Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပုံးရည်ကြီးကို ကမ္ဘာကသိရှိအောင် မိတ်ဆက်ရန်စီစဉ်နေ

 

မြန်မာ့အစားအစာအဖြစ် ပုံးရည်ကြီးကို ကမ္ဘာတစ်ဝန်းသိရှိအောင် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေလင်း၏ ပြောကြားချက်အရ သိရပါတယ်။

 


ယခုနှစ်အတွင်း ပုံးရည်ကြီးကို ဂျပန်နိုင်ငံတွင် သွားရောက်ပြသမည့် ပြပွဲတစ်ခုတွင် မိတ်ဆက်ရန်ရှိပြီး အသေးစိတ်ကို ညှိနှိုင်းရခြင်းမရှိသေးကြောင်း၊ ပုံးရည်ကြီးကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ထုတ်လုပ်ပြီး လူကြိုက်များသည့် အစားအစာတစ်ခုဖြစ်၍ ယခုကဲ့သို့ မိတ်ဆက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 


"ပုံးရည်ကြီးကို ဒုတိယခြေလှမ်းအနေနဲ့ ကမ္ဘာကသိအောင် မိတ်ဆက်ဖို့ရှိပါတယ်။ ပုံးရည်ကြီးက မြန်မာ့အစားအစာထဲမှာပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသထွက်အစားအစာလည်းဖြစ်တယ်။ ပုံးရည်ကြီး မကြိုက်တဲ့သူ အတော်နည်းပါတယ်။ မြန်မာတွေစားသုံးတဲ့ အစားအစာကို ပြသဖို့ ရည်ရွယ်တာပါ" ဟု ဦးနေလင်းက ပြောကြားခဲ့ပါတယ်။

 

Read More >>>>>  မှို ဆိပ်သင့်ခြင်း လက္ခဏာများ နှင့် သတိပြုရမည့်အချက်များ

 


လက်ရှိတွင် မြန်မာ့အစားအစာကို ကမ္ဘာကသိစေရန် မုန့်ဟင်းခါးကို ပထမခြေလှမ်းအဖြစ် မိတ်ဆက်ထားပြီးဖြစ်၍ ပြည်ပနိုင်ငံတို့တွင်လည်း မုန့်ဟင်းခါးကို မြန်မာ့အစားအစာအဖြစ် သိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

 


၎င်းအစီအစဉ်ကို ဟိုတယ်နှင့်ခရီးးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 


# Myanmar Food Industry Directory (WWH)

Read times Last modified on Monday, 29 July 2019 15:00
Rate this item
(0 votes)