Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရံ့ကို ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေ

ပြည်တွင်း ငါးမျိုးရင်းတချို့ လျော့နည်းလာသဖြင့် ဗီယက်နမ်နိုင်ငံမှ ငါးအမျိုးအစားသုံးမျိုးတင်သွင်းမည်ဖြစ်ပြီး

၎င်းတို့အနက်မှ ငါးရံ့ကို မြန်မာနိုင်ငံ၏ ထုတ်ကုန်ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ကာ ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ဗီယက်နမ်နိုင်ငံက ငါးပြေမ၊ ငါးရံ့၊ ငါးတန် မှာထားတယ်။ ငါးရံ့ကို မြန်မာနိုင်ငံရဲ့ထွက်ကုန်ငါးရံ့ခြောက်လုပ်ပြီး တစ်နိုင်ငံလုံး ဖြန့်တဲ့အနေအထားမျိုးအထိ ရအောင်လုပ်ချင်တယ်။ ပြီးရင် ပြည်ပပို့ကုန်အဖြစ်ပါလုပ်ချင်တယ်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ငါးရံ့ကို အရိုးထုတ်၍ ငါးရံ့ခြောက်အဖြစ်ထုတ်လုပ်ကာ နိုင်ငံတကာဈေးကွက်သို့ ရောင်းပန်းလှသည့် ထုတ်ကုန်တစ်ခုအဖြစ် တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံမှ ထုတ်လုပ်နိုင်သည့် ထုတ်ကုန်အဖြစ် နိုင်ငံတကာဈေးကွက်သို့ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံတွင် ဒေသငါးမျိုးရင်းများ လျော့နည်းလာသည့်အတွက် ပြည်တွင်းငါးဈေးကွက်တွင် ငါးများကို ဈေးကြီးပေးဝယ်ယူစားသုံးနေရခြင်းဖြစ်ပြီး ငါးရံ့နှင့် ငါးပြေမ တစ်ပိဿာလျင် ငွေကျပ် တစ်သောင်းကျော်ရှိရာ မြစ်ချောင်းများအတွင်း သဘာဝငါးများ ပြန်လည်ပွားများလာစေရန် ဖမ်းဆီးခြင်းကို လျော့ကာ ငါးမွေးမြူခြင်းကို ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:30
Rate this item
(1 Vote)