Food & Livestock



ဗီယက်နမ် မူဝါဒအသစ်အရ နှစ်စဉ် ဆန်တင်ပို့မှု ၄၄ ရာခိုင်နှုန်း လျှော့ချသွားမည်

ဗီယက်နမ် မူဝါဒအသစ်အရ  နှစ်စဉ် ဆန်တင်ပို့မှု ၄၄ ရာခိုင်နှုန်း လျှော့ချသွားမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်သည် ဆန်တင်ပို့မှုအား ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၇.၁ သန်း ရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄ သန်းသာ တင်ပို့တော့သည်အထိ ဖြစ်အောင် လျှောချ ဖြတ်တောက်ရန် ရည်မှန်းထားကြောင်း အစိုးရ၏ မူဝါဒအသစ်မှ  ဆန်တင်ပို့မှု မဟာဗျူဟာ အသေးစိတ် တင်ပြထားသည့် စာတမ်းတွင် ဖော်ပြထားသည်။

.

ဗီယက်နမ်သည် အိန္ဒိယနှင့် ထိုင်းပြီးလျှင် ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည်။

.

ဆန်တင်ပို့မှု လျှော့ချခြင်းသည်

• အရည်အသွေးမြင့်သည့် ဆန်များ တင်ပို့မှု မြှင့်တင်ရေး၊

• ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးကို အာမခံချက် ရရှိစေရေး

• သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး

• ရာသီဥတု ပြောင်းလဲခြင်းနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေး

 တို့ကို ရည်ရွယ်သည်။

.

ထိုသို့ ဆန်တင်ပို့မှု လျှော့ချသဖြင့် ဆန်ပို့ကုန် ဝင်ငွေလည်း လျော့ကျမည်။၂၀၂၂ တွင် ကန်ဒေါ်လာ ၃.၄၅ ဘီလီယံ ရရှိခဲ့ရာမှ ၂၀၃၀ တွင် ကန်ဒေါ်လာ ၂.၆၂ ဘီလီယံသာ ရရှိမည် ဖြစ်သည်။ 

.

ဆန်တင်ပို့မှုကို နိုင်ငံတစ်ခုတည်းအပေါ် အားကိုးအားထား ပြုခြင်းအစား ဈေးကွက်အချိူ့ကို အဓိကအားဖြင့် တင်ပို့မည်။

လက်ရှိတွင် ဗီယက်နမ်ဆန် အများစုကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နေသည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်ကို အများဆုံးဝယ်ယူခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ယမန်နှစ်က ‌ဗီယက်နမ် ပို့ကုန်ဆန် ၄၅% ကို ဖိလစ်ပိုင်သို့ တင်ပို့ခဲ့သည်။

.

၂၀၂၅ တွင် ဗီယက်နမ် ပို့ကုန်ဆန် ၆၀% ကို အာရှဈေးကွက်များထံ တင်ပို့မည်။ 

၂၂% ကို အာဖရိက၊ 

၇% ကို အမေရိက၊ 

၄% ကို အရွေအလယ်ပိုင်းဒေသ

၃% ကို ဥရောပ သို့ တင်ပို့မည်။

.

ဗီယက်နမ် အစိုးရက အရည်အသွေးမြင့် ဆန်မွှေးနှင့် ကောက်ညှင်းဆန် ထုတ်လုပ်မှုကို အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အရည်အသွေးနိမ့် ဆန် ထုတ်လုပ်မှုကို စုစုပေါင်းဆန်ထုတ်လုပ်မှု၏

၁၅% သို့ ၂၀၂၅ တွင် လျှော့ချမည် ဖြစ်ပြီး ၁၀% သို့ ၂၀၃၀ တွင် လျှော့ချမည် ဖြစ်သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 27 May 2023 18:44
Rate this item
(0 votes)