Food & Livestock



ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် မြင့်တက်

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့.  Food and Agriculture Organization's (FAO) ၏ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (Food Price Index)သည် တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီလတွင် မြင့်တက်ခဲ့သည်။

သို့သော် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် စံချိန်တင် အမြင့်ဆုံး ထိုးတက်ခဲ့သည်ထက် ၂၀% နည်းနေဆဲ ဖြစ်သည်။

FAO ၏ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (Food Price Index)သည် ကမ္ဘာပေါ်တွင် ကုန်သွယ်မှု အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများအပေါ် အခြေခံထားပါသည်။ 

ဈေးနှုန်းညွှန်းကိန်းသည် မတ်လတွင် 126.5 ဖြစ်ခဲ့ပြီး ဧပြီလတွင် 127.2 သို့ မြင့်တက်ပါသည်။ 

.

ဧပြီလ မြင့်တက်မှုသည် သကြား၊ အသားနှင့် ဆန်များအတွက် စျေးနှုန်းမြင့်မားမှုက  ကောက်နှံ၊ နို့ထွက်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်ဆီတို့ ကျဆင်းမှုထက် ပိုများခဲ့သဖြင့် စျေးနှုန်းညွှန်းကိန်းများ မြင့်တက်ခဲ့သည်ဟု  ရောမမြို့အခြေစိုက် အေဂျင်စီက ပြောကြားပါသည်။ 

 .

 ဧပြီလတွင် သကြားဈေးနှုန်းညွှန်းကိန်းသည် မတ်လထက် ၁၇.၆% ပိုများသည်။ ၂၀၁၁ အောက်တိုဘာလ နောက်ပိုင်း အမြင့်ဆုံးရေချိန် ဖြစ်သည်။ အိန္ဒိယနှင့် တရုတ် နိုင်ငံများမှ တင်ပို့မှု လျော့ကျခြင်း၊ ထိုင်းနှင့် အီးယူတို့တွင် ခန့်မှန်းထားသည်ထက် အထွက်လျော့ခြင်းတို့က သကြားဈေးနှုန်းကို ဆွဲတင်ခဲ့သည်။

.

အသားဈေးနှုန်းညွှန်းကိန်းသည် ဧပြီလတွင် မတ်လထက် ၁.၃% မြင့်တက်သည်။ 

နို့ထွက်ပစ္စည်း ဈေးနှုန်းညွှန်းကိန်းသည် ၁.၇% လျော့ကျသည်။

ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်းသည် ၁.၇% ကျဆင်းသည်။ 

ကောက်နှံအမျိုးမျိုးတို့၏ ကမ္ဘာ့ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဆန်ဈေး မြင့်တက်ခဲ့သည်။

.

ယူကရိန်းမှ ကောက်နှံများ ပင်လယ်နက်ကို ဖြတ်သန်းတင်ပို့ခွင့် ဆက်လက် ရရှိနေခြင်းကြောင့် ကောက်နှံဈေးနှုန်း ကျဆင်းစေသည်။ 

.

 

အခြားအစီရင်ခံစာတစ်ခုတွင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဂျုံထုတ်လုပ်မှု တန်ချိန် ၇၈၅ သန်းရှိမည်ဟု FAO က ခန့်မှန်းထားသည်။

၂၀၂၂ ရေချိန်ထက် အနည်းငယ် လျော့နည်းသည်။

Source FAO

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 12 May 2023 15:12
Rate this item
(0 votes)