Food & Livestock
ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းသားခေါ်ယူ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အဋ္ဌမတန်းအောင်မြင်ပြီးသူတွေအတွက် ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် ၂ အတွက် သင်တန်းသားခေါ်ယူနေပြီဖြစ်ပါတယ်။
အဆိုပါသင်တန်းကို Hospitality and Catering Training Academy မှာ တက်ရောက်ရမှာဖြစ်ပြီး အောက်တိုဘာလ ပထမအပတ်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
သင်တန်းကာလမှာ ၂ လကြာမြင့်မှာဖြစ်ပြီး လျှောက်လွှာတွေကို ဇွန် ၁၇ ^က်မှ ၃၁ ရက်အထိ ထုတ်ယူလျှောက်ထားနိုင်ပါတယ်။
တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ Culinary Arts (အချက်အပြုတ်သင်တန်း)၊ Pastry and Bakery (ပေါင်မုန့်၊ ကိတ်မုန့်ပြုလုပ်ခြင်း အခြေခံသင်တန်း)၊ Hosuekeeping Operation (အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးအခြေခံသင်တန်း) Food and Beverage (အစားအသောက်နှင့် အဖျော်ယမကာ အခြေခံသင်တန်း) Front Office Operation (ဧည့်ကြိုဝန်ထမ်း အခြေခံ လုပ်ငန်းခွင်သင်တန်း) တွေပဲဖြစ်ပါတယ်။
Read More >>>>> တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသောကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်လာ
သင်တန်းသို့ အဋ္ဌမတန်းအောင်မြင်ပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိသူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။
လျှောက်လွှာတွေကို HCTA N/61 မကျီးကန်ကျေးရွာ၊ ကော့မှူးမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရယူနိုင်သလို HCTAKawhmu ဖေ့ဘုတ်အကောင့်တွင်လည်း ဒေါင်းလုပ်ရယူနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း - ၀၉၂၅၁၀၃၄၅၆၆ နဲ့ ၀၉-၂၅၀၈၀၇၀၅၅ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Credit: Internet



