Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


METRO အရောင်းပြခန်းအသစ်အား ရန်ကုန်မြို့လယ်တွင် စတင်ဖွင့်လှစ်

Unicode

METRO အရောင်းပြခန်းအသစ်အား ရန်ကုန်မြို့လယ်တွင် စတင်ဖွင့်လှစ်


မြန်မာနိုင်ငံ၏ ထိပ်တန်း အစားအသောက်နှင့် အခြား အရည်အသွေးမြင့်ကုန်ပစ္စည်းများ လက်ကားရောင်းဝယ်ရေး ကုမ္ပဏီဖြစ်သော METRO Wholesale Myanmar ၏ အရောင်းပြခန်းအသစ်နှင့် ရုံးချုပ်အသစ်အား အမှတ် (၂၂/၂၄)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ တွင် ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ အရောင်းပြခန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက် တည်ခင်းဧည့်ခံပေးသော (HoReCa) ဝန်ဆောင်မှုပေးသည့် customer များ၊ လုပ်ငန်းများနှင့် နီးစပ်သော ရန်ကုန်မြို့လယ် အချက်အချာ ကျသည့် နေရာတွင်တည်ရှိပြီး METRO ၏ အမျိုးအစား စုံလင်လှ သည့် အစားအသောက်နှင့် အခြား အရည်သွေးမြင့် ကုန်ပစ္စည်းများ ပြသထားမည်ဖြစ်သည်။


တင်သွင်းလာသောကုန်ပစ္စည်းများကိုခေတ်မီစက်ကိရိယာများဖြင့် ကြပ်မတ်စွာစစ်ဆေးပြီး အရည်အသွေးနှင့် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ လက်ခံ၊ သိုလှောင်၊ ပြုပြင်၊ ထုတ်ပိုးပေး လျက်ရှိသည့် သီလဝါ အထူးစီးပွားရေး စက်မှုဇုန်တွင်တည်ရှိသော METRO ၏ ခေတ်မီ သိုလှောင်ရုံသစ် စတင် ဖွင့်လှစ်ခဲ့ပြီး လအနည်းငယ်ကြာတွင် အရောင်းပြခန်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တမူထူးခြားစွာ ဝန်ဆောင်မှုပေးလျက်ရှိသည့် METRO ၏  နောက်ဆုံးပေါ် နည်းပညာနှင့် တစ်နေရာတည်းတွင် စုံလင်စွာ ဝယ်ယူရရှိနိုင်သည့် ခေတ်မီ one-stop-shop ဝန်ဆောင်မှုများကို HoReCa လုပ်ငန်းနယ်ပယ်အတွင်း အားပေးထောက်ပံမှုများ ရရှိခဲ့ပြီး ဝယ်လိုအားမြင့်တက်လာခဲ့သောကြောင့် ဝယ်ယူအားပေးသူ အရေအတွက် သုံးဆ အထိ တိုးတက်လာခဲ့သည်။

 

Duty Free Shops Duty Free ပစၥည္းမ်ားဝယ္ယူႏုုိင္သည့္ဆိုုင္ေပါင္း (၂) ခုကိုရွာရန္ႏွိပ္ပါ။


"METRO အနေနဲ့ မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးရာမှာ ပံ့ပိုးကူညီပေးနိုင်တဲ့ ပြည်တွင်းဈေးကွက်ရဲ့ ဦးဆောင်သူ တစ်ဦး ဖြစ်လာစေဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ကျွန်တော်တို့ရဲ့ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ အစားအသောက် တည်ခင်းဧည့်ခံပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ (HoReCa) အပါအဝင် ကုန်သွယ်ရေး လုပ်ငန်းနယ်ပယ်က ဝယ်ယူအားပေးသူတွေဆီကနေ ကောင်းမွန်တဲ့မှတ်ချက်တွေ လက်ခံရရှိခဲ့လို့ ဂုဏ်ယူရသလို ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့ကြီးတွေက ပိုပြီး များပြားလာတဲ့ စားသုံးသူတွေကို ဝန်ဆောင်မှုပေးရတဲ့ အတွက်လည်း ဝမ်းမြောက်မိပါတယ်။ မကြာခင်မှာလည်း မန္တလေးမြို့မှာ နောက်ထပ် အရောင်းပြခန်းဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီ ဖြစ်လို့ ကျွန်တော်တို့ရဲ့ တိုးတက်မှုတွေက အရှိန်အဟုန်နဲ့ ဆက်ပြီးမြင့်တက်နေမှာ ဖြစ်ပါတယ်။” ဟု ယနေ့ ကျင်းပသော အရောင်းပြခန်းဖွင့်ပွဲအခမ်းအနားတွင် METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel ကပြောသည်။

