Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အစိုးရမှ စိုက်ပျိုးရေးချေးငွေ (၂၀၀) ဘီလီယံကျော် ထုတ်ချေးပေးမည်

အခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေး သမဝါယမအသင်းသားများအတွက် အစိုးရမှ ကျပ်ငွေဘီလီယံ ( ၂ဝဝ ) ကျော်ကို ချေးငွေထုတ်ချေးပေးမှာဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အပြည်ပြည်ဆိုင်ရာ သမဝါယမ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

 

ချေးငွေထုတ်ချေးရာတွင် အသေးစားချေးငွေအတွက် ကျပ်ငွေ ( ၂၁၁.၉၉၂ ) ဘီလီယံ၊ စက်မှုလယ်ယာစနစ်သို့ အဆင့်မြင့်တင်နိုင်ရန် လယ်ဧက ( ၃၇၅၃ ) ဧကအတွက် ကျပ်ငွေ ( ၁.၁၁၃ ) ဘီလီယံနဲ့ မျိုးစေ့များအတွက် ကျပ်ငွေ ( ဝ.၁၃၄ ) ဘီလီယံ၊ စုစုပေါင်း ကျပ်ငွေ ( ၂၁၃. ၂၃၉ ) ဘီလီယံကို ချေးငွေထုတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

 

အခုထုတ်ပေးမဲ့ ချေးငွေတွေကို ဗဟိုသမဝါယမအသင်းကနေတဆင့် ထုတ်ချေးပေးသွားမှာဖြစ်ပြီး အသင်းသားများဆီ ထုတ်ချေးထားတဲ့ ချေးငွေများအတွက် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ခြောက်လတစ်ကြိမ်ထုတ်ချေးကာ ချေးငွေပြန်လည်ရုပ်သိမ်းတဲ့စနစ်နဲ့ ဆောင်ရွက်နေလျက်ရှိကြောင်း သိရပါတယ်။

 

အရင်က သမဝါယမအသင်းသားများရဲ့ ရန်ပုံငွေ ၊ အသင်းသားများရဲ့ စုဆောင်းငွေနဲ့သာ ချေးငွေထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ပေမယ့်လည်း ကျေးလက်နေ တောင်သူလယ်သမားများရဲ့ ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ်ကစတင်ပြီး အစိုးရက ပြည်ပမှ ချေးငွေများရယူကာ ဆောင်ရွက်ခဲ့ပါတယ်။

 


Read More >>>>>   တရုတ်ဝယ်လိုအားကြောင့် မြေပဲဆန်အနီဈေးအမြင့်ဆုံးသို့ရောက်


သမဝါယမဦးစီးဌာနအနေဖြင့် အရင်က အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုတည်းကိုသာ ဆောင်ရွက်ခဲ့ပေမယ့်လည်း ၂ဝ၁၄ ခုနှစ်ကစတင်ပြီး မျိုးစေ့ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေဖို့နဲ့ စက်မှုလယ်ယာမြေစနစ်သို့ အဆင်မြှင့်တင်နိုင်ဖို့အတွက် ချေးငွေများထုတ်ချေးပေးခြင်းကို တိုးချဲ့လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

#Myanmar Food Industry Directory

Source: Myanmar Business Today

Read times Last modified on Thursday, 18 July 2019 13:37
Rate this item
(1 Vote)