Food & Livestock



နိုဝင်ဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ တည်ငြိမ်နေဟု FAO ပြောကြား

နိုဝင်ဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ တည်ငြိမ်နေဟု FAO ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO) ကမ္ဘာ့စျေးနှုန်းအညွှန်းကိန်းသည် နိုဝင်ဘာလတွင် တည်ငြိမ်နေခဲ့သည်။

 

နိုင်ငံတကာ နှံစားသီးနှံဈေးနှုန်းများ နိမ့်ကျခြင်းနှင့် ဟင်းသီးဟင်းရွက်ဆီများ၏ စျေးနှုန်းများမြင့်မားခြင်းတို့ ဘဲစားဘဲချေဖြစ်ကာ အကျနှင့်အတက် ထေမိသဖြင့် နိုဝင်ဘာလ ပျမ်းမျှရလဒ်အညွှန်းကိန်းသည် ပြီးခဲ့သည့် အောက်တိုဘာလ အညွှန်းကိန်းအတိုင်း တည်ငြိမ်နေသည်။ 

 

 စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဈေးနှုန်းညွှန်းကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှု အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများကို အခြေခံပြီး တွက်ချက်ထားသည်။ နိုဝင်ဘာလ အညွှန်းကိန်းသည် ပျမ်းမျှ ၁၂၀ ဒသမ ၄ ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည့် အောက်တိုဘာလ အညွှန်းကိန်းနှင့် မတိမ်းမယိမ်းတွင် ရှိနေသည်။

  

FAO နှံစားသီးနှံစျေးနှုန်းညွှန်းကိန်းသည် နိုဝင်ဘာလတွင် အောက်တိုဘာလထက်  ၃.၀% ကျဆင်းခဲ့သည်။ ပြောင်းဈေးများ သိသိသာသာ ကျဆင်းခဲ့သည်။ ဂျုံ‌ေဈး ၂.၄% ကျဆင်းခဲ့သည်။

 

ဟင်းသီးဟင်းရွက်ဆီဈေးသည် အောက်တိုဘာလထက် ၃.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

“စားအုန်းဆီဈေးက နိုဝင်ဘာလမှာ ၆ ရာခိုင်နှုန်းကျော် ပြန်တက်သွားတယ်။ တင်သွင်းတဲ့ နိုင်ငံတွေက အဝယ်များခဲ့ပြီး ထုတ်လုပ်တဲ့နိုင်ငံတွေမှာ အထွက်နည်းတဲ့ ရာသီချိန် ဖြစ်နေလို့ ဈေးတက်ခဲ့ပါတယ်"ဟု FAO က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နို့ထွက်ပစ္စည်းစျေးနှုန်းညွှန်းကိန်းသည် အောက်တိုဘာလထက် ၂.၂ % မြင့်တက်ခဲ့သည်။

အရှေ့မြောက်အာရှတွင် ထောပတ်နှင့် အဆီထုတ်ထားသော နို့မှုန့်ဝယ်လိုအား မြင့်မားခြင်း၊ အနောက်ဥရောပတွင် အားလပ်ရက်အကြို ဝယ်လိုအား တိုးလာခြင်းတို့ကြောင့် ဈေးတက်သွားခဲ့သည်။ 

 

သကြားဈေးနှုန်းများ အောက်တိုဘာဘထက် ၁.၄% မြင့်တက်သည်။ ထိုင်းနှင့် အိန္ဒိယတို့တွင် ထုတ်လုပ်မှု အလားအလာ ပိုဆိုးလာသဖြင့် ဈေးကြိုတက်နှင့်သည်။

 

FAO သည် ယခုနှစ်တွင် ကမ္ဘာ့သီးနှံထုတ်လုပ်မှုအတွက် စံချိန်တင် မက်ထရစ်တန် ၂,၈၂၃ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

 

Source FAO 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 11 December 2023 22:15
Rate this item
(0 votes)