Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဇူလိုင်လမှစ၍ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့သို့ ကညွတ်တင်ပို့မည်

မြန်မာနိုင်ငံမှထွက်ရှိသည့် ကညွတ်ကို ဇူလိုင်လမှစ၍ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့သို့

တင်ပို့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ ရှိ ရွှေဖြူနှင့် ညီအစ်ကိုများက ကညွတ်လက်လီလက်ကားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။

 

ထိုသို့ တင်ပို့ရာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းတင်ပို့မည်ဖြစ်ပြီး နေ့စဉ်ကညွတ်ပိဿာချိန် ၂၅၀ ခန့် တင်ပို့မည် ဖြစ်ကြောင်း သိရပါတယ်။

 

ယခုလို တင်ပို့နိုင်တယ်ဆိုတော့ တောင်သူတွေအတွက် အဆင်ပြေတယ်။ ဇူလိုင်လ ၁၅ ရက်လောက်မှ စပို့ဖြစ်မယ်ထင်တယ်ဟု ကညွတ်လက်လီလက်ကားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။

 

ယင်းအပြင် ပြည်ပကုမ္ပဏီမှ ပိဿာချိန် ၉၀၀ ခန့် နေ့စဉ်တင်ပို့ရန် ကမ်းလှမ်းထားသော်လည်း လက်ရှိတွင် ပြည်တွင်းဈေးကွက် ထိခိုက်မည်စိုးရိမ်သဖြင့် မတင်ပို့နိုင်သေးဘဲ နောက်ပိုင်းတွင် ကမ်းလှမ်းချက်အတိုင်း ပြည့်မီစေရန် တင်ပို့မည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>> နေကြာပန်းမှရရှိတဲ့ ဆေးဖက်ဝင် ပျားရည်ကို ပြည်ပသို့ တင်ပို့ရောင်းချ

သူတို့ကမ်းလှမ်းချက်ကို လျှော့လက်ခံတယ်ဆိုတာက လက်ရှိကုန်ထွက်တဲ့အနေအထားအရ ပြည်တွင်းဈေးကွက်ကိုလည်း ထိန်းရဦးမှာဆိုတော့ အကုန်လုံးပို့လိုက်ရင် ပြည်တွင်းမှာ မလည်ပတ်နိုင်ဘူးဖြစ်သွားမယ်။ အခုက ပထမတစ်လအနေနဲ့ နည်းနည်းပို့မယ်။

 

နောက်ပိုင်းမှာတော့ လစဉ်တိုးပြီး တင်ပို့သွားမယ်ဟု ကညွတ်လက်လီလက်ကားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။

 

ယင်းအပြင် ဈေးနှုန်းများမှာ စိုက်ပျိုးသူများအတွက် အမြတ်ကျန်စေမည့် ဈေးနှုန်းများဖြစ်စေရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။ ယင်းကဲ့သို့ ပြည်ပဈေးကွက်သစ်ရရှိလာသဖြင့် ပြည်တွင်းဈေးကွက်လည်း မြင့်တက်လာနိုင်မည်ဖြစ်ရာ စိုက်ပျိုးသူများ ပိုမိုအကျိုးဖြစ် ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

လတ်တလောတွင် ကညွတ်ကို မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ အရာတော်၊ မိတ္တီလာနှင့် သာစည်မြို့ နယ်တို့တွင် စိုက်ပျိုးလျက်ရှိပြီး တစ်နေ့လျှင် ကညွတ်ပိဿာချိန် ၅၀၀ မှ ၇၀၀ ခန့် ထွက်ရှိနေကာ တစ်နိုင်ငံလုံးသို့ တင်ပို့လျှက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:56
Rate this item
(5 votes)