Food & Livestock



မေလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း FAO ပြောကြား

မေလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း FAO ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဟင်းသီးဟင်းရွက်ဆီ၊ ကောက်နှံနှင့် နို့ထွက်ပစ္စည်းဈေးများ  ကျဆင်းခြင်းသည် သကြားနှင့် အသားဈေးများ ဈေးတက်ခြင်းထက် ပိုများခဲ့သဖြင့်  ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ၏ ကမ္ဘာ့စျေးနှုန်းညွှန်းကိန်းသည် မေလတွင် နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။

.

 ကမ္ဘာတစ်ဝှမ်းတွင် ရောင်းဝယ်ဖောက်ကားမှု အများဆုံး စားသောက်ကုန်များကို မှတ်တမ်းယူပြီး ထုတ်ပြန်သည့်  စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO)  ဈေးနှုန်းညွှန်းကိန်းသည် မေလတွင် ပျမ်းမျှ အမှတ် ၁၂၄.၃ ရှိပြီး ဧပြီလအတွက် ပြန်လည်ပြင်ဆင်ထားသည့် ၁၂၇.၇ နှင့် နှိုင်းယှဉ်ထားကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ဘဧပြီလကို မူလက ၁၂၇.၂ ဟု ထုတ်ပြန်ခဲ့သည်။

.

မေလအညွှန်းကိန်းသည် ၂၀၂၁ ခုနှစ် ဧပြီလနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။

 

.

ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် ရောက်ရှိခဲ့သည့် အထွတ်အထိပ်၏  ၂၂% အောက်တွင် ရောက်ရှိနေပါသည်။

.

FAO ၏ နှံစားသီးနှံစျေးနှုန်းညွှန်းကိန်းသည်  မေလတွင် ယခင်လထက် ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်။  ယူကရိန်းမှ နှံစားသီးနှံများ ပင်လယ်နက်ကို ဖြတ်သန်းပြီး သယ်ယူခွင့် သက်တမ်းတိုးပေးထားသဖြင့် ကမ္ဘာ့ဈေးကွက်ထဲ ယူကရိန်းကောက်နှံ အများအပြား ရောက်ရှိသဖြင့် ဈေးကျသည်။

.

ပြည်ပသို့ ဆန်တင်ပို့သည့် နိုင်ငံအချို့တွင် ပြည်တွင်းဈေးကွက်ထဲ ဆန်အရောက်နည်းသဖြင့် 

 မေလတွင် ဆန်ဈေးန‌ှုန်းများ  ဆက်လက်မြင့်တက်ခဲ့ကြောင်း FAO က ဆိုသည်။ ယခင်လက FAO သည် ဆန်ဈေး မြင့်တက်သည့်အတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ပြောကြားပါသည်။

.

FAO ၏ ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း အညွှန်းကိန်းသည် ယခင်လထက် ၉% ကျဆင်းသည်။ ဆီထွက်သီးနှံ များပြားနေပြီး စားအုန်းဆီ ဝယ်လိုအား လျော့နည်းနေသဖြင့် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းသည်။

ဘရာဇီးနိုင်ငံတွင် ပဲပုပ်သီးနှံဖြစ်ထွန်းမှုနှင့် အမေရိကန်နိုင်ငံတွင် ပဲပုပ်များ မျှော်လင့် ထားသည်ထက် ပိုမိုသိုလှောင်ထားရှိမှုကြောင့် ကမ္ဘာ့ပဲပုပ်ဆီဈေးနှုန်းသည် မေလတွင် ဆဋ္ဌမ မြောက်လအနေဖြင့်  ဆက်လက်ကျဆင်းခဲ့ကြောင်း၊ အလားတူ မုန်ညှင်းဆီနှင့် နေကြာဆီ ဈေးနှုန်းများမှာလည်း ကမ္ဘာ့ဈေးကွက်တွင် တင်ပို့မှုမြင့်တက်ခဲ့မှုကြောင့် ဆက်လက်၍ အကျဘက်တွင် ရှိခဲ့ကြောင်း FAO က ဆိုသည်။

 

ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် နို့ထွက်ရှိမှု ရာသီချိန်ကြောင့် နို့အထွက်များသဖြင့် ကမ္ဘာ့နို့ထွက်ပစ္စည်း ဈေးနှုန်းများသည် ၃ ရာခိုင်နှုန်းကျော် လျော့ပါးသွားခဲ့သည်။

.

 သကြားစျေးနှုန်းများသည် ဧပြီလမှ ၅.၅% တိုးမြင့်လာခဲ့ပြီး လေးလဆက်တိုက် တစ်လထက်တစ်လ ဈေးမြင့်တက်ခဲ့သည်။ အယ်နီညို ရာသီဥတုပုံစံကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု ထိခိုက်နိုင်ကြောင်း FAO က ပြောကြားသည်။

  သကြားတင်ပို့မှု အဓိကျသည့် ဘရာဇီးတွင် ရာသီဥတု အခြေအနေများ တိုးတက်ကောင်းမွန်လာခြင်း၊ ရေနံစိမ်းဈေးနှုန်းများ ကျဆင်းခြင်းတို့ကြောင့် မေလတွင် ကြိုပွိုင့်ဈေးနှုန်း ပြန်ကျဆင်းခဲ့သည်။ ဧပြီလတွင် ၁၂ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

 .

နှံစားသီးနှံ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် ထုတ်ပြန်သည့် သီးခြား အစီရင်ခံစာတွင် FAO သည် ယခုနှစ်တွင် ကမ္ဘာ့နှံစားသီးနှံထုတ်လုပ်မှု တန်ချိန် ၂.၈၁၃ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။

.

ကမ္ဘာ့ကောက်ပဲသီးနှံ လက်ကျန်သည် ၂၀၂၃-၂၄ တွင် တန် ၈၇၃ သန်း ရှိမည်ဟု ခန့်မှန်းသည်။ ပြောင်း၊ ဆန်နှင့် မုယောစပါး လက်ကျန် ပိုများမည်ဟု ခန့်မှန်းထားသည်။

ဂျုံ ထုတ်လုပ်မှု ကျဆင်းမည်။ ဝယ်လိုအား ပုံမှန် ဖြစ်မည်ဟု ခန့်မှန်းသည်။

Source FAO

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 12 June 2023 21:22
Rate this item
(0 votes)