င်းက ဆို သည်။
လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဒိုင်၌ ပြောင်းဆန်တစ်ပိဿာ စျေးနှုန်းသည်ကျပ် ၅၇၀ မှ ကျပ် ၅၉၅ အထိ ပေါက်စျေးရှိနေသည်။
Source: 7 days new

 

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(1 Vote)