Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲ ဈေးရွှေ့ပြောင်းရန် နေရာရွေးချယ်ထားကြောင်း စည်ပင်ဝန်ကြီးပြော

မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲ ဈေးရွှေ့ပြောင်းရန် နေရာရွေးချယ်ထားကြောင်း စည်ပင်ဝန်ကြီးပြော google.com

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  ကြက်၊ ဘဲဈေး ရွှေ့ပြောင်းရန် နေရာအသစ်ရွေးချယ် ပြင်ဆင်ပြီးဖြစ်ကြောင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသည်။

 

ကြက်၊ ဘဲဈေးကို ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်အ နီးသို့ ရွှေ့ပြောင်းနိုင်ရေးခြံစည်း ရိုးခတ်ကာ နေရာပြင်ဆင်ထားပြီး ဖြစ်သော်လည်း လတ်တလော ပြောင်းရွှေ့ရန် မရှိသေးကြောင်း ၎င်းကဆိုသည်။

 

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က အဆိုပါ ကြက်၊ ဘဲဈေးကို အခြားသင့်လျော်သည့်နေရာသို့ အပြီး ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မတ်လ ၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းသည့်အပေါ် ၀န်ကြီး ဦးမောင်မောင်စိုးက ဖြေကြားခဲ့သည်။

 

 ‘‘ဈေးသစ်တည်ဆောက် မယ့် နေရာက လူနေရပ်ကွက်နဲ့ လည်း အလှမ်းဝေးတဲ့အတွက် ကြောင့် ဈေးရောင်းဈေးဝယ်တွေ အနေနဲ့ သွားလာရေးခက်တဲ့အ တွက်ကြောင့် လောလောဆယ် ပြောင်းရွှေ့ဖို့ မရှိသေးသော်လည်း အနာဂတ်မြို့ပြဖွံ့ဖြိုးရေး စီမံချက် များအတွက် ဆောင်ရွက်ဖို့ရှိခဲ့လို့ ရှိရင် ရွှေ့ပြောင်းရန်အတွက် နေ ရာအသင့်ရှိပြီးကြောင်း ဖြေကြား အပ်ပါတယ်’’ဟု ဦးမောင်မောင် စိုးက ပြောသည်။

 

ကြက်၊ ဘဲဈေးအဖြစ် ဖွင့် လှစ်မည့် မြေမှာ ၃ ဧကကျော် ကျယ်ပြီး ၂၀၁၂ ကတည်းက မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ထံမှ လွှဲပြောင်းရရှိထားကြောင်း ၎င်းကဆိုသည်။

 

ဈေးအသစ်သို့ ရွှေ့ပြောင်း မည်ဆိုပါက လက်ရှိရောင်းဝယ် ဖောက်ကားနေမှုများအပေါ် ထိ ခိုက်မည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်၍ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးမှသာ ဈေးရွှေ့ ပြောင်းရေး ဆောင်ရွက်နိုင်မည်ဟု ဦးမောင်မောင်စိုးကပြောသည်။

 

အဆိုပါ ကြက်၊ ဘဲဈေးသည် အနံ့အသက်များဆိုးရွားစွာ ထွက် ရှိနေခြင်းကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေသည့်အ ပြင် ဈေးသို့လာရောက်သည့်ကား များကြောင့် ယာဉ်ကြောကျပ်တည်းစေသဖြင့်  ရွှေ့ပြောင်းပေးသင့်ကြောင်း ဦးရန်အောင်က ဦးမောင်မောင်စိုး၏ ဖြေကြားချက်နှင့်ပတ်သက်၍ ထပ်ဆင့်မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

 

‘‘ရောင်းချသူ အကျိုးကိုလျစ် လျူရှုတာ မဟုတ်ပါဘူး။ စနစ်တ ကျလေ့လာစုံစမ်းပြီးမှ မေးရခြင်း ဖြစ်ပါတယ်။ အရင်တုန်းက ဒီဈေးကိုပြောင်းရွှေ့ဖို့ အစီအစဉ်ရှိခဲ့ပြီး သားပါ။ ဒါပေမဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် မဖြစ်ခဲ့ပါဘူး။  ဒါကြောင့် ဒီအချိန် ဒီကာလမှာ လုံးဝရွှေ့သင့်တယ်လို့ ယုံကြည် မျှော်လင့်ထားပါတယ်။ အနီးပတ် ၀န်းကျင်လူထုကလည်း ပြောင်း ရွှေ့စေချင်တဲ့ ဆန္ဒရှိပါတယ်’’ ဟု ၎င်းကပြောသည်။

 

‘‘လူမှုရေးနဲ့ အခြေခံစီးပွား ရေးကို ချိန်ထိုးတဲ့အခါကျတော့ လူမှုရေးနဲ့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆန္ဒအရ ကျွန်တော်တို့ ဒီပြည်သူလူထုအကျိုးငှာ လိုက် လျောပြီး ဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအတွက် လည်း လိုအပ်လို့ရှိရင် ရွှေ့ပြောင်း မယ့်နေရာအသစ်  ရှိပြီးဖြစ် ကြောင်း ဖြေကြားလိုပါတယ်’’ဟု ဦးရန်အောင်၏ ထပ်ဆင့်မေးမြန်းချက်ကို ဦးမောင်မောင်စိုးက ပြန် လည်ဖြေကြားသည်။

 

သို့သော် ကြက်၊ ဘဲဈေး ပြောင်းရွှေ့ရန် ရှိ၊ မရှိကိုမူ ဦးမောင်မောင်စိုးက တိတိကျကျ ဖြေကြား ခဲ့ခြင်း မရှိပေ။

 

ယင်းကြက်၊ ဘဲဈေးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးများသို့ အဓိက ဖြန့်ဖြူးနေသည့် ဈေးတစ်ခုဖြစ်ပြီး တစ်ရက်လျှင် ကြက်နှင့် ဘဲ ပိဿာချိန် တစ်သိန်းခန့် ဖြန့်ဖြူးပေးနေသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:20
Rate this item
(1 Vote)