Food & Livestock



ဆန် ဈေးတက်သော်လည်း FAO ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အညွှန်းကိန်း ၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ပြန်လည်ကျဆင်း

ဆန် ဈေးတက်သော်လည်း FAO ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အညွှန်းကိန်း ၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ပြန်လည်ကျဆင်း 

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီဖြစ်သည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့Food and Agriculture Organization (FAO) ၏ ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်းသည် ဩဂုတ်လတွင် နှစ်နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။

ဆန်နှင့် သကြား ဈေးတက်သော်လည်း စားသောက်ကုန် အများစုတွင် ဈေးကျဆင်းခြင်းကြောင့် စျေးနှုန်းညွှန်းကိန်း ကျဆင်းသွားခဲ့သည်။

 

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဈေးနှုန်းညွှန်းကိန်းသည် ကမ္ဘာ့ ရောင်းဝယ်ဖောက်ကားမှု အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများကို အခြေခံထားသည်။ ဇူလိုင်လ ပျမ်းမျှ ၁၂၄.၀ မှတ် ရှိခဲ့ပြီး ဩဂုတ်လတွင် ပျမ်းမျှ ၁၂၁.၄ မှတ် ရှိကြောင်း သောကြာနေ့(စက်တင်ဘာ ၈) တွင် FAO က ပြောကြားသည်။

 

 home_graph_1_sep707.jpg

 

ဩဂုတ်လ ပျမ်းမျှရမှတ်သည် ၂၀၂၁ မတ်လနောက်ပိုင်း အနည်းဆုံး ဖြစ်သည်။

အမြင့်ဆုံးလမှာ ၂၀၂၂ မတ်လ ဖြစ်သည်။ ယူကရိန်း စစ်ပွဲ စတင်ပြီးနောက် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

အားလုံးခြုံငုံထားသည့် ပျမ်းမျှ အမှတ် ကျဆင်းရသည်မှာ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်ဆီများ၊ အသားနှင့် ကောက်နှံများ ဈေးကျသောကြောင့် ဖြစ်သည်။ ဆန်ဈေးနှုန်းသည် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ခုန်တက်သည်။ အိန္ဒိယဆန် တင်ပို့မှု ကန့်သတ်ပိတ်ပင်ခြင်း၊ ပို့ကုန်ခွန် တိုးမြှင့် စည်းကြပ်ခြင်းတို့ကြောင့် ကမ္ဘာ့ဆန်ဈေး ခုန်တက်သည်။

ဆန်အညွှန်းကိန်းသည် ဇူလိုင်လထက် 

၁၀ ရာခိုင်နှုန်းနီးပါး တက်လာသည်။

 

FAO ၏ သီးနှံညွှန်းကိန်းသည် ဇူလိုင်လထက် ၀.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မြောက်ကမ္ဘာခြမ်းတွင် ဂျုံ ရိတ်သိမ်းချိန် ဖြစ်သဖြင့်  ဂျုံဈေး ကျဆင်းခဲ့သည်။

ပြောင်းလည်း ဈေးကျသည်မှာ ၇ လ ဆက်တိုက် ရှိပြီ ဖြစ်သည်။ ၃ နှစ်နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသည်။ ဘရာဇီး ပြောင်း အထွက်နှုန်း စံချိန်တင် များပြားပြီး အမေရိကန်တွင် ပြောင်းရိတ်သိမ်းချိန် နီးကပ်နေပြီ ဖြစ်သဖြင့် ပြောင်းဈေး ပြုတ်ကျသည်။

 

သကြားညွှန်းကိန်းသည် ဇူလိုင်လထက် ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကြံ ထုတ်လုပ်မှုအပေါ် အယ်နီညိုရာသီဥတုပုံစံ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် သကြား ဈေးတက်သည်။

ဟင်းသီးဟင်းရွက်ဆီညွှန်းကိန်းသည် ဩဂုတ်လတွင် ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နို့ထွက်ပစ္စည်းညွှန်းကိန်း ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။ တလထက်တလ ဈေးကျသည်မှာ ၈ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

 

Source FAO


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 10 September 2023 08:43
Rate this item
(0 votes)