Food & Livestock



ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းအညွှန်းကိန်း ၁၂ လမြောက် ဆက်လက်ကျဆင်း

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းအညွှန်းကိန်း ၁၂ လမြောက် ဆက်လက်ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းအညွှန်းကိန်းသည် လွန်ခဲ့သည့် တစ်နှစ်က စံချိန်တင် အမြင့်ဆုံး ရောက်ရှိခဲ့စဉ်ကထက် ယခုအခါ ၂၀.၅% ကျဆင်းခဲ့ပြီ ဖြစ်သည်။

.

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ၏ ကမ္ဘာ့စျေးနှုန်းညွှန်းကိန်းသည် မတ်လတွင် ၁၂ လမြောက်အဖြစ် ဆက်တိုက် ကျဆင်းခဲ့သည်။

.

ကမ္ဘာတစ်ဝှမ်း ရောင်းဝယ်ဖောက်ကားမှု အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများကို လိုက်လံမှတ်သားသည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့  Food and Agriculture Organization(FAO) ၏ ဈေးနှုန်းညွှန်းကိန်းသည် ပြီးခဲ့သော မတ်လတွင် ပျမ်းမျှ အမှတ် ၁၂၆.၉ ရှိပြီး ဖေဖော်ဝါရီလတွင် ၁၂၉.၇ မှတ် ရှိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

.

လုံလောက်သော ကုန်စည်ရရှိမှုများ၊ သွင်းကုန်ဝယ်လိုအား ကျဆင်းခြင်းနှင့် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းကောက်နှံများကို ဘေးကင်းစွာ တင်ပို့ခွင့်ပြုခြင်းဆိုင်ရာ သဘောတူညီချက် သက်တမ်းတိုးခြင်းတို့ ပေါင်းဆုံနေခြင်းသည် ဈေးနှုန်းများ ကျဆင်းမှုကို အထောက်အကူဖြစ်စေသည်ဟု FAO က ပြောကြားခဲ့သည်။

.

ရောမအခြေစိုက် အဆိုပါ အေဂျင်စီက ကောက်နှံများ၊ ဟင်းရွက်ဆီများနှင့် နို့ထွက်ပစ္စည်းများ၏စျေးနှုန်းများ နိမ့်ကျသွားခြင်းက သကြားနှင့် အသားဈေးနှုန်းများ မြင့်တက်မှုကို ထေမိစေသည်ထက် ပိုခဲ့သဖြင့် ရလဒ်အဖြစ် အညွှန်းကိန်းကျဆင်းသွားသည်ဟု ပြောကြားသည်။ 

.

"ကမ္ဘာ့အဆင့်မှာ စျေးနှုန်းတွေ ကျဆင်းနေပေမဲ့ အရမ်းအမြင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်များမှာ ဆက်ပြီး ဈေးတက်နေဆဲ ဖြစ်တာကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် အခက်အခဲတွေ ထပ်တိုးလာနေပါတယ်" ဟု FAO ၏ စီးပွားရေးပညာရှင် Maximo Torero က ကြေညာချက်တွင် ပြောကြားထားသည်။

.

“အထူးသဖြင့် အသားတင် အစားအစာ တင်သွင်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုဆိုးပါတယ်။ နိုင်ငံသုံးငွေက ကန်ဒေါ်လာ၊ ယူရိုတို့နှင့် ငွေလဲနှုန်းမှာ တန်ဖိုးကျတာကလည်း အ‌ြေခအနေကို ပိုဆိုးနေစေပါတယ်။ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကလည်း တောင်လို ပုံနေပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

.

FAO ကောက်ပဲသီးနှံ ဈေးနှုန်း အညွှန်းကိန်းသည် မတ်လတွင် ဖေဖော်ဝါရီလထက် ၅.၆% ကျဆင်းခဲ့သည်။ ဂျုံက ၇.၁% ၊ ပြောင်းက ၄.၆%၊ ဆန်က ၃.၂% ကျဆင်းခဲ့သည်။

.

ဟင်းရွက်ဆီဈေးနှုန်း အညွှန်းကိန်းသည် ၃.၀% ကျဆင်းသည်။ အမြင့်ဆုံး ဖြစ်ခဲ့သည့် ၂၀၂၂ မတ်လထက် ၄၇.၇% ကျဆင်းသည်။ 

.

နို့ထွက်ပစ္စည်း ဈေးနှုန်း အညွှန်းကိန်းသည် ၀.၈% ကျဆင်းသည်။

.

သကြားဈေးနှုန်း အညွှန်းကိန်းသည် ၁.၅% မြင့်တက်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးရေချိန် ဖြစ်သည်။ အိန္ဒိယ၊ ထိုင်းနှင့် တရုတ်တို့တွင် သကြားအထွက် လျော့ကျမည့် အလားအလာ ရှိနေသဖြင့် ဈေးတက်နေခြင်း ဖြစ်သည်။

.

အသား ဈေးနှုန်း အညွှန်းကိန်းသည် ၀.၈% မြင့်တက်သည်။ 

.

FAO က ကောက်ပဲသီးနှံ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် သီးခြား အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ဂျုံထုတ်လုပ်မှု တန်ချိန် ၇၈၆ သန်း ရှိမည်ဟု တွက်ဆထားသည်။ ၂၀၂၂ ထက် ၁.၃% လျော့နည်းသည်။ 

.

ကမ္ဘာ့ဆန်ထုတ်လုပ်မှု ၂၀၂၂/၂၃ တွင် တန်ချိန် ၅၁၆ သန်း ရှိမည်ဟု ခန့်မှန်းသည်။ 

,

၂၀၂၂/၂၃ ကာလအတွင်း ကမ္ဘာ့သီးနှံ စားသုံးမှု တန်ချိန် ၂.၇၇၉ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။ 

Source FAO


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 09 April 2023 09:58
Rate this item
(0 votes)