Food & Livestock
ဆောင်းကြက်သွန်နီစိုက် ရာသီတွင် ဧကပြတ်ငွေပေးစနစ်ဖြင့် ငှားရမ်း စိုက်ပျိုးနေရ
Unicode
ဆောင်းကြက်သွန်နီစိုက် ရာသီတွင် ဧကပြတ်ငွေပေးစနစ်ဖြင့် ငှားရမ်း စိုက်ပျိုးနေရ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ယခုနှစ် ဆောင်းကြက်သွန်နီစိုက် ရာသီတွင် အချိန်မီ စိုက်ပျိုးနိုင်ရေး အလုပ်သမားများကို ဧကပြတ်စနစ်ဖြင့် ငှားရမ်း စိုက်ပျိုးနေရကြောင်း သိရသည်။
“အလုပ်သမားဈေးနှုန်း အနေနဲ့ကတော့ အတက်အကျမရှိဘူး။ အလုပ်သမား ငှားရမ်းတဲ့ နေရာမှာ အခက်အခဲဖြစ်တယ်။ မနှစ်ကတော့ တစ်ဧကစိုက်ပျိုးစရိတ်က မြေငှားရမ်းခ အပါအဝင် အထွေထွေ ကုန်ကျစရိတ် ငွေကျပ် ၂၅ သိန်းကျော်လောက် ကျတယ်။
ထွက်ရှိမှုအနေနဲ့တော့ မနှစ်က တစ်ဧကကို ပိဿာချိန် ၆၀၀၀ ကျော်ထွက်တယ်။ ဈေးနှုန်းက ကြက်သွန်နီစထွက်တဲ့အချိန်မှာ တစ်ပိဿာကို ငွေကျပ် ၃၀၀ လောက်ပဲရှိတယ်။ အခုအချိန်မှာတော့ တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ဝန်းကျင် အထိရှိနေတယ်” ဟု မုံရွာမြို့နယ်ကျွဲရဲကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ကိုသက်ဟိန်း ကပြောသည်။
Read More >>>>> ဗိုလ္စားပဲမ်ား ေရာင္းအားေကာင္းသျဖင့္ စိုက္ပ်ဳိးသူမ်ား အဆင္ေျပ
ဆောင်းကြက်သွန်နီကို အောက်တိုဘာလအတွင်းမှ ဒီဇင်ဘာလအလယ်အထိ စိုက်ပျိုးလျက်ရှိရာ အလုပ်သမား ငှားရမ်းမှုတွင် ရေသွင်းစိုက်ပျိုးမည့် စိုက်ခင်းတစ်ဧကငွေကျပ် ၁၆၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးမည့် တစ်ဧကကို ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့် လည်းကောင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အနီးဝန်းကျင်မြို့နယ်များရှိ ကျေးရွာများမှ အလုပ်သမားများကို ငှားရမ်း စိုက်ပျိုးလျက် ရှိသည်။
မုံရွာမြို့နယ် မြောက်ဘက်ခြမ်းရှိ တောင်ပလူ၊ ကျောက်စစ်ပုံ၊ ကျွဲရဲ၊ သမန်တာ၊ ကော်ရဗျ၊ ညောင်ခြေထောက်၊ ကျီကုန်း၊ အလုံ၊ သပြေတော၊ ဖန်ခါးကျင်းကျေးရွာတို့တွင် ကုန်း၊ အင်းကြက်သွန်များကို အများဆုံး စိုက်ပျိုးလျက်ရှိရာ နေ့စားအလုပ်သမားများ အနေဖြင့် အလုပ်အကိုင်များ ရရှိကြသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
