Food & Livestock



စင်ကာပူမှ အဆင့်မြင့် မြို့ပြ ပုရစ်မွေးမြူရေး လုပ်ငန်း

စင်ကာပူမှ အဆင့်မြင့် မြို့ပြ ပုရစ်မွေးမြူရေး လုပ်ငန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

0605_BUG_MAIN.jpeg

 

မြို့ပြမွေးမြူရေးသမား အသက် ၃၆ နှစ်ရှိသူ Christopher Leow သည် Future Protein Solutions ထူထောင်သူနှင့် စီအီးအို ဖြစ်ပါသည်။ သူ့၏ ပုရစ်မွေးမြူရေးလုပ်ငန်းသည် စင်ကာပူနိုင်ငံရှိ Gallop Kranji Farm Resort တွင် တည်ရှိပါသည်။

 

 0605_BUG_1.jpeg

Future Protein Solutions အဆင့်မြင့် မြို့ပြ ပုရစ်မွေးမြူရေး

PHOTO: Wonderwall.sg

 

 ပုရစ်သည် ရောင်းတန်းဝင် အင်းဆက်ဖြစ်ပါသည်။  ပရိုတင်းအရင်းအမြစ်အဖြစ် ပုရစ်ကို စနစ်တကျ မွေးမြူကြပါသည်။

ပုရစ်များသည် သွေးအေးသောကြောင့် အနွေးဓာတ်ပေးဖို့ မလိုအပ်ပါ။ အပူပိုင်းရာသီဥတုတွင်   ကယ်လိုရီ များများစားစား မလိုအပ်သဖြင့် အစာ အနည်းအကျဉ်း၊ ရေအနည်းအကျဉ်းသာ ကျွေးမွေးဖို့ လိုအပ်သည်။ နေရာလည်း ကျယ်ကျယ် မလိုပါ။

 

0605_BUG_2.jpeg

 ပုရစ်ကောင်ရေ ၂၀၀၀ ခန့်ရှိသော ပလပ်စတစ်ပုံးများကို စင်ပေါ်၌ သပ်ရပ်စွာ ထားရှိသည်။

PHOTO: Wonderwall.sg

 

 0605_BUG_3.jpeg

 ကြက်ဥဖော့ခံပြားများဖြင့် အခန်းများဖွဲ့ပေးပါသည်။

PHOTO: Wonderwall.sg

 

0605_BUG_4.jpeg

Cricket  ချေးကို ပလပ်စတစ်ပုံး တစ်ခုစီ၏ အောက်ခြေရင်းတွင် စုဆောင်းသည်။

PHOTO: Wonderwall.sg

 

0605_BUG_5.jpeg

Cricket  ချေးကို အော်ဂဲနစ် အပင်ငယ်များအတွက် မြေဩဇာအဖြစ် သုံးစွဲသည်။ ၎င်းအပင်ငယ်များကို ပုရစ်အစာအဖြစ် အသုံးပြုသည်။ ဆီကြိတ်ရာတွင် ဘေးထွက်ပစ္စည်းဖြစ်သည့် ပဲဖတ်ကို အမှုန့်ကြိတ်ထားသော အမှုန့်နှင့် ရောနှောပြီး ကျွေးပါသည်။

PHOTO: Wonderwall.sg

 

ပုရစ်အကောင်ပေါက်မှ အရွယ်ရောက်ရန် ရက်ပေါင်း ၃၀ မှ ၆၀ အထိ ကြာမြင့်ပါသည်။

အရွယ်ရောက်သည့်အခါ မိတ်လိုက်ရန် အသံပြုပါသည်။ 

ပုရစ်များ ဥအုရန် အုန်းခွံအမျှင်များ အသင့် ထားပေးပါသည်။

ဥပေါက်ရန် ၇ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ပါသည်။

 

 0605_BUG_6.jpeg

PHOTO: Christopher Leow

Future Protein Solutions အဆင့်မြင့် မြို့ပြ ပုရစ်မွေးမြူရေးလုပ်ငန်းသည် ဖြစ်နိုင်သရွေ့ စိမ်းလန်းရေးကို ဆောင်ရွက်ပါသည်။ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသည်။ ပြင်ပမှ ဓာတ်အား မယူပါ။ 

မိုးရေကိုလည်း စုဆောင်းထားပါသည်။

 

