Food & Livestock



အင်ဒိုနီးရှား စားအုန်းဆီလုပ်ငန်းများ ဖြန့်ဖြူးမှု ကန့်သတ်ချုပ်ထိန်းသည့်အတွက် ဒေါ်လာ ၂.၇၈ သန်း အထိ ဒဏ်ငွေရိုက်ခံရ

အင်ဒိုနီးရှား စားအုန်းဆီလုပ်ငန်းများ ဖြန့်ဖြူးမှု  ကန့်သတ်ချုပ်ထိန်းသည့်အတွက် ဒေါ်လာ ၂.၇၈ သန်း အထိ ဒဏ်ငွေရိုက်ခံရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အင်ဒိုနီးရှား၏ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးအေဂျင်စီ (KPPU) သည် ဟင်းချက်ဆီ ကုမ္ပဏီခုနစ်ခုကို ယမန်နှစ်က စားအုန်းဆီ ဖြန့်ဖြူးခြင်း ကန့်သတ်ချုပ်ထိန်းသည့်အတွက် ဒဏ်ငွေပေးဆောင်ရန် မေ ၂၆ ရက်တွင် စီရင်ချက် ချခဲ့သည်။

.

KPPU သည် ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်လာပြီးနောက် ကုမ္ပဏီများ၏ လုပ်ဆောင်မှုများအား စုံစမ်းစစ်ဆေးမှု ပြီးခဲ့သည့်နှစ်က ဆောင်ရွက်ခဲ့သည်။

ကုမ္ပဏီ ၂၇ ခုအနက် ၇ ခုသည် ဖြန့်ဖြူးသည့် ပမာဏ ချုပ်ထိန်းခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။

 .

ကုမ္ပဏီ ၇ ခုတွင် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး စားသောက်ကုန်ကုမ္ပဏီ Indofood Group မှ Salim Ivomas Pratama ၊ သီလဝါရှိ စားအုန်းဆီလုပ်ငန်း၏ မိခင်လုပ်ငန်း Wilmar Group ၏ လုပ်ငန်းခွဲ ၂ ခုတို့ ပါဝင်သည်။

.

ကုမ္ပဏီ ၇ ခုကို ဒဏ်ငွေ ရူပီယာ ၁ ဘီလီယံမှ ၄၀.၉ ဘီလီယံ (ကန်ဒေါ်လာ ၆၈,၀၅၀ မှ ၂.၇၈ သန်း) အထိ ပေးဆောင်စေသည်။

.

၎င်းကုမ္ပဏီ ၇ ခုစလုံးကို ဈေးကစားသည့် အမှုဖြင့်လည်း တရားစွဲဆိုထားရာ ၎င်းအမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးသည်။

.

အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 28 May 2023 06:22
Rate this item
(0 votes)