Source: Myawaddy
ေဆာင္းၾကက္သြန္နီစိုက္ ရာသီတြင္ ဧကျပတ္ေငြေပးစနစ္ျဖင့္ ငွားရမ္း စိုက္ပ်ဳိးေနရ
စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕နယ္အတြင္း ယခုႏွစ္ ေဆာင္းၾကက္သြန္နီစိုက္ ရာသီတြင္ အခ်ိန္မီ စိုက္ပ်ဳိးႏိုင္ေရး အလုပ္သမားမ်ားကို ဧကျပတ္စနစ္ျဖင့္ ငွားရမ္း စိုက္ပ်ဳိးေနရေၾကာင္း သိရသည္။
“အလုပ္သမားေစ်းႏႈန္း အေနနဲ႔ကေတာ့ အတက္အက်မရွိဘူး။ အလုပ္သမား ငွားရမ္းတဲ့ ေနရာမွာ အခက္အခဲျဖစ္တယ္။ မႏွစ္ကေတာ့ တစ္ဧကစိုက္ပ်ဳိးစရိတ္က ေျမငွားရမ္းခ အပါအ၀င္ အေထြေထြ ကုန္က်စရိတ္ ေငြက်ပ္ ၂၅ သိန္းေက်ာ္ေလာက္ က်တယ္။
ထြက္ရွိမႈအေနနဲ႔ေတာ့ မႏွစ္က တစ္ဧကကို ပိႆာခ်ိန္ ၆၀၀၀ ေက်ာ္ထြက္တယ္။ ေစ်းႏႈန္းက ၾကက္သြန္နီစထြက္တဲ့အခ်ိန္မွာ တစ္ပိႆာကုိ ေငြက်ပ္ ၃၀၀ ေလာက္ပဲရွိတယ္။ အခုအခ်ိန္မွာေတာ့ တစ္ပိႆာကို ေငြက်ပ္ ၄၀၀၀ ၀န္းက်င္ အထိရွိေနတယ္” ဟု မံုရြာၿမိဳ႕နယ္ကၽြဲရဲေက်းရြာမွ ၾကက္သြန္နီစိုက္ေတာင္သူ ကိုသက္ဟိန္း ကေျပာသည္။
Read More >>>>> ဗိုလ္စားပဲမ်ား ေရာင္းအားေကာင္းသျဖင့္ စိုက္ပ်ဳိးသူမ်ား အဆင္ေျပ
ေဆာင္းၾကက္သြန္နီကို ေအာက္တိုဘာလအတြင္းမွ ဒီဇင္ဘာလအလယ္အထိ စိုက္ပ်ဳိးလ်က္ရွိရာ အလုပ္သမား ငွားရမ္းမႈတြင္ ေရသြင္းစိုက္ပ်ဳိးမည့္ စိုက္ခင္းတစ္ဧကေငြက်ပ္ ၁၆၀၀၀၀ ႏႈန္းျဖင့္ လည္းေကာင္း၊ ေရဖ်န္းစနစ္ျဖင့္ စိုက္ပ်ဳိးမည့္ တစ္ဧကကို ေငြက်ပ္ ၁၈၀၀၀၀ ႏႈန္းျဖင့္ လည္းေကာင္း မံုရြာၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားႏွင့္ အနီး၀န္းက်င္ၿမိဳ႕နယ္မ်ားရွိ ေက်းရြာမ်ားမွ အလုပ္သမားမ်ားကို ငွားရမ္း စိုက္ပ်ဳိးလ်က္ ရွိသည္။
မံုရြာၿမိဳ႕နယ္ ေျမာက္ဘက္ျခမ္းရွိ ေတာင္ပလူ၊ ေက်ာက္စစ္ပံု၊ ကၽြဲရဲ၊ သမန္တာ၊ ေကာ္ရဗ်၊ ေညာင္ေျခေထာက္၊ က်ီကုန္း၊ အလံု၊ သေျပေတာ၊ ဖန္ခါးက်င္းေက်းရြာတို႔တြင္ ကုန္း၊ အင္းၾကက္သြန္မ်ားကို အမ်ားဆံုး စိုက္ပ်ဳိးလ်က္ရွိရာ ေန႔စားအလုပ္သမားမ်ား အေနျဖင့္ အလုပ္အကိုင္မ်ား ရရွိၾကသျဖင့္ မိသားစုစား၀တ္ေနေရး အဆင္ေျပလ်က္ ရွိေၾကာင္း သိရသည္။
Source: Myawaddy



