Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိႏၵိယအစိုးရ၏ ပဲတင္သြင္းမႈ မူဝါဒ မေသခ်ာ၍ ျပည္တြင္းပဲေစ်းက်ဆင္း

အိႏိၵယအစိုးရ၏ ပဲတင္သြင္းမႈ မူဝါဒ မေရရာမႈေၾကာင့္ ျပည္တြင္းပဲေစ်းကြက္တြင္ မတ္ပဲ ႏွင့္

ပဲစင္းငံုေစ်းႏႈန္း ၇ ရာခိုင္ႏႈန္းခန္႔ က်ဆင္းေၾကာင္း ျပည္တြင္း ပဲကုန္သည္မ်ားက ေျပာသည္။

 

အိႏၵိယအစိုးရ၏ ပဲတင္သြင္းမႈ မူဝါဒ မေသခ်ာမႈႏွင့္ ျမန္မာႏိုင္ငံ မတ္ပဲႏွင့္ ပဲစင္းငံုဝယ္ယူေနသည့္ နီေပါ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔အပါအဝင္ ျပည္ပႏိုင္ငံမ်ား၏ ဝယ္လိုအား ေလ်ာ့က်ျခင္းကလည္း ျပည္တြင္းပဲေစ်းႏႈန္းကို က်ဆင္းေစသည့္ အခ်က္တစ္ခု ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ဳိးစံုႏွင့္ ႏွမ္းကုန္သည္အသင္း အတြင္းေရးမွဴး  ဦးမင္းကိုဦးက ေျပာသည္။ ‘‘ပဲေစ်းကြက္ကေတာ့ ဒီအခ်ိန္မွာ မွန္းလို႔ခက္ေနတယ္။ မတ္ပဲကလည္း အသစ္ေတြစဝင္လာၿပီ’’ဟု ဦးမင္းကိုဦးက ေျပာၾကားသည္။

 

လက္ရွိ ျပည္တြင္းေစ်းကြက္ တြင္ ေဖေဖာ္ဝါရီအတြင္း မတ္ပဲ ႏွင့္ ပဲစင္းငံုေစ်းႏႈန္း ပ်မ္းမွ် တစ္ တန္လွ်င္ က်ပ္သံုးေသာင္းခြဲ ေလ်ာ့က်ခဲ့သည္။ လက္ရွိ ျပည္ တြင္းေစ်းကြက္၌ မတ္ပဲ တစ္တန္ လွ်င္ ၅၇၅,၀၀၀ က်ပ္၊ ပဲစင္းငံု တစ္တန္လွ်င္ ၄၂၅,၀၀၀ က်ပ္ ေစ်းဖြင့္ေၾကာင္း ဘုရင့္ေနာင္ ပဲကုန္စည္ဒုိင္မွ ကုန္သည္တစ္ဦး က ေျပာသည္။

 

ျမန္မာႏိုင္ငံတြင္ စပါးသီးႏွံ ၿပီးလွ်င္ မတ္ပဲကို ေတာင္သူမ်ား က စိုက္ဧက အမ်ားဆံုး စိုက္ပ်ဳိးသည္။ တစ္ႏွစ္လွ်င္ ပံုမွန္ တန္ခ်ိန္ ေျခာက္သိန္းအထိ စိုက္ ပ်ဳိးထုတ္လုပ္ၿပီး ျပည္ပသို႔ ေရာင္း ခ်ျခင္းျဖင့္ ဝင္ေငြရွာေနရေသာ မတ္ပဲက ယခုႏွစ္တြင္ အိႏၵိယ ႏိုင္ငံမွ တင္သြင္းမႈ ကန္႔သတ္ခ်က္၊ ရာသီဥတုေၾကာင့္ ပိုးမႊားေရာဂါ ႏွင့္ ႂကြက္ဖ်က္ဆီးမႈ စသည္တို႔ကို ႀကံဳေတြ႕ ေနရသည္ဟု ဧရာဝတီ တိုင္းမွ မတ္ပဲစိုက္ပ်ဳိးသူ လယ္သမားအခ်ဳိ႕က ေျပာသည္။

 

