Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးတင်းတစ်ရာလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ဈေးတက်

ယခုနှစ် မိုးကာလစပါး ဈေးသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တင်းတစ်ရာလျှင် ကျပ်တစ် သိန်းမှ တစ်သိန်းခွဲအထိ ဈေးမြင့်တက်လာကြောင်း တောင်သူများ က ပြောသည်။

ယခင်နှစ်က တင်းတစ်ရာ လျှင် ကျပ်လေးသိန်းခွဲမှ ငါးသိန်း အထိရှိသည့် ငစိန်ဆန်စပါးသည် ယခုနှစ်တွင် ကျပ်ခြောက်သိန်းခန့်အထိ ပေါက်ဈေးရှိနေသည်။ ယခင်နှစ်က တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခန့် ပေါက်ဈေးရှိ သည့် ဧည့်မထစပါးသည် ယခုနှစ် တွင် ကျပ်ခြောက်သိန်းခွဲမှ ခုနစ် သိန်းအထိ ပေါက်ဈေးရှိနေသည်။ ယခင်နှစ်က တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းမှ ကိုးသိန်းအထိ ပေါက်ဈေးရှိခဲ့သည့် ပေါ်ဆန်း စပါးသည် ယခုနှစ်တွင် ကျပ် ၁၀ သိန်းကျော် ပေါက်ဈေးရှိနေ သည်။

 

‘‘ဆန်ကလည်း ဈေးတက် လာတယ်။ တစ်ဧကအတွက် သွင်း အားစုစရိတ်၊ အလုပ်သမားစ ရိတ် စုစုပေါင်းတစ်သိန်းလောက် ပိုကျလာတယ်။ ပြီးတော့ တရုတ် တို့၊ ဥရောပတို့ကလည်း ဆန်တွေ ဝယ်လာတာများတော့ စပါးဈေး လည်း မြင့်တက်လာတယ်ထင်ပါ တယ်’’ဟု လွတ်လပ်သော တောင် သူလယ်သမားများအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

 

ယင်းကဲ့သို့ စပါးဈေးတက် လာသဖြင့် တောင်သူများ အကျိုး အမြတ် ပိုမို ရရှိလာကြောင်း တောင်ငူခရိုင် ထန်း တပင်မြို့နယ် ဒေသခံတောင်သူ ဦးစိုးနိုင်က ပြောသည်။

 

Read More >>>>>>>>>> https://www.foodindustrydirectory.com.mm/articles/item/890-myanma-rice.html

 

‘‘အရင်နှစ်ထက်စာရင် စပါး ဈေးတွေက တက်လာတယ်။ ဘာ ကြောင့်တက်တယ်ဆိုတာ အတိ အကျမသိရပေမယ့် ပြည်ပဝယ် လက်တွေရှိလို့ ဈေးတက်လာ တယ်လို့တော့ ထင်ပါတယ်။ ပေါ် ဆန်းရွေးလို့ခေါ်တဲ့ စပါးက အရင် နှစ်က တင်းတစ်ရာကို ကျပ် ခြောက်သိန်းလောက်ပဲ ပေါက် ဈေးရှိတယ်။ အခုနှစ်က ခုနစ်သိန်း ခွဲအထိ ပေါက်ဈေးရှိနေတယ်’’ဟု ပြည်မြို့ ဒေသခံတောင်သူ ဒေါ်ဌေးဌေးက ပြောသည်။

 

ယခင်နှစ်က တင်းတစ်ရာ လျှင် ကျပ်ခုနစ်သိန်းခွဲရှိသည့် သုခ (၂)စပါးသည် ယခုနှစ်တွင် ကျပ် ရှစ်သိန်းခွဲ၊ ယခင်နှစ်က ကျပ်ခြောက်သိန်းဈေးရှိသည့် ရွှေဝါထွန်းစပါးသည် ယခုနှစ်တွင် ကျပ်ခုနစ်သိန်းခွဲ၊ ယခင်နှစ်က ကျပ်ခြောက်သိန်း ပေါက်ဈေးရှိသည့် ဆင်းသုခစပါးသည် ယခုနှစ်တွင် ကျပ်ခြောက်သိန်းခွဲ၊ ယခင်နှစ်က ကျပ်ခြောက်သိန်းခွဲ ပေါက်ဈေး ရှိသည့် ရွှေမန်းစပါးသည် ယခု နှစ်တွင် ကျပ်ခုနစ်သိန်းခွဲ ပေါက် ဈေးရှိကြောင်း တောင်သူများက ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 12:47
Rate this item
(1 Vote)