Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်အတွင်း ဖွဲနှင့်ဆန်ကွဲ စံချိန်တင် ဈေးတက်

တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည့်ဖွဲနှင့် ဆန်ကွဲဈေး ယခုနှစ်အတွင်း စံချိန်တင်မြင့် တက်ပြီး ဆက်လက်ဈေးတက်

မည့်အနေအထားရှိကြောင်း မြန် မာနိုင်ငံငါး၊ ပုစွန်အစာထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြော ကြားသည်။

 

လက်ရှိတွင် ဖွဲနုတစ်ပိဿာ ၅၂၁ ကျပ်ဈေးရှိပြီး ဆန်ကွဲတစ် ပိဿာကျပ် ၆၄၀ ဈေးရှိနေသည်။ ၂၀၁၆ က ဖွဲနုတစ်ပိဿာလျှင်အမြင့်ဆုံးဈေး ၄၈၅ ကျပ်၊ ၂၀၁၇ တွင် တစ်ပိဿာဈေး ၃၅၃ကျပ်ဖြစ်သည်။ ၂၀၁၆ကဆန်ကွဲတစ်ပိဿာ လျှင်အမြင့်ဆုံးဈေး ၅၀၆ ကျပ်၊ ၂၀၁၇ တွင် တစ်ပိဿာဈေး ၅၀၇ ကျပ်ဖြစ်ပြီး လက်ရှိဆန်ကွဲတစ် ပိဿာကျပ် ၆၄၀ ဖြစ်သည်။

 

‘‘ငါးနှစ်အတွင်းမှာ စံချိန် တင်အမြင့်ဆုံးဈေးတက်တာဖြစ် ပါတယ်။ ဈေးတွေက ထပ်ပြီး တက်ဖို့ပဲရှိနေတယ်။ ကျဖို့မရှိဘူး။ ဘာလို့လဲဆိုတော့ ဈေးကွက်အ တွင်းမှာ ကုန်ကြမ်းမရှိဘူး။ တ ရုတ်က အကုန်ဝယ်နေတယ်။ ဖွဲနု၊ လုံးတီးဆန်၊ စပါးတွေကို တရားဝင်ပြည်ပတင်ပို့ခွင့်မရှိပါဘူး။ ဒါပေမဲ့ တရားမ၀င်လမ်းကြောင်းကနေ သွားနေတာရှိတယ်’’ ဟုဒေါက်တာသက်မှူးက ပြောသည်။

 

စက်တင်ဘာလကုန်အထိ ဆန်ကွဲနှင့်ဖွဲနုဈေးဆက်တက်နိုင် ဖွယ်ရှိပြီး ပြည်တွင်းတွင်စပါးရိတ် သိမ်းထွက်ရှိသည့် အောက်တိုဘာမှသာ ဈေးပြန်ကျနိုင်ဖွယ်ရှိ ကြောင်း ဒေါက်တာသက်မှူးကဆိုသည်။ ယင်းသို့ အစာကုန်ကြမ်း ဈေးတက်လာခြင်းအပါအ၀င် ငါး ဈေးကျခြင်း၊ ငါးကန်များရေကြီး နစ်မြုပ်ခြင်းကြောင့် ငါးမွေးမြူ ရေးလုပ်ငန်းရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း မြန်မာနိုင် ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူးဦးဝင်းကြိုင် က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:39
Rate this item
(2 votes)