METRO ၏ အရောင်းပြခန်းအသစ်တွင် ဝယ်ယူသူများသည် များပြားစုံလင်လှသော ပြည်ပမှ တင်သွင်းထားသည့် အရည်သွေးမြင့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းထုတ် ကုန်ပစ္စည်းများကို ကိုယ်တိုင်လာရောက် ကြည့်ရှုလေ့လာပြီး အဆင်ပြေလွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်မည် ဖြစ်သည်။ တစ်စထက်တစ်စ မြင့်တက်လာသည့် METRO မှ ဝယ်ယူ အားပေးသူများ၏ တောင်းဆိုမှုအရ မတ်လမှစတင်ပြီး METRO မှ ဖြန်ချိသည့် ကုန်ပစ္စည်းများကို (၅၀) ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးခဲ့ပြီး အခုအချိန်တွင် ဟင်းသီးဟင်းရွက်များ၊  အသားငါးများ၊ ပင်လယ်စာများ၊ ဖျော်ရည်များ၊ ခေတ်မီ အအေးခန်းတွင် သိုလှောင်ထားသည့် အစားအသောက်များ၊ စည်သွပ်ဗူးနှင့် ကုန်ခြောက်များ၊ ဝိုင်နှင့် ချိစ်များ၊ METRO ကိုယ်ပိုင်အမှတ်တံဆိပ် ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးကုန်ပစ္စည်းများနှင့် တကိုယ်ရည်သုံး ပစ္စည်းများ စသည်ဖြင့် ကုန်ပစ္စည်းပေါင်း (၃,၀၀၀) ကျော်ကို တစ်နေရာထဲတွင် ဈေးနှုန်းသင့်တင်စွာဖြင့် ဝယ်ယူနိုင်သည်။ METRO အနေဖြင့် (၇၅) ရာခိုင်နှုန်းသော ကုန်ပစ္စည်းများကို ပြည်တွင်းမှ ရယူရန်ရည်ရွယ်ထားခြင်ဖြင့် ဒေသခံ စားသောက်ကုန် ထုတ်လုပ်သူများ၏ စီးပွားရေးလုပ်ငန်းများ ပိုမို တိုးတက်စေရန် ကူညီထောက်ပံ့ပေးလျက်ရှိပြီး ၎င်းတို့၏ ထုတ်လုပ်ဖြန့်ချိရေးစံချိန်စံညွှန်းများကို နိုင်ငံတကာအဆင့်မီစေရန်  မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။


METRO သည် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချ e-commerce နှင့် စားသောက်ကုန် ပို့ဆောင်ဖြန့်ဖြူးရေး ဝန်ဆောင်မှု (FSD) တို့၏ စွမ်းဆောင်ရည်များကို ပေါင်းစပ်အသုံးပြု၍ ခေတ်မီ ထိပ်တန်းစီးပွားရေးဈေးကွက် တစ်ခုကို အကောင်အထည်ဖော်ခြင်းဖြင့် ပြည်တွင်း စားသောက်ကုန် အရည်အသွေး၊ စောင့်ကြည့်စစ်ဆေးနိုင်မှု၊ သန့်ရှင်းလတ်ဆတ်မှုနှင့် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းမှုတို့၏ စံချိန်စံညွှန်းများကို မြှင့်တင်ပေးနိုင်  သောကြောင့် METRO ၏ ဝယ်ယူအားပေးသူများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။ METRO ၏ ဝက်ဘ်ဆိုက် (သို့မဟုတ်) မိုဘိုင်းအက်ပလီကေးရှင်း ပလက်ဖောင်းများတွင် ကုန်ပစ္စည်းတစ်မျိုး မှာယူလိုက်သည်နှင့်တစ်ပြိုင်နက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ခေတ်မီ အပူချိန်ထိန်း ကုန်တင်ကား များဖြင့် ထောက်ပို့ ဝန်ဆောင်မှုပေးနိုင်သော ပြင်ပ ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။


