Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်သီးရှစ်မျိုးကို တရားဝင် နယ်စပ်ထွက်ပေါက်များမှ တင်ပို့နိုင်ရန် ဆောင်ရွက်

သစ်သီးရှစ်မျိုးကို တရားဝင် နယ်စပ်ထွက်ပေါက်များမှ  တင်ပို့နိုင်ရန်နှင့် တရုတ်နိုင်ငံ၏ အပင်နှင့် တိရစ္ဆာန်များ ရောဂါကင်းရှင်းရေး AQSIQရရှိစေရန်  သက်ဆိုင်ရာသို့ တင်ပြထားကြောင်း

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ  ဦးစိုးသန်းမင်းဒင်၏ ထံမှ သိရသည်။

 

တရုတ်နိုင်ငံ၏ AQSIQ စာရင်းတွင် ဖရဲ၊ သခွား၊ သရက်နှင့် ဆီးသီးဟူ၍ လေးမျိုးကို  ခွင့်ပြုထားကာ ထောပတ်၊  ကျွဲကော၊ ငှက်ပျော၊ နာနတ်၊ သံပရာ၊ ဝဥ၊ ကြက်မောက်၊ ဒူးရင်း  သစ်သီးရှစ်မျိုးကို မူဆယ်-ရွှေလီ ဝင်ပေါက် တစ်ပေါက်တည်းသာမက ကန်ပိုက်တီ၊ လွယ်ဂျယ်စသည့် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်ပေါက်တို့မှ တစ်ဆင့် တင်ပို့ခွင့် ရရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သို့ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် သရက်၊ ထောပတ်၊ ကျွဲကော၊ ပိန္နဲ၊ နာနတ် ထွက်ရှိမှု များပြားလာသော်လည်း   AQSIQ ရရှိထားခြင်း မရှိသောကြောင့် ဈေးနှိမ်မှုများ ရှိနေသည်။

 Read More >>>>>   ပန်းသီး၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် AQSIQ မှတ်ပုံတင်ထားသည့်  ကုန်စည်မှာ  ဆန်၊ သရက်၊  ဖရဲ၊  သခွား၊  ဆီးသီးတို့သာရှိပြီး ကျန်ကုန်စည် အများစုမှာ  နယ်စပ်လမ်းကြောင်းမှ    တရားမဝင် တင်ပို့နေရသည့်အတွက် ဈေးနှိမ်ခံရမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

 

ထို့ပြင် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် သစ်သီးဝလံများ အပြင် လယ်ယာထွက်ကုန်များ၊  မွေးမြူရေး ထွက်ကုန်များ၊ စက်မှုထုတ်ကုန်များကို AQSIQ မှတ်ပုံတင်ခွင့်  အမြန်ဆုံးရရှိရေး  သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ  တင်ပြတောင်းဆို ထားကြောင်း သိရသည်။   

 

Source: Myawaddy

Read times Last modified on Tuesday, 26 March 2019 11:25
Rate this item
(1 Vote)