Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ-အိန္ဒိယနယ်စပ်ဈေး၌ ဝယ်လက်မရှိ၍ အုန်းသီးဈေးကွက်ပျက်

မြန်မာ–အိန္ဒိယနယ်စပ်ဈေးမှ အုန်းသီးဝယ် ယူမှုနည်းပါးနေသည့်အတွက် တမူးနယ်စပ် ဈေးရောက် ကလေးခရိုင်အတွင်းမှထွက်ရှိ သည့် ဒေသထွက်အုန်းသီးများနှင့်

ချင်းတွင်း မြစ်ရိုးတစ်လျှောက်မှထွက်ရှိသည့်အုန်းသီး များ ဝယ်လက်ပျောက်ကာ ဈေးကွက်ပျက်နေကြောင်း သိရသည်။

 

 မြန်မာ–အိန္ဒိယ နယ်စပ်ဈေးဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နန်းဖာလုံ ဈေးတွင် လွန်ခဲ့သည့်အောက်တိုဘာလမှစတင် ၍ တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ်မှ အုန်းသီးများကို ရသမျှဝယ်ယူခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလမှစတင်၍ ဝယ်ယူမှုနှေးကွေးသွားပြီး ဝယ်လက်ပျောက်၍ ဈေးကွက်ပျက်နေသည့်အတွက် နယ်စပ်ဈေးရောက် အုန်းသီးအရောင်းအဝယ်သမားများ အရှုံးပေါ်လျက် ရှိသည်။

 

"အုန်းသီးကို တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ်က ကသည်းလူမျိုးတွေ အများဆုံးဝယ် ယူတာဖြစ်ပါတယ်။ သီတင်းကျွတ်မှာ သူတို့ဘက်က မိဘအကြီးအကဲ ကန်တော့ပွဲနဲ့ အခြားပွဲတွေရှိတော့ မြန်မာဘက်က အုန်းသီးတွေကို ရသလောက်ဝယ်တယ်။ အခုတော့ သူတို့ဘက်မှာ ဘာပွဲတော်မှမရှိတဲ့အတွက် ဝယ်လက်တွေပျောက်နေတယ်။ သင်္ကြန်ဝန်းကျင်လောက်မှာတော့ အရောင်းအဝယ်ပြန် ဖြစ်နိုင်တယ်ဆိုပြီး စောင့်နေကြတာပါ"ဟု နယ်စပ်အုန်းသီးဈေးသည် ဦးကျော်မြင့်က ပြောဆိုသည်။

 

Read More >>>>>  အိန္ဒိယ ဝယ်ယူမှုမရှိသော်လည်း မတ်ပဲအသစ်ပေါ်ချိန် ဈေးမြင့်တက်

 

 လှောင်ကုန်အဖြစ်ဝယ်ယူ

ကလေးခရိုင်နှင့် ချင်းတွင်းမြစ်ရိုးတစ် လျှောက်ထွက်ရှိသည့်အုန်းသီးများကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ဆောင်းကာလနှင့်နွေကာလတို့တွင် အများဆုံးတင်ပို့ ရောင်းချခြင်းဖြစ်ရာ နယ်စပ်အုန်းသီးကုန်သည်အချို့မှာ နယ်စပ်လှောင်ကုန်အဖြစ်ဝယ် ယူကြသည်။

 

"ကျွန်တော်တို့က ခြံထွက်အုန်းဆိုတော့ နယ်စပ်မှာရသလောက်ဈေးနဲ့ပဲ ရောင်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကဝယ်မှ အုန်းသီးက ဈေးကောင်းရတာဖြစ်ပါတယ်။ တမူးမြို့က အုန်းသီးဝယ်လှောင်တဲ့သူတွေကလည်း အောက် ကြေးနဲ့ဝယ်ကြတာပါ။ မကိုက်ပေမယ့်လည်း ဝယ်လက်မရှိတော့ ရတဲ့ဈေးနဲ့သာရောင်းချ ပြီး ပြန်ရတယ်"ဟု ကလေးဝမြို့နယ် မစိန်ရွာမှ အုန်းသီးလာရောင်းသူ ဦးစိုးကပြောဆိုသည်။

Source: MM Time

Read times Last modified on Tuesday, 12 March 2019 12:58
Rate this item
(1 Vote)