မကြာသေးမီက METRO Wholesale Myanmar သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီး  မြုပ်နှံမှု လက်ကားရောင်းဝယ်ရေး ကုမ္ပဏီအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု သိပ္ပံနည်းကျ အစားအသောက်နှင့်  ဘေးဥပါဒ်ကင်းရှင်းမှုစနစ် (HACCP) အသိမှတ်ပြု လက်မှတ်ရရှိခဲ့ပါသည်။ အဆိုပါ အသိမှတ်ပြုလက်မှတ်သည် သီလဝါအထူးစီးပွားရေးဇုန်ရှိ METRO ကုန်ပစ္စည်း သိုလှောင်ရုံတွင် အသုံးပြုသည့် စက်ပစ္စည်းကရိယာများနှင့် လုပ်ငန်းလုပ်ဆောင်မှု အဆင့်အဆင့်စီမံခန့်ခွဲမှုများကို အသေးစိတ် စိစစ်ပြီးနောက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။


Mr. Jens Michel မှ “ကုန်ပစ္စည်းပံ့ပိုးသူတွေ၊ လုပ်ငန်းမိတ်ဖက်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး ကျွန်တော်တို့ရဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဘေးအန္တရာယ်ကင်းရှင်းဖို့  မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းတွေကို ဒီထက်ပိုပြီး အဆင့်မြှင့်တင်သွားဖို့ ကြိုးစား လုပ်ဆောင်သွားမှာပါ။ ဒီ ကြိုးစားလုပ်ဆောင်မှုတွေမှာ HACCP သင်တန်းတွေ အပါအဝင် လာမယ့်နှစ်တွေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက စားသောက်ကုန် ထုတ်လုပ်သူတွေနဲ့ စိုက်ပျိုးမွေးမြူသူတွေအတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး မွမ်းမံသင်တန်းတွေကို ဆက်လက်ပို့ချသွားမှာပါ။” ဟု ထပ်လောင်းပြောကြားသည်။


Read More >>>>>  ေျမပဲဆန္ေစ်းႏႈန္းမ်ား က်ဆင္းေနသကဲ႕သို႕ ေျမပဲဆီသန္႕ ေစ်းႏႈန္းမ်ားလည္း က်ဆင္း


METRO Wholesale Myanmar ၏ အရောင်းပြခန်းနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် တစ်ခါသုံး ပလတ်စတစ်အသုံးပြုခြင်းအား တဖြေးဖြေးလျှော့ချ အဆုံးသတ်ကာ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းမှ ပြန်လည်အသုံးချနိုင်သည့် သို့မဟုတ် ပလတ်စတစ်အစားထိုးနိုင်သည့် ပစ္စည်းများအသုံးပြုခြင်းတို့ဖြင့် အစားထိုးသွားရန်အတွက် METRO ၏ ပလတ်စတစ်အသုံးပြုမှု  လျှော့ချရေးအစီအစဉ်တစ်ခု ပြုလုပ်ကျင့်သုံးလျက် ရှိပါသည်။ ထိုကနဦး လှုပ်ရှားမှုသည် ၂၀၂၅ ခုနှစ်တွင် ပလတ်စတစ်အသုံးပြုခြင်းအား သိသိသာသာလျှော့ချရန် ရည်မှန်းထား သည့် METRO ၏ တစ်ကမ္ဘာလုံးဆိုင်ရာ မိမိဆန္ဒအလျောက် ချမှတ်ထားသည့် ကတိကဝတ်တစ်ခု၏ အစိတ် အပိုင်းတစ်ခု ဖြစ်ပါသည်။


#Myanmar Food Industry Directory

#METRO

 

 

ရန္ကုန္၊ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔ 

METRO အေရာင္းျပခန္းအသစ္အား ရန္ကုန္ၿမိဳ႕လယ္တြင္ စတင္ဖြင့္လွစ္

 

