Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌ ဆီစားသုံးမှု ပြည်ပ နိုင်ငံများထက် နှစ်ဆပိုမိုများပြား

ပြည်တွင်း၌ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဆီစားသုံးမှုသည် ပြည်ပနိုင်ငံများထက် နှစ်ဆပိုမို များပြားနေကြောင်း မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်အရ လူတစ်ဦးသည် တစ်လလျှင် ဆီ ၅ဝ ကျပ်သား စားသုံးပါက လိုအပ်သော ပမာဏပြည့်မီသည်ဟု သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံ၌ လူတစ်ဦးလျှင် ဆီတစ်ပိဿာကျော် အထိ စားသုံးနေကြောင်း သိရသည်။

 

''ပြည်တွင်းမှာ ဆီစားသုံးမှုက တခြားနိုင်ငံတွေထက် နှစ်ဆလောက်ပိုများတယ်။ ဈေးချိုရင်ချိုသလို၊ ဈေးပေါရင် ပေါသလိုဆီကို သုံးကြတယ်။ အဲဒီလိုမသုံးဘဲ အန္တရာယ် ကင်းတဲ့ဆီကို ဝယ်ယူစားသုံးဖို့ ပညာပေးတယ်။ အရည်အသွေး ပြည့်မီတဲ့ဆီကို စားသုံးဖို့ဆိုရင် ဈေးနှုန်းကြီးတဲ့အတွက် ဆီစားတာ လျှော့လာမယ်။ အဲဒါဆိုရင် ကျန်းမာရေးနဲ့လည်း ညီညွတ်မယ်'' ဟု ဦးထွန်းထွန်းဦးက ပြောသည်။

Read More >>>>>  တရုတ်ဈေးကွက်တွင် နနွင်းဝယ်လိုအား ကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ

 

ဆီစားသုံးသူ အများစုသည် စားအုန်းဆီများနှင့် ရောနှောဆီများကိုသာ စားသုံးနေခြင်း ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်စေရေး ဆီလျှော့၍ စားသုံးရန် လိုအပ်ကြောင်း သိရသည်။

 

ပြည်တွင်းသို့ တင်သွင်းနေသည့် စားအုန်းဆီများ ဆိပ်ကမ်းများသို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများ၏ စစ်ဆေးမှုအရ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောကြားထားသော်လည်း ဆီစားသုံးမှုကို လျှော့ချရန် လိုအပ်လျက်ရှိသည်။

 

ပြည်တွင်း၌ ဆီစားသုံးမှု လိုအပ်ချက်အရ စားအုန်းဆီ စတင် တင်သွင်းခဲ့ချိန်က တစ်လလျှင် တန်ချိန် သုံးထောင်မှ လေးထောင်ဝန်းကျင်သာ တင်သွင်းရသော်လည်း ယခုအခါ တစ်လလျှင် တန်ချိန်ရှစ်သောင်း ဝန်းကျင်အထိ တင်သွင်းနေရကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Monday, 18 March 2019 16:55
Rate this item
(1 Vote)