Food & Livestock



မက္ကဒေးမီးယား စိုက်ပျိုးရေးနှင့် နောင်ချိုမြို့နယ်မှ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

မက္ကဒေးမီးယားအပင်ကို ၁၉၈၂-၁၉၈၃ ခုနှစ်မှ စတင်၍ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်၊ ကချင်ပြည်နယ်

တို့တွင် စမ်းသပ်စိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုး အောင်မြင်လျက်ရှိသည်ဟု သိရသည်။

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို မြို့နယ်အတွင်း မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး မက္ကဒေးမီးယားအပင် စိုက်ပျိုးဧက ၁၃,၀၀၀ ခန့်ရှိပြီး အထွက်နှုန်းမှာ တစ်တန်မှ ၁ ဒသမ ၅ အထိ ထွက်ရှိသည်ဟု သိရသည်။

 

စျေးကွက်အနေဖြင့် မြန်မာပြည်အနှံ့အပြားနှင့် နိုင်ငံခြားသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိပြီး မက္ကဒေးမီးယားသည် ကမ္ဘာ့ဈေးကွက်ခိုင်မာသော သီးနှံဖြစ်သည့်အပြင် ပြည်တွင်း၌လည်း မက္ကဒေးမီးယားစိုက်ပျိုးနိုင်သော မြေများစွာရှိသဖြင့် တိုးချဲ့စိုက်ပျိုးရန်လိုအပ်သည်။

 

Better World

Click Here >>> Better World

မက္ကဒေးမီးယား စိုက်ပျိုးပုံနှင့် အသုံးဝင်ပုံ

မက္ကဒေးမီးယား အပင်သည် ပင်လတ်၊ ပင်ကြီးမျိုးဖြစ်ပြီး မက္ကဒေးမီယား စိုက်ပျိုးရာတွင် ကိုင်းဆက်ပင်နှင့် စေ့စိုက်ပင်ဟူ၍ နှစ်မျိုးရှိသည်။ မက္ကဒေးမီးယား စိုက်ပျိုးရာတွင် မြေအမျိုးအစား ရွေးချယ်ရန် လိုအပ်ပြီး အဓိကအားဖြင့် အစိုဓာတ်ထိန်းသိမ်းမှုနည်းပါးပြီး သဲဆန်လွန်းသည့် မြေမျိုးမှလွဲ၍ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ရေဝပ်ခြင်း မရှိသော သစ်ဆွေးမြေများ၊ အစိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်သည့် မြေမျိုးများတွင် စိုက်ပျိုးကြသည်။

 

ရာသီဥတုအားဖြင့် နှစ်စဉ်မိုးရေချိန်လက်မ ၆၀နှင့်အထက် ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးရှင်သန်နိုင် သော်လည်း ပန်းပွင့်ချိန်ကာလဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ပန်းပွင့်သည့် ကာလဖြစ်၍ အနိမ့်ဆုံးသွာလျှင်သော်လည်းကောင်း၊ မြင့်သွားလျှင်သော်လည်းကောင်း ပန်းပွင့်နှုန်းသိသာစွာလျော့နည်းသွား ကြောင်း သိရသည်။

 

အပူပိုင်းဒေသတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁,၅၀၀ မှ ၂,၅၀၀ အတွင်း စိုက်ပျိုးနိုင်ပြီး သမပိုင်းရာသီဥတုရှိသော ဒေသများတွင် ပင်လယ်ရေမျက်နှာ အထက်ပေ ၁,၀၀၀ ထက်နိမ့်သော မြေနိမ့်မြေပြန့်များတွင် စိုက်ပျိုးနိုင်ပါသည်။

 

မက္ကဒေးမီးယားပင်သည် ရေကိုကြိုက်သော်လည်း အပင်အခြေတွင် ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိသည့်အတွက် စိုက်ပျိုးမြေအမျိုးအစား၊ မြေမျက်နှာသွင်ပြင်အနေအထား၊ လေတိုက်နှုန်း၊ တိမ်ထူထပ်မူအပေါ်တွင် မူတည်၍ ရေလိုအပ်ချက်ပမာဏများ ခြားနားနိုင်သည့်အတွက် အစိုဓာတ်ထိန်းသိမ်းနိုင်မှုကောင်းသော မြေမျိုးတွင် စိုက်ပျိုးရန် သင့်တော်ပါသည်။

 

မက္ကဒေးမီးယား အပင်၏ သီးပွင့်မှုမှာ သဘာဝအားဖြင့် ကိုင်းဆက်အပင်သည် သက်တမ်းလေးနှစ်တွင် လည်းကောင်း၊ အစေ့စိုက်အပင်သည် သက်တမ်းခြောက်နှစ်တွင်လည်းကောင်း၊ အစေ့စိုက်အပင်သည် သက်တမ်းခြောက်နှစ်တွင်လည်းကောင်း စတင်သီးပွင့်ကြသည်။

 

အစိုဓာတ်ကောင်းမွန်သော ဒေသများတွင် တစ်နှစ်ပတ်လုံး သီးပွင့်နိုင်ပြီး နှစ်ပေါင်း ၆၀ အထိ နှစ်ရှည်ပင်ဖြစ်၍ စီးပွားရေး တွက်ခြေကိုက်သည့် အထွက်နှုန်း ရရှိနိုင်ပြီး နှစ်ပေါင်း ၁၀၀ အထိ သီးပွင့်နိုင်သည်။ ကိုင်းဆက်အပင် စိုက်ပျိုးခြင်းသည် အသီးသီးရန် ပိုမြန်ကြောင်း သိရသည်။

 

မက္ကဒေးမီးယားသည် သစ်စိမ့်သီး အမျိုးအစားဖြစ်၍ အတွင်းကအစေ့ကိုသာ စားသုံးရတာ ဖြစ်ပါသည်။ အစေ့ပုံသဏ္ဍာန်မှာ သစ်ချသီးလို ထိပ်ချွန်ပြီး ဝိုင်းဝိုင်းပြားပြား ဖြစ်ပါသည်။ အရသာမှာ သီဟိုဠ်စေ့ကဲ့သို့ ဆိမ့်၍ထူးကဲသော အရသာရှိပါသည်။ မက္ကဒေးမီးယားကို လှော်စားခြင်း ချောကလက်ယိုလုပ်ပြီး မုန့်အချိုအဖြစ် စားသုံးခြင်း၊ ကိတ်မုန့်၊ ရေခဲမုန့်များနှင့် တန်ဖိုးမြှင့်အစားအစာများတွင် အသုံးပြုသည့် တန်ဖိုးကြီး အစေ့အဆံတစ်မျိုးဖြစ်ပါသည်။ ထိုအစေ့အဆန်သည် လူသိနည်းနေသေးသော အဆီအဆိမ့်၊ အချိုဓာတ်ပါဝင်မှု လွန်ကဲမှုမရှိသော ကိုလက်စထရောပါဝင်မှုနည်းသည့် ကမ္ဘာ့ပထမတန်းစာရင်းဝင် အစေ့အဆန်ဖြစ်သည်။

 

Source: The Mirror, doca.gov.mm

Myanmar Food Industry

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)