Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီပြည်ပသို့တင်ပို့ရန် အသင်းက တောင်းဆိုလျှင် ပြန်လည်ခွင့်ပြုမည်ဟုဆို

ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း ကျဆင်းလာသော ကြောင့် အသင်းက တင်ပြတောင်း ဆိုပါက

ပြည်ပတင်ပို့ခွင့်ပြန်လည် ခွင့်ပြုပေးရန် အသင့်ပြင်ထားသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။ 

 

ပြီးခဲ့သည့်လများက ပြည်တွင်းကြက်သွန်နီဈေးနှုန်းများစွာ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုချောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ခေတ္တတားဆီးပေးရန် တောင်းဆိုသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ခွင့်ပြုမိန့်များ ရပ်ဆိုင်းထားကြောင်း ၎င်းကပြောသည်။ 

 

‘‘ထွက်တဲ့ ကြက်သွန်နဲ့ ပြည် တွင်းမှာ စားသုံးမှုနဲ့ ဈေးကွက်ထဲ ကို လျှံထွက်မလာအောင် ပို့သင့် တယ်ဆိုရင် ပို့ပေးဖို့က အဆင်သင့်ပါ။ ကြက်သွန်ထွက်ရှိမှုတွေ၊ ပြည်တွင်းမှာ စားသုံးမှုတွေ၊ ဈေးနှုန်း တွေ အဲဒီအပေါ်မှာ မူတည်ပါတယ်’’ ဟု ဦးတိုးအောင်မြင့်က ပြောသည်။ 

 

မြန်မာနိုင်ငံမှ ပြည်ပသို့ အချို့နှစ်တွင် တန်ချိန် လေး၊ ငါး သောင်းအထိ တင်ပို့နိုင်သကဲ့သို့ တန်ချိန်ခုနစ်ထောင်ခန့်သာ တင် ပို့နိုင်သည့် နှစ်များလည်းရှိသည် ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သုံး သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းဝင် ကုန်သည်တစ် ဦးက ပြောသည်။ မြန်မာ့ကြက်သွန်နီကို အများဆုံး ဝယ်ယူနေ သည့် နိုင်ငံများသည် မလေးရှား၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်သည်။ 

 

လက်ရှိ၌ မြန်မာနိုင်ငံတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့မှ ကြက်သွန်အသစ်များ ထွက်လာသဖြင့် ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီတစ်ပိဿာဈေးနှုန်း သုံး ဆခန့် ပြန်လည်ကျဆင်းလာသည်။တစ်ပိဿာလျှင် ၂,၅၀၀ကျပ်အထိ မြင့်တက်ခဲ့သော ပြည်တွင်း ကြက်သွန်ဈေးနှုန်းသည် ကြက်သွန်အသစ်ပေါ်ချိန်တွင် ၇၀၀၊ ၈၀၀ ကျပ်ခန့်သို့ ဈေးနှုန်း ပြုတ်ကျခဲ့သည်။

 

 ‘‘ကြက်သွန်ဈေးနှုန်းက လှောင်သမား ကုန်သည်တွေ လက်ထဲမှာပဲရှိတယ်။ စားသုံးသူ နဲ့ တောင်သူက သူတို့ပြောတဲ့ဈေး အတိုင်းပဲ လုပ်နေရတယ်’’ဟု မြင်းခြံမြို့နယ်မှကြက်သွန်စိုက်တောင် သူ ဦးမြင့်နိုင်က ပြောသည်။ 

 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာနှောင်းပိုင်းကစတင်၍ ပြည်တွင်းကြက်သွန်နီ တစ်ပိဿာဈေးနှုန်းသည် ဈေးကွက်တွင် စံချိန်တင်နှုန်းထားအ ထိမြင့်တက်ခဲ့ပြီး ထိုအချိန်က တရုတ်၊အိန္ဒိယနိုင်ငံမှ ကြက်သွန် နီများ ပြန်လည်တင်သွင်းခဲ့ရသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:58
Rate this item
(1 Vote)