ျမန္မာနိုင္ငံ၏ ထိပ္တန္း အစားအေသာက္ႏွင့္ အျခား အရည္အေသြးျမင့္ကုန္ပစၥည္းမ်ား လက္ကားေရာင္းဝယ္ေရး ကုမၸဏီျဖစ္ေသာ METRO Wholesale Myanmar ၏ အေရာင္းျပခန္းအသစ္ႏွင့္ ႐ုံးခ်ဳပ္အသစ္အား အမွတ္ (၂၂/၂၄)၊ ေယာမင္းႀကီးလမ္း၊ ဒဂုံၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ တြင္ ယေန႔ စတင္ဖြင့္လွစ္လိုက္ၿပီ ျဖစ္ပါသည္။ အဆိုပါ အေရာင္းျပခန္းသည္ ဟိုတယ္၊ စားေသာက္ဆိုင္ႏွင့္ အစားအေသာက္ တည္ခင္းဧည့္ခံေပးေသာ (HoReCa) ဝန္ေဆာင္မႈေပးသည့္ customer မ်ား၊ လုပ္ငန္းမ်ားႏွင့္ နီးစပ္ေသာ ရန္ကုန္ၿမိဳ႕လယ္ အခ်က္အခ်ာ က်သည့္ ေနရာတြင္တည္ရွိၿပီး METRO ၏ အမ်ိဳးအစား စုံလင္လွ သည့္ အစားအေသာက္ႏွင့္ အျခား အရည္ေသြးျမင့္ ကုန္ပစၥည္းမ်ား ျပသထားမည္ျဖစ္သည္။

 

တင္သြင္းလာေသာကုန္ပစၥည္းမ်ားကိုေခတ္မီစက္ကိရိယာမ်ားျဖင့္ ၾကပ္မတ္စြာစစ္ေဆးၿပီး အရည္အေသြးႏွင့္ စားေသာက္ကုန္ ေဘးအႏၲရာယ္ ကင္းရွင္းေရး စံခ်ိန္စံညႊန္းမ်ားႏွင့္အညီ လက္ခံ၊ သိုေလွာင္၊ ျပဳျပင္၊ ထုတ္ပိုးေပး လ်က္ရွိသည့္ သီလဝါ အထူးစီးပြားေရး စက္မႈဇုန္တြင္တည္ရွိေသာ METRO ၏ ေခတ္မီ သိုေလွာင္႐ုံသစ္ စတင္ ဖြင့္လွစ္ခဲ့ၿပီး လအနည္းငယ္ၾကာတြင္ အေရာင္းျပခန္းသစ္ကို ဖြင့္လွစ္နိုင္ခဲ့ျခင္း ျဖစ္ပါသည္။ ျမန္မာနိုင္ငံတြင္ တမူထူးျခားစြာ ဝန္ေဆာင္မႈေပးလ်က္ရွိသည့္ METRO ၏  ေနာက္ဆုံးေပၚ နည္းပညာႏွင့္ တစ္ေနရာတည္းတြင္ စုံလင္စြာ ဝယ္ယူရရွိနိုင္သည့္ ေခတ္မီ one-stop-shop ဝန္ေဆာင္မႈမ်ားကို HoReCa လုပ္ငန္းနယ္ပယ္အတြင္း အားေပးေထာက္ပံမႈမ်ား ရရွိခဲ့ၿပီး ဝယ္လိုအားျမင့္တက္လာခဲ့ေသာေၾကာင့္ ဝယ္ယူအားေပးသူ အေရအတြက္ သုံးဆ အထိ တိုးတက္လာခဲ့သည္။

 

Duty Free Shops Duty Free ပစၥည္းမ်ားဝယ္ယူႏုုိင္သည့္ဆိုုင္ေပါင္း (၂) ခုကိုရွာရန္ႏွိပ္ပါ။

 

