Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒူးရင်းသီးအနံ့မကြိုက်နှစ်သက်သူများအတွက်လည်း အဆင်ပြေမယ့် ဒူးရင်းသီးစားသောက်ဆိုင်

Unicode

ဒူးရင်းသီးအနံ့မကြိုက်နှစ်သက်သူများအတွက်လည်း အဆင်ပြေမယ့် ဒူးရင်းသီးစားသောက်ဆိုင်


အသီးများရဲ့ ဘုရင်လို့ တင်စားရတဲ့ စားလိုက်ရင်ပြစ်နှစ်ပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ အခုအခါမှာ တရုတ်ပြည်မှာလဲ လူကြိုက်များနေပါပြီ။

 

ဒူးရင်းသီးကို အကြီးအကျယ် ယိုးဒယားမှာ အခြေပြု၍ စိုက်ပျိုးနေပြီး ယိုးဒယားရဲ့အဓိက ထုတ်ကုန် အသီးအနှံက ဒူးရင်းသီးဖြစ်ပါတယ်။

 

ဒူးရင်းသီးဟာ အာရှနိုင်ငံတွေအတွက် အလွန်နှစ်ခြိုက်တဲ့ လူအများအတွက်တော့ ကောင်းချီး မင်္ဂလာလို့ သတ်မှတ်ပြီး  မနှစ်သက်တဲ့ လူတွေအတွက်ကတော့ ကြိမ်စာ တစ်ခုလို့ သတ်မှတ်ပါလိမ့်မယ်။

 

ယိုးဒယားရဲ့ ချန်သရာပူရိ (CHANTHABURI) နဲ့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံရဲ့ ဂေါင်းဇိုး (GUANGZHOU)မြို့နှစ်မြို့လုံးမှာ ရှိတဲ့ စားသောက်ဆိုင်ကြီးတွေမှာ ထူးထူးခြားခြားနဲ့ သင်္ကေတဖြစ်တဲ့ ဟင်းအမယ်ကတော့ ကြက်သားနဲ့ ဒူးရင်းသီး ရောချက် ထားတဲ့ ဟင်းအမယ်ပဲဖြစ်ပါတယ်။

 

Read More >>>>>   ျမန္မာႏိုင္ငံ အထက္ပိုင္း၌ GAP စနစ္ျဖင့္ ေဆာင္းင႐ုတ္ စိုက္ပ်ဳိးရန္ ေဆာင္ရြက္ေန

 

့အဲ့ဆိုင်ရဲ့ အရောင်းရဆုံး ဟင်းရာက ဟင်းနုနွယ်နဲ့ ဒူးရင်းသီးထမင်းကြော်ပါတဲ့အပြင် ယင်းဆိုင်တွင်ဒူးရင်းသီးနဲ့ ပတ်သတ်တဲ့ ဟင်းရာ မျိုးစုံ လည်းရရှိနိုင်ပါတယ်။ အသီးအရွက် နှင့် ဒူးရင်းသီးသနပ် စတဲ့ ဟင်းလျာများလည်း ရရှိနိုင်ပါတယ်။

 

တရုတ်ပြည်က ကွန်လု (Qing Liu ) ဒူးရင်းစားသောက်ဆိုင် ပိုင်ရှင် ချန် ဇန်ဇင်း ( Chen Zhenjiang ) ဟာ စင်္ကာပူ ၊ မလေးရှား ၊ ယိုးဒယား စတဲ့ နိုင်ငံတွေကို သွားရောက်လည်ပတ်စဉ်အတွင်း ဒူးရင်းသီးကို တွေ့ပြီး စားမိရာမှ ခံတွင်းတွေ့သွားခဲ့တာပါ။

 

ချန် ဟာ ဒူးရင်းသီးရဲ့ အရသာကို တွေ့ရှိသွားပြီး အရမ်း အရသာ ရှိတယ် ဆိုတာသိသွားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ချက်ပြုတ်ထားခြင်းမရှိတဲ့ ဒူးရင်းသီးတွေကို ထိတို့ခြင်းတောင် မရှိခဲ့ ပါဘူးတဲ့။


သူတို့တွေဟာ ဒူးရင်းထွက်ကုန် များထဲမှ ဒူးရင်းကိတ်၊ ဒူးရင်း အစာသွပ်မုန့် တို့ကိုသာစားကြပြီး  ဒူးရင်းသီးကိုကျတော့ ရှောင်ကြပါတယ်။ ထို့ကြောင့် ကျွန်တော်စဉ်းစားဖို့ စိတ်ကူးရလာစေတယ်ဆို ကာတာနိုင်ငံမှ မင်းမျိုးမင်းနွယ်မိသားစု နန်းဆောင်တွင် စာဖိုမှူးလုပ်ဖူးသူ ချန် က ပြောပြလာပါတယ်။

 

