Food & Livestock



ယခုနှစ် ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိမည်

ယခုနှစ် ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပထမ ၁၁ လ အတွင်း ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ပမာဏနှင့် တန်ဖိုးသည် ၂၀၂၂ ခုနှစ် တစ်နှစ်လုံး တင်ပို့ခဲ့သည်ထက် ပိုများနေပြီ ဖြစ်ပါသည်။

 

ယခုနှစ် ပြည်ပပို့ကုန်ဆန်ထံမှ ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိလာမည်ဟု အာဏာပိုင်များက ဆိုသည်။

 

ဗီယက်နမ်တွင် ယခုနှစ် စပါးစိုက်ဧရိယည ဟက်တာ ၇.၁ သန်း ရှိပြီး စပါးအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၆.၀၈ တန် ဖြစ်ပါသည်။ စပါး စုစုပေါင်း တန်ချိန် ၄၃.၁ သန်း ထွက်ပါသည်။

ယမန်နှစ်ထက် တန်ချိန် ၄၂၀,၀၀၀ ပိုများပါသည်။

 

ယခုနှစ် ပထမ ၁၁ လအတွင်း ဆန်တန်ချိန် ၇.၇၅ သန်း တင်ပို့ခဲ့ပါသည်။ တန်ဖိုးစုစုပေါင်းမှာ ကန်ဒေါ်လာ ၄.၄၁ ဘီလီယံ ဖြစ်ပါသည်။ 

ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၅၆၈ ကန်ဒေါ်လာ ဖြစ်ပါသည်။ 

 

ဗီယက်နမ်ဆန် အမြောက်အမြား ဝယ်ယူသည့် နိုင်ငံများမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ၊ အာဖရိကနိုင်ငံများ ဖြစ်ပါသည်။

 

Source VNA


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 19 December 2023 09:57
Rate this item
(0 votes)