Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပနှင့် ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ပြောင်း အရည်အသွေးနှင့် ဈေးနှုန်း လိုအပ်ချက်များ ရှိနေ

မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းသီးနှံများကို နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရန်  အရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးနှုန်းလိုအပ်ချက်များ ရှိနေကြောင်း မြန်မာနိုင်ငံ  ပြောင်းလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမင်း ခိုင်ထံမှ သိရပါတယ်။

 

လတ်တလောတွင်  ပြည်တွင်းမှထွက်ရှိ သည့် ပြောင်းထက်ဝက်ခန့်ကို  တရုတ်နိုင်ငံသို့ တင်ပို့နေပြီး ကမ္ဘာ့ပြောင်းဈေးကွက်၌   ယှဉ်ပြိုင်မည်ဆိုပါက အမေရိကန်၊ ဘရာဇီး၊ မက္ကဆီကိုနိုင်ငံတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း  သိရပါတယ်။

 

''သူတို့ရဲ့အရည်အသွေးကိုလည်း မယှဉ်နိုင်ဘူး။ နောက်တစ်ချက်က  ဈေးနှုန်းနဲ့ ဈေးကွက်အသစ် ရှာဖွေဖို့က   အစိုးရရော ပြည်နယ်အစိုးရပါ    ဆောင်ရွက်ပေးနိုင်တယ်။ အဓိကကတော့ ဈေးကွက်ရှာဖွေတဲ့အခါ ဈေးကွက်ယှဉ်ပြိုင်မှု၊ ဈေးနှုန်းယှဉ်ပြိုင်မှု၊   အရည်အသွေး ယှဉ်ပြိုင်မှုတွေ ရှိလာမယ်။   မြန်မာနိုင်ငံက ထွက်တဲ့ပြောင်းက အရည်အသွေးနဲ့   ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု  အားနည်းနေသေးတယ်'' ဟု ဦးမင်းခိုင်က ပြောပါတယ်။

 

ထို့ပြင်  တောင်တန်းဒေသများ၌ ပေါင်းသတ်ဆေးသုံးစွဲမှုများ ရှိသည့်အတွက် ပြောင်း နမူနာ ပေးပို့စစ်ဆေးသည့်အခါ ဓာတုဓာတ် ကြွင်းကျန်ခြင်းနှင့်   သိုလှောင်မှုနည်းစနစ် မမှန်ကန်ခြင်းတို့ကြောင့်  အရည်အသွေးပိုင်းဆိုင်ရာ   အားနည်းချက်များ ရှိနေပြီး သွင်းအားစုများမှာ  တခြားနိုင်ငံများထက်  ဈေးနှုန်းကြီးမြင့်ခြင်းနှင့် တစ်ဧကအထွက်နှုန်း မှာလည်း တခြားနိုင်ငံများထက် နည်းပါးခြင်းများ ရှိနေကြောင်း သိရပါတယ်။


 ၂ဝ၁၆  ခုနှစ်တွင် တရုတ်နိုင်ငံမှ ပြောင်းဝယ်ယူမှု ရပ်တန့်လိုက်သည့်အတွက် ပြည်တွင်း ပြောင်းဈေးနှုန်းများ ကျဆင်းပြီးနောက်ပိုင်း ပြည်ပမှ  ပြန်လည်ဝယ်ယူခဲ့သဖြင့် ပြောင်း ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ၌ ပြောင်းစိုက်ဧက ၁၇ သန်း နီးပါးရှိကာ ၆ဝ ရာခိုင်နှုန်းမှာ   ရှမ်းပြည်နယ်၌  စိုက်ပျိုးခြင်းဖြစ်ကြောင်း၊  တစ်နှစ်လျှင် ပြောင်းတန်ချိန်  ၃ ဒသမ ၆ သန်းခန့် ထွက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read 974 times Last modified on Tuesday, 18 September 2018 10:12
Rate this item
(1 Vote)