"METRO အေနနဲ႔ ျမန္မာနိုင္ငံမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ၊ စြန႔္ဦးတီထြင္လုပ္ငန္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ ကို ေရရွည္ဖြံ့ၿဖိဳးတိုးတက္ေအာင္ ျမႇင့္တင္ေပးရာမွာ ပံ့ပိုးကူညီေပးနိုင္တဲ့ ျပည္တြင္းေဈးကြက္ရဲ့ ဦးေဆာင္သူ တစ္ဦး ျဖစ္လာေစဖို႔ သႏၷိ႒ာန္ခ်ထားပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ ဟိုတယ္၊ စားေသာက္ဆိုင္နဲ႔ အစားအေသာက္ တည္ခင္းဧည့္ခံေပးတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြ (HoReCa) အပါအဝင္ ကုန္သြယ္ေရး လုပ္ငန္းနယ္ပယ္က ဝယ္ယူအားေပးသူေတြဆီကေန ေကာင္းမြန္တဲ့မွတ္ခ်က္ေတြ လက္ခံရရွိခဲ့လို႔ ဂုဏ္ယူရသလို ရန္ကုန္၊ မႏၲေလး နဲ႔ ေနျပည္ေတာ္ၿမိဳ႕ႀကီးေတြက ပိုၿပီး မ်ားျပားလာတဲ့ စားသုံးသူေတြကို ဝန္ေဆာင္မႈေပးရတဲ့ အတြက္လည္း ဝမ္းေျမာက္မိပါတယ္။ မၾကာခင္မွာလည္း မႏၲေလးၿမိဳ႕မွာ ေနာက္ထပ္ အေရာင္းျပခန္းဖြင့္လွစ္နိုင္ဖို႔ စီစဥ္ေနၿပီ ျဖစ္လို႔ ကၽြန္ေတာ္တို႔ရဲ့ တိုးတက္မႈေတြက အရွိန္အဟုန္နဲ႔ ဆက္ၿပီးျမင့္တက္ေနမွာ ျဖစ္ပါတယ္။” ဟု ယေန႔ က်င္းပေသာ အေရာင္းျပခန္းဖြင့္ပြဲအခမ္းအနားတြင္ METRO Wholesale Myanmar ၏ CEO ျဖစ္သူ Mr. Jens Michel ကေျပာသည္။

 

METRO ၏ အေရာင္းျပခန္းအသစ္တြင္ ဝယ္ယူသူမ်ားသည္ မ်ားျပားစုံလင္လွေသာ ျပည္ပမွ တင္သြင္းထားသည့္ အရည္ေသြးျမင့္ ကုန္ပစၥည္းမ်ားႏွင့္ ျပည္တြင္းထုတ္ ကုန္ပစၥည္းမ်ားကို ကိုယ္တိုင္လာေရာက္ ၾကည့္ရႈေလ့လာၿပီး အဆင္ေျပလြယ္ကူစြာ ရွာေဖြဝယ္ယူနိုင္မည္ ျဖစ္သည္။ တစ္စထက္တစ္စ ျမင့္တက္လာသည့္ METRO မွ ဝယ္ယူ အားေပးသူမ်ား၏ ေတာင္းဆိုမႈအရ မတ္လမွစတင္ၿပီး METRO မွ ျဖန္ခ်ိသည့္ ကုန္ပစၥည္းမ်ားကို (၅၀) ရာခိုင္ႏႈန္း အထိ တိုးျမႇင့္ေပးခဲ့ၿပီး အခုအခ်ိန္တြင္ ဟင္းသီးဟင္းရြက္မ်ား၊  အသားငါးမ်ား၊ ပင္လယ္စာမ်ား၊ ေဖ်ာ္ရည္မ်ား၊ ေခတ္မီ အေအးခန္းတြင္ သိုေလွာင္ထားသည့္ အစားအေသာက္မ်ား၊ စည္သြပ္ဗူးႏွင့္ ကုန္ေျခာက္မ်ား၊ ဝိုင္ႏွင့္ ခ်ိစ္မ်ား၊ METRO ကိုယ္ပိုင္အမွတ္တံဆိပ္ ကုန္ပစၥည္းမ်ား၊ မီးဖိုေခ်ာင္သုံးကုန္ပစၥည္းမ်ားႏွင့္ တကိုယ္ရည္သုံး ပစၥည္းမ်ား စသည္ျဖင့္ ကုန္ပစၥည္းေပါင္း (၃,၀၀၀) ေက်ာ္ကို တစ္ေနရာထဲတြင္ ေဈးႏႈန္းသင့္တင္စြာျဖင့္ ဝယ္ယူနိုင္သည္။ METRO အေနျဖင့္ (၇၅) ရာခိုင္ႏႈန္းေသာ ကုန္ပစၥည္းမ်ားကို ျပည္တြင္းမွ ရယူရန္ရည္ရြယ္ထားျခင္ျဖင့္ ေဒသခံ စားေသာက္ကုန္ ထုတ္လုပ္သူမ်ား၏ စီးပြားေရးလုပ္ငန္းမ်ား ပိုမို တိုးတက္ေစရန္ ကူညီေထာက္ပံ့ေပးလ်က္ရွိၿပီး ၎တို႔၏ ထုတ္လုပ္ျဖန႔္ခ်ိေရးစံခ်ိန္စံညႊန္းမ်ားကို နိုင္ငံတကာအဆင့္မီေစရန္  ျမႇင့္တင္ေဆာင္ရြက္လ်က္ရွိပါသည္။

