Food & Livestock



အာရှ ပို့ကုန်ဆန်ဈေးနှုန်း ၂ နှစ်တာတွင် အမြင့်ဆုံးသို့ ရောက်ရှိ

အာရှ ပို့ကုန်ဆန်ဈေးနှုန်း ၂ နှစ်တာတွင် အမြင့်ဆုံးသို့ ရောက်ရှိ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

အာရှတိုက်တွင် ခြောက်သွေ့သော ရာသီဥတုကြောင့် စပါးထွက်ရှိမှုကို ထိခိုက်နိုင်ဖွယ်ရှိသည်။

ဝယ်လက်များက ဆန်ဝယ်မရ ဖြစ်မည်ကို စိုးရိမ်ပူပန်မှုများဖြင့် ဆန်ဝယ်ယူတင်သွင်းနေကြသည်။

.

 ၅%ဆန်ကွဲပါ ထိုင်းဆန်ဖြူ ပြီးခဲ့သည့် ၄ လအတွင်း ၁၅% မြင့်တက်ခဲ့ပြီး ခေါ်ဈေး တစ်တန်လျှင် $535 သို့ ရောက်ရှိလာသည်။

 ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။ 

.

 ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse ၏ ပြောကြားချက်အရ ပထမနှစ်ဝက်တွင် တန်ချိန် ၄ ဒသမ ၁ သန်း တင်ပို့ခဲ့ပြီးနောက် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဆန်တန်ချိန် ၄ ဒသမ ၅ သန်းခန့် တင်ပို့ရန် အခွင့်အလမ်းကောင်းရှိနေသည်

.

အယ်လ်နီညို အခြေအနေများသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပစိဖိတ်ဒေသ အပူပိုင်းဒေသတွင် ဖြစ်ပေါ်လာခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ World Meteorological Organization (WMO) ၏ ပြောကြားချက်အရ နောက်ဆက်တွဲအဖြစ် အရှေ့တောင်အာရှတွင် မိုးခေါင်ရေရှားမှု ဖြစ်ပွားနိုင်သည်။ 

.

မုတ်သုံမိုးရွာသွန်းမှုကြောင့် ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယမှ စပါးစိုက်ခင်းများတွင် အများစုမှာ သက်သာရာရစေခဲ့သည်။

.

ခြောက်သွေ့သော ရာသီဥတု အခြေအနေများသည် ဆန် ဒုတိယအများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံမှ ကောက်ပဲသီးနှံများကို ထိခိုက်နိုင်သည်။ 

အစိုးရက ယခုနှစ်တွင် စပါး တစ်ကြိမ်သာ တသီးစား စိုက်ပျိုးကြရန် တောင်သူများကို ပြောကြားထားသည်။

.

ဆန်တင်သွင်းရသည့် နိုင်ငံများသည် ဆန်တင်သွင်းပြီး အရန်ဆန် သိုလှောင်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဗီယက်နမ်ဆန်ကို ဖိလစ်ပိုင်၊ တရုတ်နှင့် အင်ဒိုနီးရှားတို့ ဝယ်ယူတင်သွင်းမှု မြင့်မားနေသည်။

.

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံမှ ဝယ်ယူမှုများပြားခြင်းကြောင့် ဈေးကွက်ထဲ ဆန်ဈေး ပိုမိုမြင့်မားလာ‌ခဲ့ပါသည်။

Source bangkokpost 

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Thursday, 13 July 2023 23:00
Rate this item
(0 votes)