ဒါကြောင့် ဒီဆိုင်ကိုဖွင့်ခဲ့တာဖြစ်ပြီး ဒူးရင်းသီးမစားချင်တဲ့ လူတွေ ဒူးရင်းသီးကို စမ်းကြည့်လို့ရအောင် ရယ်ရွယ်ပါတယ်လို့သိရပါတယ်။


ဒူးရင်းသီးရဲ့ ခပ်ဆိုးဆိုး ရနံ့ မရှိစေရပါဘူး၊ ဟင်းပွဲတိုင်းကို ဟင်းခတ်အမွှေးအကြိုင်ရနံ့ထည့်ပေးထားတယ်သိရပါတယ်။


ဒူးရင်းသီးကို ကြိုက်သူရော မကြိုက်သူရော ထိုဆိုင်မှာ လာရောက်စားသောက်နိုင်မှာ ဖြစ်ပါတယ်။  သိပ်မကြိုက်တဲ့ လူလေးတွေဟာ နည်းနည်းချင်းစီ စားကြည့် ရင်းကနေ အခုဆို ဆိုင်လာတဲ့ သူ့ ဧည့်သည်များဟာ အခုဆို ဒူးရင်းသီးကို အတော်ကြိုက်နေပြီဟု သိရပါတယ်။


တကယ်တော့ သူ့ရဲ့ ဆိုင်လာတဲ့ ဧည့်သည်တွေမှ မဟုတ်ပါဘူး တရုတ်နိုင်ငံရဲ့ လူလတ်တန်းစားများလူတချို့ဟာ  ရနံ့ ခပ်ပြင်းပြင်းဒူးရင်းလို အသီးမျိုးတွေကို လက်ခံနေကြပါပြီ။


၂၀၀၉ ကနေ ၂၀၁၇ ခုနှစ် အတွင်း ယိုးဒယား ဒူးရင်းသီးကို  နိုင်ငံခြားတင်ပို့မှု ဈေးကွက်မှာ အမေရိကန် ဒေါ်လာ ၁၂၄ မီလီယံ မှ ၅၅၂ မီလီယံထိ ထိုးတက်လာပါတယ်။


Ref: CNA

 

 

 

ဒူးရင္းသီးအနံ႕မႀကိဳက္ႏွစ္သက္သူမ်ားအတြက္လည္း အဆင္ေျပမယ့္ ဒူးရင္းသီးစားေသာက္ဆိုင္

 

အသီးမ်ားရဲ႕ ဘုရင္လို႔ တင္စားရတဲ့ စားလိုက္ရင္ျပစ္ႏွစ္ၿပီး အရသာရွိလွတဲ့ ဒူးရင္းသီးဟာ အခုအခါမွာ တရုတ္ျပည္မွာလဲ လူႀကိဳက္မ်ားေနပါၿပီ။

 

ဒူးရင္းသီးကို အႀကီးအက်ယ္ ယိုးဒယားမွာ အေျချပဳ၍ စိုက္ပ်ိဳးေနၿပီး ယိုးဒယားရဲ႕အဓိက ထုတ္ကုန္ အသီးအႏွံက ဒူးရင္းသီးျဖစ္ပါတယ္။

 

ဒူးရင္းသီးဟာ အာရွႏိုင္ငံေတြအတြက္ အလြန္ႏွစ္ၿခိဳက္တဲ့ လူအမ်ားအတြက္ေတာ့ ေကာင္းခ်ီး မဂၤလာလို႕ သတ္မွတ္ၿပီး  မႏွစ္သက္တဲ့ လူေတြအတြက္ကေတာ့ ႀကိမ္စာ တစ္ခုလို႕ သတ္မွတ္ပါလိမ့္မယ္။

 

ယိုးဒယားရဲ႕ ခ်န္သရာပူရိ (CHANTHABURI) နဲ႔ တရုတ္ ျပည္သူ႔ သမၼတ ႏိုင္ငံရဲ႕ ေဂါင္းဇိုး (GUANGZHOU)ၿမိဳ႕ႏွစ္ၿမိဳ႕လံုးမွာ ရွိတဲ့ စားေသာက္ဆိုင္ႀကီးေတြမွာ ထူးထူးျခားျခားနဲ႕ သေကၤတျဖစ္တဲ့ ဟင္းအမယ္ကေတာ့ ၾကက္သားနဲ႔ ဒူးရင္းသီး ေရာခ်က္ ထားတဲ့ ဟင္းအမယ္ပဲျဖစ္ပါတယ္။

 

Read More >>>>>   ျမန္မာႏိုင္ငံ အထက္ပိုင္း၌ GAP စနစ္ျဖင့္ ေဆာင္းင႐ုတ္ စိုက္ပ်ဳိးရန္ ေဆာင္ရြက္ေန

 