 

METRO သည္ ဒစ္ဂ်စ္တယ္နည္းပညာ အသုံးခ် e-commerce ႏွင့္ စားေသာက္ကုန္ ပို႔ေဆာင္ျဖန႔္ျဖဴးေရး ဝန္ေဆာင္မႈ (FSD) တို႔၏ စြမ္းေဆာင္ရည္မ်ားကို ေပါင္းစပ္အသုံးျပဳ၍ ေခတ္မီ ထိပ္တန္းစီးပြားေရးေဈးကြက္ တစ္ခုကို အေကာင္အထည္ေဖာ္ျခင္းျဖင့္ ျပည္တြင္း စားေသာက္ကုန္ အရည္အေသြး၊ ေစာင့္ၾကည့္စစ္ေဆးနိုင္မႈ၊ သန႔္ရွင္းလတ္ဆတ္မႈႏွင့္ စားေသာက္ကုန္ ေဘးအႏၲရာယ္ ကင္းရွင္းမႈတို႔၏ စံခ်ိန္စံညႊန္းမ်ားကို ျမႇင့္တင္ေပးနိုင္  ေသာေၾကာင့္ METRO ၏ ဝယ္ယူအားေပးသူမ်ားအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိနိုင္မည္ ျဖစ္ပါသည္။ METRO ၏ ဝက္ဘ္ဆိုက္ (သို႔မဟုတ္) မိုဘိုင္းအက္ပလီေကးရွင္း ပလက္ေဖာင္းမ်ားတြင္ ကုန္ပစၥည္းတစ္မ်ိဳး မွာယူလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းစဥ္မ်ားကို ေခတ္မီ အပူခ်ိန္ထိန္း ကုန္တင္ကား မ်ားျဖင့္ ေထာက္ပို႔ ဝန္ေဆာင္မႈေပးနိုင္ေသာ ျပင္ပ ကုမၸဏီတစ္ခုမွတစ္ဆင့္ ေဆာင္ရြက္ေပးမည္ ျဖစ္ပါသည္။

 

မၾကာေသးမီက METRO Wholesale Myanmar သည္ ျမန္မာနိုင္ငံတြင္ ပထမဦးဆုံး နိုင္ငံျခား တိုက္ရိုက္ရင္းႏွီး  ျမဳပ္ႏွံမႈ လက္ကားေရာင္းဝယ္ေရး ကုမၸဏီအျဖစ္ နိုင္ငံတကာ အသိအမွတ္ျပဳ သိပၸံနည္းက် အစားအေသာက္ႏွင့္  ေဘးဥပါဒ္ကင္းရွင္းမႈစနစ္ (HACCP) အသိမွတ္ျပဳ လက္မွတ္ရရွိခဲ့ပါသည္။ အဆိုပါ အသိမွတ္ျပဳလက္မွတ္သည္ သီလဝါအထူးစီးပြားေရးဇုန္ရွိ METRO ကုန္ပစၥည္း သိုေလွာင္႐ုံတြင္ အသုံးျပဳသည့္ စက္ပစၥည္းကရိယာမ်ားႏွင့္ လုပ္ငန္းလုပ္ေဆာင္မႈ အဆင့္အဆင့္စီမံခန႔္ခြဲမႈမ်ားကို အေသးစိတ္ စိစစ္ၿပီးေနာက္ ရရွိခဲ့ျခင္း ျဖစ္ပါသည္။