‘‘ဒီႏွစ္က မတ္ပဲေစ်းမေကာင္းေတာ့ သိပ္ၿပီး အားမထည့္ဘူး။ ပံုမွန္အတိုင္းပဲ စိုက္တယ္’’ဟု ဧရာဝတီတိုင္း ေက်ာင္းကုန္းၿမိဳ႕ နယ္မွ လယ္သမားဦးျပဴးက ေျပာ သည္။ ျမန္မာႏိုင္ငံတြင္ ပဲစိုက္ပ်ဳိး ထုတ္လုပ္ၿပီး ျပည္ပတင္ပို႔မႈမွ တစ္ႏွစ္ဝင္ေငြ ကန္ေဒၚလာ တစ္ဘီလီယံေက်ာ္ ရရွိခဲ့ရာမွ ျပည္ပသို႔ ၂၀၁၇-၁၈ ဘ႑ာႏွစ္ တြင္ အိႏၵိယအစိုးရ၏ မူဝါဒ ေၾကာင့္ အခက္အခဲမ်ားစြာ ႀကံဳေတြ႕ခဲ့ရသည္။ ျပည္ပသို႔ ပဲတင္ပို႔ေနသည့္ ကုန္သည္မ်ား၊ ျပည္တြင္း ပဲကုန္သည္မ်ားသာမက အဓိက စိုက္ပ်ဳိးထုတ္လုပ္ေနသည့္ ေတာင္သူမ်ားအတြက္ဆံုး႐ံႈးမႈမ်ားစြာ ရွိေနသည္။

 

Source: 7 days new

 

Unicode ျဖင့္ ဖတ္ရန္

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု မူဝါဒ မသေချာ၍ ပြည်တွင်းပဲဈေးကျဆင်း

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု မူဝါဒ မရေရာမှုကြောင့် ပြည်တွင်းပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်း ၇ ရာခိုင်နှုန်းခန့် ကျဆင်းကြောင်း ပြည်တွင်း ပဲကုန်သည်များက ပြောသည်။

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု မူဝါဒ မသေချာမှုနှင့် မြန်မာနိုင်ငံ မတ်ပဲနှင့် ပဲစင်းငုံဝယ်ယူနေသည့် နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံများ၏ ဝယ်လိုအား လျော့ကျခြင်းကလည်း ပြည်တွင်းပဲဈေးနှုန်းကို ကျဆင်းစေသည့် အချက်တစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး  ဦးမင်းကိုဦးက ပြောသည်။ ‘‘ပဲဈေးကွက်ကတော့ ဒီအချိန်မှာ မှန်းလို့ခက်နေတယ်။ မတ်ပဲကလည်း အသစ်တွေစဝင်လာပြီ’’ဟု ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်းဈေးကွက် တွင် ဖေဖော်ဝါရီအတွင်း မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်း ပျမ်းမျှ တစ် တန်လျှင် ကျပ်သုံးသောင်းခွဲ လျော့ကျခဲ့သည်။ လက်ရှိ ပြည် တွင်းဈေးကွက်၌ မတ်ပဲ တစ်တန် လျှင် ၅၇၅,၀၀၀ ကျပ်၊ ပဲစင်းငုံ တစ်တန်လျှင် ၄၂၅,၀၀၀ ကျပ် ဈေးဖွင့်ကြောင်း ဘုရင့်နောင် ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦး က ပြောသည်။

မြန်မာနိုင်ငံတွင် စပါးသီးနှံ ပြီးလျှင် မတ်ပဲကို တောင်သူများ က စိုက်ဧက အများဆုံး စိုက်ပျိုးသည်။ တစ်နှစ်လျှင် ပုံမှန် တန်ချိန် ခြောက်သိန်းအထိ စိုက် ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ ရောင်း ချခြင်းဖြင့် ဝင်ငွေရှာနေရသော မတ်ပဲက ယခုနှစ်တွင် အိန္ဒိယ နိုင်ငံမှ တင်သွင်းမှု ကန့်သတ်ချက်၊ ရာသီဥတုကြောင့် ပိုးမွှားရောဂါ နှင့် ကြွက်ဖျက်ဆီးမှု စသည်တို့ကို ကြုံတွေ့ နေရသည်ဟု ဧရာဝတီ တိုင်းမှ မတ်ပဲစိုက်ပျိုးသူ လယ်သမားအချို့က ပြောသည်။

‘‘ဒီနှစ်က မတ်ပဲဈေးမကောင်းတော့ သိပ်ပြီး အားမထည့်ဘူး။ ပုံမှန်အတိုင်းပဲ စိုက်တယ်’’ဟု ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ နယ်မှ လယ်သမားဦးပြူးက ပြော သည်။ မြန်မာနိုင်ငံတွင် ပဲစိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပတင်ပို့မှုမှ တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့ရာမှ ပြည်ပသို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် အိန္ဒိယအစိုးရ၏ မူဝါဒ ကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ပြည်ပသို့ ပဲတင်ပို့နေသည့် ကုန်သည်များ၊ ပြည်တွင်း ပဲကုန်သည်များသာမက အဓိက စိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူများအတွက်ဆုံးရှုံးမှုများစွာ ရှိနေသည်။

 

 

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(0 votes)