Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ရွာငံမြို့ထွက်ကော်ဖီများကို ကနေဒါနိုင်ငံမှ ၀ယ်ယူမည်

ပြည်ပဈေးကွက် အခိုင်အမာရရှိထားသော ရှမ်းပြည်နယ် တောင်ပိုင်း

ရွာငံမြို့မှ ထွက်ရှိတဲ့ ကော်ဖီများကို ယခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်ပဈေးကွက်သစ်အနေဖြင့် ကနေဒါနိုင်ငံမှ ၀ယ်ယူမည်ဖြစ်ကြောင်း ယင်းမြို့ရှိ ကော်ဖီထုတ်လုပ်ရောင်းချသူများထံမှ သိရပါတယ်။

 

ကနေဒါနိုင်ငံရှိ ကော်ဖီဆိုင်များ၊ ကော်ဖီနှင့်ဆက်စပ်တဲ့ စားသုံးကုန်ထုတ်လုပ်သော လုပ်ငန်းများမှ ရွာငံမြို့ထွက် ကော်ဖီအမျိုးအစားအားလုံးကို ၀ယ်ယူမည်ဖြစ်ရာ ကော်ဖီအမျိုးအစားပေါ်မူတည်၍ နိုင်ငံတကာဈေးနှုန်းအတိုင်းသာ ၀ယ်ယူမည်ဖြစ်ကြောင်း သိရပါတယ်။

 

ရွာငံမြို့ထွက် ကော်ဖီများကို ကနေဒါနိုင်ငံရှိ ကော်ဖီထုတ်လုပ်ရောင်းချသော ကုမဏီလေးခုမှ ၀ယ်ယူမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကလည်း အဓိက ၀ယ်ယူလျက်ရှိကြောင်း သိရပါတယ်။

 

ရွာငံမြို့နယ်အတွင်း ကော်ဖီကို ယခင်က ဒေသသုံးတိုင်းရင်းမျိုးကိုသာ စိုက်ပျိုးလျက်ရှိပြီး လက်ရှိတွင် အထွက်နှုန်းပိုမိုကောင်းမွန်တဲ့ ကပ်တွိုင်းမျိုးသန့်ကော်ဖီများကိုသာ ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရပါတယ်။

 

လက်ရှိတွင် မြန်မာကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့်ဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေပြီး ကနေဒါနိုင်ငံမှ ၀ယ်ယူရာတွင်လည်း ပြည်ပသို့ တင်ပို့ရောင်းချနေသည့် ဈေးနှုန်းများဖြင့်သာ တင်ပို့မည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ့ကော်ဖီအရည်အသွေးပိုင်းနှင့် စိုက်ပျိုးမှုလည်း အားကောင်းလာကာ ရွာငံမြို့နယ်တစ်ခုတည်းတွင် ကော်ဖီစိုက်ဧကပေါင်း ၆၆၀၀ ကျော်ရှိကာ တစ်နှစ်လျှင် ကော်ဖီတန်ချိန်ထွက်ရှိမှု၏ ၅၀% ကို ပြည်ပသို့ တင်ပို့နေရပြီဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:28
Rate this item
(1 Vote)