 

Mr. Jens Michel မွ “ကုန္ပစၥည္းပံ့ပိုးသူေတြ၊ လုပ္ငန္းမိတ္ဖက္ေတြ၊ အစိုးရတာဝန္ရွိသူေတြနဲ႔ အတူတကြ ပူးေပါင္းလုပ္ေဆာင္ၿပီး ကၽြန္ေတာ္တို႔ရဲ့ စားေသာက္ကုန္ပစၥည္းေတြကို ေဘးအႏၲရာယ္ကင္းရွင္းဖို႔  ျမန္မာနိုင္ငံရဲ့ စားေသာက္ကုန္ ေဘးအႏၲရာယ္ကင္းရွင္းေရး စံခ်ိန္စံညႊန္းေတြကို ဒီထက္ပိုၿပီး အဆင့္ျမႇင့္တင္သြားဖို႔ ႀကိဳးစား လုပ္ေဆာင္သြားမွာပါ။ ဒီ ႀကိဳးစားလုပ္ေဆာင္မႈေတြမွာ HACCP သင္တန္းေတြ အပါအဝင္ လာမယ့္ႏွစ္ေတြမွာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အသီးသီးက စားေသာက္ကုန္ ထုတ္လုပ္သူေတြနဲ႔ စိုက္ပ်ိဳးေမြးျမဴသူေတြအတြက္ သီးႏွံစိုက္ပ်ိဳး ထုတ္လုပ္ေရး မြမ္းမံသင္တန္းေတြကို ဆက္လက္ပို႔ခ်သြားမွာပါ။” ဟု ထပ္ေလာင္းေျပာၾကားသည္။

 

Read More >>>>>  ေျမပဲဆန္ေစ်းႏႈန္းမ်ား က်ဆင္းေနသကဲ႕သို႕ ေျမပဲဆီသန္႕ ေစ်းႏႈန္းမ်ားလည္း က်ဆင္း

 

METRO Wholesale Myanmar ၏ အေရာင္းျပခန္းႏွင့္ လုပ္ငန္းေဆာင္ရြက္မႈ အဆင့္ဆင့္တြင္ တစ္ခါသုံး ပလတ္စတစ္အသုံးျပဳျခင္းအား တေျဖးေျဖးေလၽွာ့ခ် အဆုံးသတ္ကာ ျပန္လည္အသုံးျပဳနိုင္သည့္ စြန႔္ပစ္ပစၥည္းမွ ျပန္လည္အသုံးခ်နိုင္သည့္ သို႔မဟုတ္ ပလတ္စတစ္အစားထိုးနိုင္သည့္ ပစၥည္းမ်ားအသုံးျပဳျခင္းတို႔ျဖင့္ အစားထိုးသြားရန္အတြက္ METRO ၏ ပလတ္စတစ္အသုံးျပဳမႈ  ေလၽွာ့ခ်ေရးအစီအစဥ္တစ္ခု ျပဳလုပ္က်င့္သုံးလ်က္ ရွိပါသည္။ ထိုကနဦး လႈပ္ရွားမႈသည္ ၂၀၂၅ ခုႏွစ္တြင္ ပလတ္စတစ္အသုံးျပဳျခင္းအား သိသိသာသာေလၽွာ့ခ်ရန္ ရည္မွန္းထား သည့္ METRO ၏ တစ္ကမၻာလုံးဆိုင္ရာ မိမိဆႏၵအေလ်ာက္ ခ်မွတ္ထားသည့္ ကတိကဝတ္တစ္ခု၏ အစိတ္ အပိုင္းတစ္ခု ျဖစ္ပါသည္။

 

#Myanmar Food Industry Directory

#METRO

 

Opening of the New METRO Wholesale Myanmar Showroom Credit to METRO

METRO Wholesale Myanmar Executives Credit to METRO

 

Read times Last modified on Tuesday, 18 February 2020 10:00
Rate this item
(1 Vote)