Food & Livestock



သကြားဈေး မြင့်တက်သော်လည်း စက်တင်ဘာလကမ္ဘာ့ စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်း အနည်းငယ်သာ ပြောင်းလဲကြောင်း FAO ပြောကြား

သကြားဈေး မြင့်တက်သော်လည်း စက်တင်ဘာလကမ္ဘာ့ စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်း အနည်းငယ်သာ ပြောင်းလဲကြောင်း FAO ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ၏ ကမ္ဘာ့စျေးနှုန်းညွှန်းကိန်းသည် စက်တင်ဘာလတွင် ယေဘုယျအားဖြင့် တည်ငြိမ်ခဲ့သည်။ 

 

ဟင်းရွက်ဆီများ၊ နို့ထွက်ပစ္စည်းနှင့် အသားများအတွက် ညွှန်းကိန်းများ ကျဆင်းမှုသည် သကြားနှင့် ပြောင်းဈေးနှုန်းများ မြင့်တက်မှုကို ထေမိပြီး ဘဲစားဘဲ‌ချေ ဖြစ်ခဲ့သည်။

 

 စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO) ၏ ဈေးနှုန်းအညွှန်းကိန်းသည် ကုန်သွယ်မှု ကမ္ဘာ့အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများကို လိုက်လံ မှတ်သားပြီး ပျမ်းမျှတန်ဖိုး တွက်ချက်ပေးထားခြင်း ဖြစ်သည်။ စက်တင်ဘာလအတွက် ပျမ်းမျှ ၁၂၁.၅ ဖြစ်ခဲ့ပြီး ဩဂုတ်လပျမ်းမျှ ၁၂၁.၆ နှင့် အနည်းငယ်သာ ကွာဟသည်ဟု FAO က အောက်တိုဘာလ ၁၃ ရက်တွင် အချက်အလက် ထုတ်ပြန်သည်။ 

 

FAO ၏ နှံစားသီးနှံညွှန်းကိန်းသည် ယခင်လထက် ၁% မြင့်တက်ခဲ့သည်။ ပြောင်းဆံဈေးနှုန်း ၇% မြင့်တက်ခဲ့သည်။ 

ကမ္ဘာ့ဈေးကွက်ထဲ ပြောင်းဆံများ တင်ပို့သည့် နိုင်ငံများကို ကြည့်လျှင် 

• ဘရာဇီးပြောင်းဆံများ အဝယ်လိုက်သည်။ 

• အာဂျင်တီးနားတွင် တောင်သူလယ်သမားများ ပြောင်းဆံ အရောင်းနှေးခဲ့သည်။ 

• အမေရိကန် ပြောင်းဆံသည် မစ္စစ္စပီမြစ်တလျှောက် ရေတိမ်ပြီး သောင်ထွန်းနေသဖြင့် သယ်ပို့ခများ မြင့်တက်ခဲ့သည်။ 

 

နိုင်ငံတကာ ဂျုံဈေး ၁.၆% ကျဆင်းသွားသည်။

ကမ္ဘာ့ဈေးကွက်ထဲ ဂျုံတင်ပို့မှုတွင် အဓိကကျသည့်  ရုရှားဂျုံများ အထွက်နှုန်း ကောင်းပြီး ကမ္ဘာ့ဂျုံဈေးကွက်ထဲ စီးဝင်ခဲ့သည်။ 

 

ဩဂုတ်လတွင် ၁၀ ရာခိုင်နှုန်းနီးပါး တစ်ဟုန်ထိုးတက်လာခဲ့သည့် ဆန်‌ဈေးနှုန်းသည် စက်တင်ဘာလတွင် တင်သွင်းမှုနည်းပါးခြင်းကြောင့် ၀.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း FAO က ပြောကြားသည်။

 

 သကြားအညွှန်းကိန်းသည် ဩဂုတ်လထက် ၉ ဒသမ ၈ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်။ ၂၀၁၀ နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါသည်။

 

ဟင်းသီးဟင်းရွက်ဆီဈေး ၃.၉% ကျဆင်းသည်။

နို့ထွက်ပစ္စည်းစျေးနှုန်းများ ၂.၃% ကျဆင်းခဲ့သည်။ ဆက်တိုက်ကျဆင်းလျက်ရှိရာ စက်တင်ဘာလသည် ၉ လမြောက် ဖြစ်ပါသည်။ ကမ္ဘာ့ဝယ်လိုအား နည်းနေပြီး လက်ကျန်သိုလှောင်မှု များနေသည်။ 

အသားဈေးများ ၁.၀% ကျဆင်းသွားသည်။

FAO မှ သီးနှံထောက်ပံ့မှုနှင့် ဝယ်လိုအားဆိုင်ရာ သီးခြား ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယခုနှစ်အတွင်း ကမ္ဘာ့ နှံစားသီးနှံထုတ်လုပ်မှုသည် တန်ချိန် ၂,၈၁၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။ ယခင် တန်ချိန် ၂.၈၁၅ ဘီလီယံဟု ခန့်မှန်းခဲ့သည်ကို အနည်းငယ် တိုးမြှင့်ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဆန် ထုတ်လုပ်မှု တန်ချိန် ၅၂၃.၁ သန်းဟု ခန့်မှန်းသည်။ 

ကမ္ဘာ့ဂျုံ ထုတ်လုပ်မှု တန်ချိန် ၇၈၅ သန်းဟု ခန့်မှန်းသည်။

Source fao


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 13 October 2023 22:48
Rate this item
(0 votes)