့အဲ့ဆိုင္ရဲ႕ အေရာင္းရဆံုး ဟင္းရာက ဟင္းႏုႏြယ္နဲ႔ ဒူးရင္းသီးထမင္းေၾကာ္ပါတဲ့အျပင္ ယင္းဆိုင္တြင္ဒူးရင္းသီးနဲ႔ ပတ္သတ္တဲ့ ဟင္းရာ မ်ိဳးစုံ လည္းရရွိႏိုင္ပါတယ္။ အသီးအရြက္ ႏွင့္ ဒူးရင္းသီးသနပ္ စတဲ့ ဟင္းလ်ာမ်ားလည္း ရရွိႏိုင္ပါတယ္။

 

တရုတ္ျပည္က ကြန္လု (Qing Liu ) ဒူးရင္းစားေသာက္ဆိုင္ ပိုင္ရွင္ ခ်န္ ဇန္ဇင္း ( Chen Zhenjiang ) ဟာ စကၤာပူ ၊ မေလးရွား ၊ ယိုးဒယား စတဲ႔ ႏိုင္ငံေတြကို သြားေရာက္လည္ပတ္စဥ္အတြင္း ဒူးရင္းသီးကို ေတြ႔ၿပီး စားမိရာမွ ခံတြင္းေတြ႔သြားခဲ့တာပါ။

 

ခ်န္ ဟာ ဒူးရင္းသီးရဲ႕ အရသာကို ေတြ႕ရွိသြားၿပီး အရမ္း အရသာ ရွိတယ္ ဆိုတာသိသြားပါတယ္။ ဒါေပမဲ႔ သူ႔ရဲ႕ မိတ္ေဆြ အေပါင္းအသင္းေတြက ခ်က္ျပဳတ္ထားျခင္းမရွိတဲ့ ဒူးရင္းသီးေတြကို ထိတို႔ျခင္းေတာင္ မရွိခဲ့ ပါဘူးတဲ့။

 

သူတို႔ေတြဟာ ဒူးရင္းထြက္ကုန္ မ်ားထဲမွ ဒူးရင္းကိတ္၊ ဒူးရင္း အစာသြပ္မုန္႔ တို႔ကိုသာစားၾကၿပီး  ဒူးရင္းသီးကိုက်ေတာ့ ေရွာင္ၾကပါတယ္။ ထို႕ေၾကာင့္ ကြ်န္ေတာ္စဥ္းစားဖို႔ စိတ္ကူးရလာေစတယ္ဆို ကာတာႏိုင္ငံမွ မင္းမ်ိဳးမင္းႏြယ္မိသားစု နန္းေဆာင္တြင္ စာဖိုမွဴးလုပ္ဖူးသူ ခ်န္ က ေျပာျပလာပါတယ္။

ဒါေၾကာင့္ ဒီဆိုင္ကိုဖြင့္ခဲ့တာျဖစ္ၿပီး ဒူးရင္းသီးမစားခ်င္တဲ့ လူေတြ ဒူးရင္းသီးကို စမ္းၾကည့္လို႔ရေအာင္ ရယ္ရြယ္ပါတယ္လို႔သိရပါတယ္။

 

ဒူးရင္းသီးရဲ႕ ခပ္ဆိုးဆိုး ရနံ႔ မရွိေစရပါဘူး၊ ဟင္းပြဲတိုင္းကို ဟင္းခတ္အေမႊးအႀကိဳင္ရနံ႕ထည့္ေပးထားတယ္သိရပါတယ္။

 

ဒူးရင္းသီးကို ႀကိဳက္သူေရာ မႀကိဳက္သူေရာ ထိုဆိုင္မွာ လာေရာက္စားေသာက္ႏိုင္မွာ ျဖစ္ပါတယ္။  သိပ္မၾကိဳက္တဲ့ လူေလးေတြဟာ နည္းနည္းခ်င္းစီ စားၾကည့္ ရင္းကေန အခုဆို ဆိုင္လာတဲ့ သူ႔ ဧည့္သည္မ်ားဟာ အခုဆို ဒူးရင္းသီးကို အေတာ္ႀကိဳက္ေနၿပီဟု သိရပါတယ္။

 

တကယ္ေတာ့ သူ႔ရဲ႔ ဆိုင္လာတဲ့ ဧည့္သည္ေတြမွ မဟုတ္ပါဘူး တရုတ္ႏိုင္ငံရဲ ႔ လူလတ္တန္းစားမ်ားလူတခ်ဳိ ႕ဟာ  ရနံ႔ ခပ္ျပင္းျပင္းဒူးရင္းလို အသီးမ်ိဳးေတြကို လက္ခံေနၾကပါၿပီ။

 

၂၀၀၉ ကေန ၂၀၁၇ ခုႏွစ္ အတြင္း ယိုးဒယား ဒူးရင္းသီးကို  ႏိုင္ငံျခားတင္ပို႕မႈ ေစ်းကြက္မွာ အေမရိကန္ ေဒၚလာ ၁၂၄ မီလီယံ မွ ၅၅၂ မီလီယံထိ ထိုးတက္လာပါတယ္။

 

Ref: CNA

 

durian shops

 

 

Read times Last modified on Tuesday, 04 February 2020 17:20
Rate this item
(0 votes)