Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးရာသီတွင် ငါးခြောက်ဝယ်လိုအား ထက်ဝက်ခန့် ကျဆင်း လှောင်လက် များ အရှုံးပေါ်

ယခုနှစ် မိုးရာသီအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလခန့်မှစ၍  သိုလှောင်ခဲ့သည့် ငါးခြောက်လှောင်လက် သမားများသည်

ဝယ်လက်များ၏ ဝယ်လိုအား ထက်ဝက်ကျော် ကျဆင်းသည့်အတွက်  အရှုံးပေါ်လျက်ရှိကြောင်း   ဘုရင့်နောင်ပွဲရုံဝင်း အတွင်းရှိ နဒီဧရာပွဲရုံမှ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ကြက်စာရောင်းဝယ်ရေး ပိုင်ရှင်  ဦးဇော်ဇော်မြင့်ထံမှ သိရပါတယ်။

 

ယခုနှစ်တွင် ငါးခြောက် ၁ဝ မျိုး လှောင်ထားသည့် လှောင်သမားများမှာ ခြောက်မျိုးခန့် အရှုံးပေါ်နေပြီး လေးမျိုးခန့်သာ တစ်ပိဿာလျှင်  ငွေကျပ်  ၁ဝဝ မှ ၂ဝဝ   ခန့်အထိ အနည်းငယ်အမြတ် ရရှိနေကြောင်း သိရပါတယ်။

 

''ရောင်းအားက မနှစ်ကထက် ထက်ဝက်ကျော်  ကျဆင်းလာတယ်။  အဲဒီအတွက် မိုးရာသီမှာ အမြတ်ရမလားဆိုပြီး လှောင်ထားတဲ့ လှောင်သမားတွေ အရှုံးပေါ်နေကြတယ်။

 

တချို့ မြတ်ပေမယ့် မြတ်တယ်ဆိုရုံလေးပဲ ရကြတယ်။   လှောင်ကုန်တွေရောင်းဖို့က တစ်လလောက်ပဲ  ကျန်တော့တယ်''  ဟု  ဦးဇော်ဇော်မြင့်ကပြောကြားခဲ့ပါတယ်။

 

ငါးခြောက်လှောင်လက် သမားများသည် ငါးနီတူ၊  အာပဲ့ခြောက်နှင့်  မြီးတန်သွယ် အမျိုးအစားများအား   အဓိကအားဖြင့် လှောင်လေ့ရှိကာ ယခုနှစ်အတွင်း လှောင်လက်များလာသည့် အပြင် နယ်သမားများမှာလည်း ဝယ်လိုအား ထက်ဝက်ကျော် ကျဆင်းခဲ့သဖြင့် အရှုံးပေါ်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

လတ်တလောတွင် ငါးနီတူ တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ ၇ဝဝဝ ၊ အာပဲ့ခြောက်အသစ် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ ၆ဝဝဝ၊ အဟောင်းတစ်ပိဿာလျှင် ငွေကျပ်၇၅ဝဝ မှ ၁၂ဝဝဝ၊ မြီးတန်သွယ်တစ်ပိဿာလျှင် ငွေကျပ် ၃၂ဝဝ ဝန်းကျင်အထိ ဈေးနှုန်းရှိသည်။ ရခိုင်ပြည်နယ်၌ နွေရာသီအတွင်းမှစ၍ ငွေကျပ် ၂၅ဝဝ မှ ၃၅ဝဝ အထိ ဈေးနှုန်းရှိခဲ့သည့် ပလာတူးငါးခြောက်များမှာ လက်ရှိတွင် ငွေကျပ် ၇ဝဝ မှ ၈ဝဝ ခန့်ဖြင့် ရောင်းချနေရကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:33
Rate this item
(0 votes)