Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းသကြား ပြည်ပဝယ်ယူရန် ကမ်းလှမ်း

ပြည်တွင်းသကြား ပြည်ပဝယ်ယူရန် ကမ်းလှမ်း

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် သကြားအမျိုးမျိုးကို တရုတ်အထွေထွေပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုကဝယ်ယူရန် ဖိတ်ခေါ်ကမ်းလှမ်းမှု ရရှိထားကြောင်းသိရသည်။

 

Hon Chuan 

 

အဆိုပါကမ်းလှမ်းမှုကို ဟဲပေပြည်နယ်အခြေစိုက် တရုတ်ကုမ္ပဏီက ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဝယ်ယူလိုသည့် အမျိုးအစားများတွင် သန့်စင်ပြီးသားဖြစ်သည့် သကြား၊ သကြားရည်၊ သကြားဖြူ၊ သကြားညိုစသည့် အမျိုးအစားများ ပါဝင်ကြောင်း သိရသည်။

 

ယင်းကုမ္ပဏီအနေဖြင့် နှစ်စဉ်သကြားတန်ချိန် သုံးသောင်းမှ ငါးသောင်းအထိ ဝယ်ယူလိုပြီး လစဉ်တန်ချိန် သုံးထောင်ခန့် ဝယ်ယူတင်သွင်းရန် ကမ်းလှမ်းထားကာ နှစ်ဘက်စျေးနှုန်း သတ်မှတ်ချက် ညှိနှိုင်းမှု အဆင်ပြေပါက တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် တရုတ်ကပေးအပ်သည့် တရားဝင်သကြားတင်ပို့မှု ခွဲတမ်းကို ပိုမိုလိုအပ်ပြီး လာအိုနှင့် ကမ္ဘောဒီးယားတို့ ခွဲတမ်းရသကဲ့သို့ မြန်မာကိုလည်း ပေးအပ်ရန် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တင်ပြတောင်းဆိုထားသည်။

 

ပြည်တွင်း၌ နှစ်စဉ်သကြားတန်ချိန် ၄၅၀,၀၀၀ ခန့်ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရသည်။

 

Source: MDN

MyanamrFoodIndustryGuide

Read times Last modified on Monday, 03 October 2022 12:15
Rate this item
(0 votes)