Food & Livestock



ဆန်တန်ချိန် ၁ ဒသမ ၆ သန်း အင်ဒိုနီးရှား ပိုမိုတင်သွင်းခြင်းကြောင့် ဗီယက်နမ်ဆန် အခွင့်အလမ်း ကြီးမား

ဆန်တန်ချိန် ၁ ဒသမ ၆ သန်း အင်ဒိုနီးရှား ပိုမိုတင်သွင်းခြင်းကြောင့် ဗီယက်နမ်ဆန် အခွင့်အလမ်း ကြီးမား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၆ သန်း တိုးမြှင့်တင်သွင်းရန် စီစဉ်နေခြင်းကြောင့် ဗီယက်နမ်ဆန်တင်ပို့သူများကို အခွင့်အလမ်း ကြီးကြီးမားမား ရရှိစေကြောင်း  ဗီယက်နမ် ကုန်သွယ်မှုရုံးက ပြောကြားသည်။

 

တရားဝင်လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက ခွဲတမ်း ထပ်မံတိုးမြှင့်ပေးမည် ဖြစ်ပြီး သွင်းကုန်လိုင်စင်များ မကြာမီ ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း ကုန်သွယ်မှုရုံးက ပြောကြားသည်။

 

ယခုနှစ်တွင် အင်ဒိုနီးရှားသည် ဆန်တန်ချိန် စုစုပေါင်း ၃ ဒသမ ၆ သန်း တင်သွင်းမည် ဖြစ်သည်။

 

ဗီယက်နမ်ဆန် ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းအခွင့်အရေးကို အသုံးချနိုင်မည် ဖြစ်သော်လည်း  ဆန်တင်ပို့သည့် အခြားနိုင်ငံများနှင့် စျေးနှုန်းအရ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဗီယက်နမ်တွင် သင်္ဘောတင်သည့် ကြာမြင့်ချိန်  တိုတောင်းခြင်းနှင့် ဆန်အရည်အသွေးပိုင်းတွင် အားသာချက်များရှိသော်လည်း စျေးနှုန်းများမှာ မြင့်မားနေသည်။

သို့ဖြစ်ရာ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဈေးနှုန်းများဖြင့် ကမ်းလှမ်းခဲ့လျှင် ဗီယက်နမ်ဆန်ကို အင်ဒိုနီးရှား ဝယ်ယူလိမ့်မည်ဟု ကုန်သွယ်မှုရုံးက ပြောကြားသည်။

 

အင်ဒိုနီးရှားသည် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၄၄၁,၉၃၀ တင်သွင်းခဲ့ရာ၌ ဗီယက်နမ်ဆန် ၃၂,၃၄၀ တန် တင်သွင်းခဲ့သည်။

ထိုင်းဆန် ၁၂၉,၇၈၀ တန် တင်သွင်းခဲ့သည်။

 

ပြီးခဲ့သည့်လက ဗီယက်နမ်ကုမ္ပဏီ ခုနစ်ခုသည် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၃ သိန်း တင်ပို့ရန် လေလံဝင်ပြိုင်ခဲ့ပါသည်။

 

Source vnexpress 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 03 March 2024 16:33
Rate this item
(0 votes)