Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ရရှိ

နိုင်ငံပေါင်း ၄၀ ကျော်သို့ ရေထွက်ကုန်ပုစွန်တင်ပို့လျက်ရှိရာ ယခု ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁

ရက်ထိ ၁၀ လတာကာလအတွင်း ပုစွန် ၁၃,၂၆၀ ဒသမ ၃၂၉ တန်တင်ပို့နိုင်မှုမှ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၅၅ သန်းရရှိထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူးက ပြောပြ၍ သိရသည်။

 

ထိုသို့ ရေထွက်ကုန်ပုစွန် တင်ပို့ရာတွင် ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ မလေးရှားနိုင်ငံ၊ တရုတ်(တိုင်ပေ)နှင့် ဩစတြေးလျနိုင်ငံတို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ရေထွက်ကုန်တင်ပို့မှု တိုးတက်ရေးအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

Hmwe

Click Here >>> Hmwe

“ယခုဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ် ဧပြီလကနေ အခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ ၁၀ လတာကာလအတွင်းမှာ ပြည်ပကို ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းကနေ ပုစွန် ၁၂,၂၆၈ ဒသမ ၃၆၆ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၂၅၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ပုစွန် ၉၉၁ ဒသမ ၉၆၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉၈ သန်းရရှိခဲ့တဲ့အတွက် စုစုပေါင်းပုစွန် ၁၃,၂၆၀ ဒသမ ၃၂၉ တန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၅၅ သန်းရရှိခဲ့ပါတယ်။ ပြည်ပကို ပုစွန်တင်ပို့ရာမှာ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေကြောင်း ကနေသာမက နယ်စပ်ကုန်သွယ်ရေးစခန်းတွေကလည်း တင်ပို့နေတာဖြစ်ပါတယ်။” ဟု ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်)ညွှန်ကြားရေးမှူးက ပြောပြသည်။

 

ရေထွက်ကုန်တင်ပို့ရာတွင် ပုံမှန်တင်ပို့မှုများ စဉ်ဆက်မပြတ်ရှိစေရေးနှင့် စျေးကွက်အနေအထားပေါ်မူတည်ကာ ပို့ကုန်မလျော့ကျစေရေးအတွက် ဝယ်ယူနေသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များ ပြည့်မီရေးကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: commerce.gov.mm

Myanmar Food  Industry Guide

 

Read times Last modified on Monday, 20 February 2023 11:39
Rate this item
(0 votes)