Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပီလောပီနံအများဆုံး ထွက်ရှိချိန်တွင် ဈေးနှုန်းများ ကျဆင်းနေ

ပီလောပီနံအများဆုံး ထွက်ရှိချိန်တွင် ဈေးနှုန်းများ ကျဆင်းနေ

လက်ရှိတွင် ပီလောပီနံအများဆုံး ထွက်ရှိချိန်ဖြစ်သောကြောင့်  ဈေးနှုန်းကျဆင်း နေတဲ့အတွက်  တောင်သူများ အကျိုးအမြတ် နည်းတဲ့အပြင် ကုန်ချော ထုတ်လုပ်ရောင်းချသူများ   တွက်ခြေမကိုက်ဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပီလော ပီနံစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ တွဲဖက်အတွင်းရေးမှူး -၂ ၏ ပြောပြချက်အရ သိရပါတယ်။

 

လတ်တလောတွင်  ပီလောပီနံအစိုဥ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀ ရှိပြီး ပီလော ပီနံအမှုန့် တစ်ပိဿာလျှင် ငွေကျပ်  ၇၅၀ ရှိကြောင်း သိရပါတယ်။

 

ပီလောပီနံပေါ်တဲ့ ရာသီဖြစ်တဲ့အတွက်  ဈေးကျနေခြင်းဖြစ်ပြီး  ဈေးကွက် အခြေအနေကတော့ ပြည်တွင်းဝယ်လက်ကိုပဲ အားကိုးရတာ ဖြစ်တဲ့အတွက် နွေရာသီ  ပီလောပီနံပေါ်ချိန်ရောက်ရင် စိုက်ပျိုးတဲ့ တောင်သူများ အကျိုးအမြတ်ရရှိဖို့လည်း မသေချာကြောင်း သိရပါတယ်။

 

ပီလောပီနံအစိုဥ တစ်ပိဿာလျှင် အမှုန့် ၃၀ ကျပ်သားသာ ထွက်ရှိသည့်အတွက် အမှုန့်ဈေးနှုန်း ထပ်မံကျဆင်းပါက ပီလောပီနံ အစိုဥဈေးနှုန်းလည်း   ငွေကျပ်   ၂၀၀ အောက်အထိ  ကျဆင်းနိုင်ကြောင်း  သိရပါတယ်။

 

Read More >>>>>  သက္သတ္လြတ္အသားတု ပဲပုပ္ေျမပဲေၾကာ္

 

ဧရာဝတီတိုင်းဒေသကြီး   ကျုံပျော်မြို့နယ်၌   ပီလောပီနံ အများဆုံးစိုက်ပျိုးပြီး ယခင်နှစ်က ဧက ၁၃၀၀၀ သာ စိုက်ပျိုးခဲ့ရာမှ   ယခုနှစ်တွင် ဧက ၁၆၀၀၀ အထိ တိုးမြှင့်စိုက်ပျိုးခဲ့တဲ့အပြင် ယခင်နှစ်က နနွင်းဈေးနှုန်း ကျဆင်းခဲ့တဲ့အတွက် ယင်းနနွင်း စိုက်ပျိုးတဲ့နေရာများတွင်လည်း ပီလောပီနံအစားထိုး တိုးချဲ့စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ပီလောပီနံကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပြီး  ဧရာဝတီတိုင်းဒေသကြီးတွင်  အများဆုံး စိုက်ပျိုးကြောင်း သိရပါတယ်။

 

 

 

ပီေလာပီနံအမ်ားဆုံး ထြက္ရွိခ်ိန္တြင္ ေစ်းႏႈန္းမ်ား က်ဆင္းေန

 

လက္ရွိတြင္ ပီေလာပီနံအမ်ားဆုံး ထြက္ရွိခ်ိန္ျဖစ္ေသာေၾကာင့္  ေစ်းႏႈန္းက်ဆင္း ေနတဲ့အတြက္  ေတာင္သူမ်ား အက်ဳိးအျမတ္ နည္းတဲ့အျပင္ ကုန္ေခ်ာ ထုတ္လုပ္ေရာင္းခ်သူမ်ား   တြက္ေျခမကိုက္ျဖစ္ေနေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ပီေလာ ပီနံစိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ား အသင္းမွ တြဲဖက္အတြင္းေရးမွဴး -၂ ၏ ေျပာျပခ်က္အရ သိရပါတယ္။

လတ္တေလာတြင္  ပီေလာပီနံအစိုဥ တစ္ပိႆာလွ်င္ ေငြက်ပ္ ၂၀၀ ရွိၿပီး ပီေလာ ပီနံအမႈန္႔ တစ္ပိႆာလွ်င္ ေငြက်ပ္  ၇၅၀ ရွိေၾကာင္း သိရပါတယ္။

 

ပီေလာပီနံေပၚတဲ့ ရာသီျဖစ္တဲ့အတြက္  ေစ်းက်ေနျခင္းျဖစ္ၿပီး  ေစ်းကြက္ အေျခအေနကေတာ့ ျပည္တြင္းဝယ္လက္ကိုပဲ အားကိုးရတာ ျဖစ္တဲ့အတြက္ ေႏြရာသီ  ပီေလာပီနံေပၚခ်ိန္ေရာက္ရင္ စိုက္ပ်ဳိးတဲ့ ေတာင္သူမ်ား အက်ဳိးအျမတ္ရရွိဖို႕လည္း မေသခ်ာေၾကာင္း သိရပါတယ္။

 

ပီေလာပီနံအစိုဥ တစ္ပိႆာလွ်င္ အမႈန္႔ ၃၀ က်ပ္သားသာ ထြက္ရိွသည့္အတြက္ အမႈန္႔ေစ်းႏႈန္း ထပ္မံက်ဆင္းပါက ပီေလာပီနံ အစိုဥေစ်းႏႈန္းလည္း   ေငြက်ပ္   ၂၀၀ ေအာက္အထိ  က်ဆင္းႏိုင္ေၾကာင္း  သိရပါတယ္။

 

Read More >>>>>  သက္သတ္လြတ္အသားတု ပဲပုပ္ေျမပဲေၾကာ္

 

ဧရာ၀တီတိုင္းေဒသႀကီး   က်ဳံေပ်ာ္ၿမိဳ႕နယ္၌   ပီေလာပီနံ အမ်ားဆုံးစိုက္ပ်ဳိးၿပီး ယခင္ႏွစ္က ဧက ၁၃၀၀၀ သာ စိုက္ပ်ဳိးခဲ့ရာမွ   ယခုႏွစ္တြင္ ဧက ၁၆၀၀၀ အထိ တုိးျမႇင့္စိုက္ပ်ဳိးခဲ့တဲ့အျပင္ ယခင္ႏွစ္က နႏြင္းေစ်းႏႈန္း က်ဆင္းခဲ့တဲ့အတြက္ ယင္းနႏြင္း စုိက္ပ်ဳိးတဲ့ေနရာမ်ားတြင္လည္း ပီေလာပီနံအစားထုိး တိုးခ်ဲ႕စိုက္ပ်ဳိးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ပီေလာပီနံကို ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊  ဧရာ၀တီတိုင္း ေဒသႀကီးႏွင့္  မေကြးတိုင္းေဒသႀကီးတို႔တြင္ စိုက္ပ်ဳိးၿပီး  ဧရာ၀တီတိုင္းေဒသႀကီးတြင္  အမ်ားဆုံး စုိက္ပ်ဳိးေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Thursday, 30 January 2020 14:56
Rate this item
(0 votes)