Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီ အပါအ၀င် တူရကီစားသောက်ကုန်များ မိတ်ဆက်ပြသ

ရန်ကုန်မြို့  MEP ခန်းမ၌ ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ အစားအသောက်နှင့် အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့် ဖုတ်လုပ်ငန်းသုံးပစ္စည်း၊

အထောက်အကူပြု ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက်ရည်ရွယ်ပြီး ဇွန်လ (၆)ရက် မှ (၈) ရက်နေ့ ထိ ကျင်းပပြုလုပ်ခဲ့သည့် Food and Hotel Myanmar 2018 ပြပွဲတွင် တူရကီနိုင်ငံမှ စားသောက်ကုန်နှင့် ပတ်သက်သော ပြခန်း ၁၁ ခု ပါဝင်ပြသခဲ့သည်။

ak 

တူရကီကုမ္ပဏီများသည် လွန်ခဲ့သည့်နှစ်များမှစ၍ မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍအမျိုးမျိုးတို့တွင် စိတ်ဝင်စားမှု ပိုများလာလျက်ရှိရာ စားသောက်ကုန်လုပ်ငန်းကဏ္ဍလည်း အပါအ၀င်ဖြစ်သည်ဟု တူရကီ ဒုတိယ သံအမတ်ကြီး အေမန် အို(ဇ်) ဆာဟင်က ပြောကြားပါသည်။

 

ယခင်နှစ်က ကျင်းပခဲ့သည့် Food and Hotel Myanmar ပြပွဲတွင် တူရကီမှ ပြခန်းများ ပြသခဲ့ပြီး ယခုနှစ်တွင်လည်း ပါဝင်ပြသခဲ့သည်။ စားသောက်ကုန် ထုတ်ကုန်အမျိုးမျိုးတို့ကို ပြခန်းတွဲဖြင့် ပြသထားရာ၌ စားသုံးဆီ၊ မုန့်ဖုတ်လုပ်ငန်း၊ ဂျုံမှုန့်တို့ကို ပြသထားပြီး မြန်မာနိုင်ငံမှ လက်တွဲလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို လိုလားလျက်ရှိသည်။

 ak1

စိတ်ဝင်စားသဖြင့် စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်ဖုံးနံပါတ်မှာ ၀၁-၆၆၂ ၉၉၂ ဖြစ်သည်။

Read times Last modified on Tuesday, 18 September 2018 13:17
Rate this item
(0 votes)