 စင်ကာပူသည် လုပ်သားခ မြင့်မားသည့်အပြင် လုပ်သားရဖို့လည်း မလွယ်ကူသဖြင့် လူအင်အား သုံးစွဲမှု လျော့နည်းအောင်လည်း ကြံဆထားပါသည်။

 

 

0605_BUG_7.jpeg

 အစာကျွေးရန် ရိုဘော့ သုံးပါသည်။ လူအကူအညီမလိုဘဲ အစာကျွေးတတ်အောင် သင်ပေးထားပါသည်။

 

 0605_BUG_8.jpeg

ပုရစ်များကို ဖမ်းယူပြီးသောအခါ အေးခဲစေပါသည်။ သွေးအေးသတ္တဝါဖြစ်သဖြင့် ပုရစ်များ အိပ်ပျော်သွားကြပြီး ပြန်မနိုးတော့ပါ။

PHOTO: Wonderwall.sg

 

0605_BUG_9.jpeg

အခြောက်ခံပြီး အဆီထုတ်ပါသည်။ ပုရစ်ပေါင်ဒါမှုန့် ထုတ်လုပ်ပါသည်။

PHOTO: Wonderwall.sg

 

 0605_BUG_10.jpeg

 ပုရစ်ကို အကောင်လိုက် စားဖို့ ရွံ့နေသူများအတွက် ပုရစ်အမှုန့်သည် အဆင်ပြေစေပါသည်။

PHOTO: Wonderwall.sg

 

"ပုရစ်တွေ အရွယ်ရောက်တဲ့အခါ စားသောက်ကုန်အဖြစ် ထုတ်လုပ်ဖို့ စတင်လုပ်ကိုင်ပါတယ်။ ပထမဆုံးအဆင့်က သူတို့ သေသွားအောင် လုပ်ရပါတယ်။ သူတို့ကို ရေခဲခန်းထဲ ထည့်ထားပါတယ်။ သူတို့က သွေးအေးသတ္တဝါတွေဆိုတော့ သူတို့ အိပ်ပျော်သွားကြပါတယ်။ ပြန်မနိုးတော့ပါဘူး" ဟု Christopher Leow က ပြောပြသည်။

 

"ပြ‌ီးရင် ပုရစ်တေ‌ွကို ပြန်ထုတ်ယူပြီး ရေဆေးပါတယ်။ အခြောက်ခံပါတယ်။ လှော်ပါတယ်။ ပြီးရင် အဆီထုတ်ပါတယ်။ ပုရစ်ဆီကို ဟင်းချက်ဆီအဖြစ် သုံးလို့ရပါတယ်။ အဆီထုတ်ပြီးရင် အမှုန့်ကြိတ်ပါတယ်"  ဟု Christopher Leow က လုပ်ကိုင်ပုံ အဆင့်ဆင့်ကို ပြောပြသည်။

အထူးသဖြင့် ပုရစ်နှင့် မရင်းနှီးသော နိုင်ငံများတွင် အမှုန့်ပုံစံဖြင့်သာ စားသုံးလိုကြသည်။ 

 

0605_BUG_11.jpeg

Nik နှင့် Christopher တို့သည် ရေရှည်တည်တံ့ပြီး လုပ်သားအင်အားနည်းသော စိုက်ပျိုးရေးဖြေရှင်းချက်တစ်ခုအဖြစ် ၎င်းတို့ဖန်တီးထားသော စနစ်များကို ရောင်းချရန် မျှော်လင့်ထားသည်။

PHOTO: Wonderwall.sg

 

0605_BUG_12.jpeg

Future Protein Solutions သည် အိမ်တွင်းစိုက်ပျိုးသည့် အပင်ငယ်များနှင့် စားသုံးနိုင်သော အပင်များအတွက် မြေဩဇာအဖြစ် ပုရစ်ချေးကို ရောင်းချသည်။

PHOTO: Wonderwall.sg

 

0605_BUG_13.jpeg

ခရစ္စတိုဖာနှင့် ၎င်း၏အဖွဲ့သားများသည် လိမ္မော်ခွံခြောက်နှင့် ဒူးရင်းခြောက်ကဲ့သို့သော ပုရစ်အစာများကို စမ်းသပ်ကျွေးမွေးကြည့်ကြသည်။

PHOTO: Wonderwall.sg

 

 

0605_BUG_14.jpeg

PHOTO: Wonderwall.sg

Source  Wonderwall


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 12 June 2023 11:44
Rate this item
(0 votes)