Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်မွေးမြူရေးဆိုင်ရာ အခက်အခဲများ စိုက်၊ မွေး၊ ရေ ကော်မတီထံ စာတင်မည်

ဝက်မွေးမြူရေးလောကတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်၍ တစ်လအတွင်း

စာတမ်းတစ်စောင်ပြု စုကာ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကော်မတီထံ တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရပါတယ်။

 

ဩဂုတ်လ ၉ ရက်နေ့က အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး ကော်မ တီနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများတွေ့ဆုံ၍ ပြည်တွင်းမွေးမြူရေးလုပ်ငန်း ရေရှည်ရပ် တည်နိုင်ရန်အတွက် ကျေးလက်တစ်နိုင်တစ်ပိုင် မွေးမြူရေးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအထိ အဆင့်ဆင့်တင်ပြေ ဆွးနွေးခဲ့ကြကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။ “ကော်မတီဥက္ကဋ္ဌကြီးက ဒီတစ်လအတွင်း စာပြန်တင်ဖို့ပြောထားတယ်။

 

စာတမ်းမှာ လက်ရှိမွေးမြူရေးလောကရဲ့ ပကတိအနေအထားရယ်၊ ဘယ်အရာတွေကြောင့် အခက်အခဲဖြစ်သလဲရယ်၊ အနာဂတ်အတွက် ဘယ်လိုအဆင်ပြေ ရင် ကောင်းမလဲဆိုတာရယ် ဒီသုံးချက်ကိုအဓိကထားပြီး ထည့်သွင်းတင်ပြခိုင်းပါတယ်”ဟု မြန်မာနိုင်ငံ မွေးမြူရေးလု ပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောကြားခဲ့ပါတယ်။

 

အဆိုပါစာတမ်းရေးဆွဲရန်အတွက် ဝက်မွေးမြူရေးသမားများ၊ ပညာရှင်များ၊ အတွေ့အကြုံရှိသည့် လူ့အခွင့်အရေးသ မားများကို ဖိတ်ခေါ်ထားပြီး အကြံပြုချက်များကို စာတမ်းအတွင်း ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းအ ဖွဲ့ချုပ်ထံမှသိရပါတယ်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဝက်မွေးမြူသည့်လုပ်ငန်းရှင်များ တွေ့ဆုံရာ တွင်လည်း ပြည်ပမှ ဝက်အရှင်အကောင်ကြီး တင်သွင်းမှုကို ခွင့်မပြုရန်၊ ဝက်သားပေါက်တင်သွင်းခြင်းကို ယာယီရပ် ဆိုင်းပေးရန်၊ မျိုးဝက်တင်သွင်းခြင်းကို ခွင့်ပြုပေးရန် စသည့်အချက်များကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း ရန်ကုန် ဝက်မွေးမြူထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားခဲ့ပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 10:29
Rate this item
(2 votes)