Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဆန် လက်ကားဈေးကွက် အရောင်းအဝယ် အေးနေ

ရန်ကုန်မြို့ရှိ ဆန်လက်ကား ဈေးကွက်အတွင်း  ဇူလိုင်လကုန်ပိုင်းက  အရောင်း အဝယ်အေးနေသည့် အခြေအနေမျိုး ရှိနေကြောင်း 

ဆန်လက်ကား အရောင်းအဝယ် ပြုလုပ်သည့်  လမ်းမတော်မြို့နယ်ရှိ  ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။

 

ရန်ကုန်မြို့ရှိ  ဆန်လက်ကားဈေးကွက် အတွင်း  ပုသိမ်၊  ဖျာပုံ၊ ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်များ  ရေလမ်းမှအများဆုံး ဝင်ရောက်နေပြီး ဈေးနှုန်းမြင့်တက်မှုမရှိဘဲ အရည်အသွေး ကျဆင်းနေသော အခြေအနေမျိုး  တွေ့ကြုံရကြောင်း သိရသည်။

 

''အရင်တုန်းက  ငွေကျပ်  ၄၂ဝဝဝ ပေးရတဲ့ဆန်အိတ်က အခုလည်း ငွေကျပ်  ၄၂ဝဝဝ  ဖြစ်ပေမယ့်  အရည်အသွေးပိုင်းကျတော့  တော်တော်လေး ကျသွားတယ်။

 

အကျိုးအကြေတွေ ပါလာတယ်၊။  တချို့ဆန်တွေဆိုရင် အဖျင်းအမှော်တွေတောင်ပါတယ်။ ဈေးကတော့ အရင်ဈေးပါပဲ'' ဟု  ဆန်ကုန်သည်  တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုရက်ပိုင်းအတွင်း ပြည်တွင်းရှိ ဒေသတချို့၌ ရေလွှမ်းမိုးကာ လမ်းပန်းဆက်သွယ် ရေးအခက်အခဲများ  တွေ့ကြုံခဲ့သော်လည်း ရန်ကုန်ဆန်ဈေးကွက်၌ ပွဲရုံနှင့်ကုန်သည် များလက်အတွင်း ဆန်များ အလုံအလောက် ရှိနေခြင်းကြောင့် ဆန်ပြတ်လပ်ရန် စိုးရိမ် စရာမလိုဘဲ     ဈေးနှုန်းမြင့်မားခြင်း မရှိသော    အခြေအနေမျိုး ဖြစ်နေကြောင်း သိရပါတယ်။

 

''နယ်ဆန်စက်ပိုင်တွေဆီက ထွက်ကတည်းက  ဆန်အရည်အသွေး  နည်းနည်း ကျဆင်းတာပါ။ ကျွန်တော်တို့လည်း ဝယ် နေကျဆန်စက်တွေအပြင် တခြား နဝလီ ကြိတ်ခွဲတဲ့ ဆန်စက်တွေဆီကိုလည်း လိုက်ရှာပြီး  ဝယ်နေရ ပါတယ်။  အရည်အသွေးကျလို့ ဆိုပြီး ဈေးနှိမ်လို့လည်း မရပါဘူး''ဟု ဆန်ပွဲရုံများမှတစ်ဆင့် ဆန်အဝယ်တော်အဖြစ် လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ရန်ကုန်ဆန်ဈေးကွက်၌ ဖျာပုံပေါ်ဆန်း ထိပ်စ တစ်အိတ်လျှင် ငွေကျပ် ၄၃ဝဝဝ၊ အလတ်စ  ငွေကျပ်  ၄၂ဝဝဝ၊  ပေါ်ဆန်း (မြောင်းမြ)  ထိပ်စ  ငွေကျပ်  ၄၆ဝဝဝ၊  အလတ်စ ငွေကျပ် ၄၄ဝဝဝ၊ နယ်စုံပေါ်ဆန်း (ကျိုက်လတ်)  ထိပ်စ  ငွေကျပ်  ၄၂ဝဝဝ၊ အလတ်စ ငွေကျပ် ၄၁ဝဝဝ၊ ရွှေဘိုပေါ်ဆန်း ထိပ်စ ငွေကျပ် ၅၆ဝဝဝ၊ အလတ်စ ငွေကျပ် ၅၄ဝဝဝ၊ ပေါ်ဆန်း (ရှယ်) ထိပ်စ ငွေကျပ် ၄၃ဝဝဝ၊ အလတ်စ ငွေကျပ် ၄၁၅ဝဝ၊ ဧည့် မထ ၂၅ မှတ်ဆန်  ငွေကျပ် ၂ဝ၅ဝဝ မှ ၂ဝ၇ဝဝ ကြား၊  မိုးသုခဆန်  ငွေကျပ် ၂၄၅ဝဝ မှ ၂၄၆ဝဝ  ကြား၊ ရက် ၉ဝ ဆန်ငွေကျပ်  ၂၂၅ဝဝ  မှ ၂၃ဝဝဝ  ကြား စသည့်ဈေးနှုန်းတို့ဖြင့်     ယမန်နေ့က  ဈေးဖွင့်ကာ    အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရပါတယ်။


Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:36
Rate this item
(2 votes)