Food & Livestock



ပုသိမ်ဒေသထွက်မျှင်ငါးပိများ ရန်ကုန်စျေးကွက်မှ ဝယ်ယူမှုအားကောင်းနေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဒေသထွက် မျှင်ငါးပိများ ရန်ကုန်စျေးကွက်မှ ဝယ်ယူမှုအားကောင်းပြီး စျေးကောင်း

ရရှိနေကြောင်း ပုသိမ်မြို့မှ ငါးပိ၊ ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

 

ပုသိမ်မြို့တွင် ဒေသထွက် မျှင်ငါးပိများကို ရန်ကုန်စျေးကွက်သို့ အဓိက တင်ပို့ရောင်းချနေကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မျှင်ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၅,၅၀၀ ထိသာစျေးရှိခဲ့ပြီး လက်ရှိ ဇန်နဝါရီလအတွင်း မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် ၁၂,၀၀၀ ထိ စျေးကောင်းရရှိနေကြောင်း၊ အဆိုပါ ဒေသထွက်မျှင်ငါးပိများကို လက်ရှိ ဇန်နဝါရီလအတွင်း ရန်ကုန်စျေးကွက်မှ ဝယ်ယူမှုပိုမိုအားကောင်းလာကြောင်း သိရသည်။

 

Royal Myanmar Trading Smile

Click Here >>> Royal Myanmar Steel Brothers

 

“ပုသိမ်ဒေသထွက် မျှင်ငါးပိတွေက လူအများကြိုက်နှစ်သက်ကြပါတယ်။ သန့်စင်ပြီး အရသာလဲရှိတာကြောင့် ရန်ကုန်ကဖောက်သည်တွေက ချိတ်ဆက်မှာယူတာများပါတယ်။ ဒေသထွက် မျှင်ငါးပိတွေကို ရန်ကုန် စျေးကွက်မှာ အဓိကတင်ပို့ရောင်းချတာပါ။ အခုနှစ် မျှင်ငါးပိက အထွက်နည်းနေသေးပြီး ရန်ကုန်ဘက်ကနေ မှာယူမှုက တအားများနေပါတယ်။ နေ့စဉ် တစ်ရက်ကို ပိဿာချိန် ၂၀၀ လောက်မှာယူနေပြီး လောလောဆယ် ပိဿာချိန် ၁၂၀ လောက်ပဲ တင်ပို့နိုင်ပါတယ်။ ဝယ်လိုအားကောင်းလာတဲ့အပြင် စျေးကလည်း ကောင်းလာပါတယ်။ မျှင်ငါးပိတွေ အရောင်းအဝယ်ပြန်ကောင်းလာတော့ ကျွန်မတို့လိုလုပ်ငန်းရှင်တွေရော လုပ်သားတွေရော အဆင်ပြေကြပါတယ်။” ဟု ပုသိမ်မြို့မှ ငါးပိ၊ ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင် ကပြောပြသည်။

 

ပုသိမ်မြို့တွင် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ပုသိမ် စသည့်ဒေသများရှိ ရေလုပ်သားများထံမှ မျှင်ကောင် များကို ငါးပိ၊ ငါးခြောက်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များက ဝယ်ယူပြီး မျှင်ငါးပိ ထုတ်လုပ်ရောင်း ချနေခြင်းဖြစ်ကြောင်း၊ အဆိုပါ မျှင်ငါးပိထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် ၁၉ ဦးရှိပြီး မျှင်ငါးပိလုပ်ငန်းသည် ဒေသထုတ်ကုန် စီးပွားရေးလုပ်ငန်းတစ်ခုလျှင် လုပ်သားငါးဦးမှ ရှစ်ဦးထိ လုပ်အကိုင်ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Tuesday, 31 January 2023 15:44
Rate this item
(0 votes)