Food & Livestock



လာမည့်နှစ်တွင် ဆန်တန်ချိန် ၂ သန်း အင်ဒိုနီးရှား တင်သွင်းမည်

လာမည့်နှစ်တွင် ဆန်တန်ချိန် ၂ သန်း အင်ဒိုနီးရှား တင်သွင်းမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာ ဝယ်ယူရေးကုမ္ပဏီ Bulog က အစိုးရ၏ လာမည့်နှစ် ဆန်တင်သွင်းမှုခွဲတမ်းမှာ တန်ချိန် ၂ သန်း သတ်မှတ်ထားပြီး ယခုနှစ် ခွဲတမ်း တန်ချိန် ၃ ဒသမ ၈ သန်းထက် လျော့နည်းသွားကြောင်း ပြောကြားသည်။

 သို့သော် တန်ချိန် ၂ သန်းသည် လျာထားချက် ဖြစ်ပြီး ပြည်တွင်းမှ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် မူတည်ပြီး အတိုးအလျော့ ရှိနိုင်သည်ဟု  Bulog ၏ ကော်ပိုရိတ်အတွင်းရေးမှူး Awaludin Iqbal က ပြောကြားသည်။ 

ဆင်းရဲနွမ်းပါးသူများကို ဆန်ဈေးနှုန်း မြင့်တက်ခြင်းမှ ကာကွယ်ရန်အတွက် ဝင်ငွေနည်းအိမ်ထောင်စု ၂၂ သန်းအား ဆန်ထောက်ပံ့သည့် လစဉ်ဆန်လက်ခွဲအစီအစဉ်သည် လာမည့်လတွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ အင်ဒိုနီးရှား အစိုးရက ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

"ဆန်ဈေး မကျသေးတာကြောင့် အစီအစဉ်ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က  သတင်းထောက်များအား ပြောကြားခဲ့သည်။

 

အယ်နီညို ရာသီဥတုပုံစံနှင့် ဆက်စပ်နေသော မိုးခေါင်ရေရှားခြင်းကြောင့် စပါးရိတ်သိမ်းမှု ထိခိုက်ခဲ့သဖြင့်  ဆန်ဈေး မြင့်တက်လျက် ရှိသည်။

 

သမ္မတ ဂျိုကို ဝီဒူဒူက အောက်တိုဘာလကုန်တွင်  ဆန်ဈေးသည် ၁၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း အင်ဒိုနီးရှား၏ ဆန်တင်သွင်းမှုသည် မက်ထရစ်တန် ၁ ဒသမ ၇၉ သန်းရှိခဲ့သည်။

 

Bulog  အရန်ဆန်လက်ကျန်သည် နိူဝင်ဘာလဆန်းတွင် မက်ထရစ်တန် ၁.၄ သန်းရှိနေသည်ဟု စာရင်းထုတ်ပြန်ပါသည်။

 

Source: Reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 08 November 2023 13:27
Rate this item
(0 votes)