Food & Livestock



ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ ဗီယက်နမ် ဆုရရှိ

ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ ဗီယက်နမ် ဆုရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲတွင် ဒုတိယအကြိမ်မြောက်အဖြစ် ကျော်ကြားသော ST25 အပါအဝင် ဆန်အမျိုးအစား ခြောက်မျိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

ပြိုင်ပွဲတွင် ဗီယက်နမ်ကုမ္ပဏီ ၃ ခုက ကုမ္ပဏီ တခုလျှင် ဆန် ၂ မျိုးစီဖြင့် စုစုပေါင်း ဆန် ၆ မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းကုမ္ပဏီ ၃ ခုမှာ

• Ho Quang Tri Private Company

• Loc Troi

• Thaibinh Seed.

တို့ ဖြစ်ပါသည်။

 

၎င်းဆန် ၆ မျိုးတွင် လယ်သမား သိပ္ပံပညာရှင် Ho Quang Tri ဖန်တီးသည့် နာမည်ကျော် ဆန်အမျိုးအစား ST25 လည်း ပါဝင်ပါသည်။ ST25 ဆန်အမျိုးအစားသည် ၂၀၁၉ တွင် ကျင်းပသည့် ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆန်အဖြစ် ဆုရရှိခဲ့ဖူးပါသည်။

ပြိုင်ပွဲစီစဉ်သူသည် ယခုနှစ်တွင် ဆန်အမျိုးအစားတစ်မျိုးတည်းအတွက် ဆုမပေးခဲ့ပါ။ နိုင်ငံအနေဖြင့်သာ ဆုပေးအပ်ပါသည်။ ယခင်န‌ှစ် ပြိုင်ပွဲတွင် ပထမ ရရှိခဲ့သည့် ကမ္ဘောဒီးယားက ဒုတိယ၊ အိန္ဒိယက တတိယ ဆုအသီးသီး ရရှိပါသည်။

World’s Best Rice Contest ကို အမေရိကန်လုပ်ငန်း The Rice Trader က ၂၀၀၉ ခုနှစ်ကတည်းက စတင်ကျင်းပပေးခဲ့ပါသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပါသည်။

 

ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၀ ကျော်က ဆန်နမူနာ ၃၀ ခု တင်ပြခဲ့ကြပါသည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 03 December 2023 07:02
Rate this item
(0 votes)