Food & Livestock



စိုက်ဧက နည်းပါးသည့် လယ်သမားများအတွက် ကူဘိုတာ လျှပ်စစ်ထရက်တာ

 စိုက်ဧက နည်းပါးသည့် လယ်သမားများအတွက် ကူဘိုတာ လျှပ်စစ်ထရက်တာ

https://t.me/Guid4U
JOIN THE CHANNEL 

 

ကူဘိုတာသည် စိုက်ဧက နည်းပါးသည့် စိုက်ပျိုးသူများအတွက် ပံ့ပိုးပေးမည့် အနာဂတ် ထွန်စက်တစ်ခုဖြစ်သည့် လျှပ်စစ်ထရက်တာ "Agri concept" ကို ပွဲထုတ်ပြသခဲ့ပါသည်။

 

photo_2024-01-22_17-38-42.jpg

 

Agri concept ထရက်တာသည် နောက်မျိုးစက် လယ်ယာသုံးယန္တရားအဖြစ် ဒီဇိုင်းထုတ်ထားသည်။

ဉာဏ်ရည်တု၊ အလိုအလျောက် လုပ်ကိုင်ခြင်း၊ လျှပ်စစ်စွမ်းအင် သုံးစွဲခြင်းတို့ကို ပေါင်းစပ်ပေးထားသည်။ 

လျှပ်စစ်မော်တော်ယာဉ်စစ်စစ်ဖြစ်ပြီး စွယ်စုံသုံး ယာဉ်လည်း ဖြစ်သည်။ 

 

photo_2024-01-22_17-38-33.jpg

 

 

Agri concept တွင် လျှပ်စစ်မော်တာ ၆ လုံး သုံးထားသည်။ မော်တာသုံးထားသဖြင့် အင်ဂျင်ထရက်တာများကဲ့သို့ စက်သံမဆူညံချေ။ သို့ဖြစ်ရာ ညဘက် လူခြေတိတ်ချိန် လူနေရပ်ကွက်မှာ အသုံးပြုနိုင်မည် ဖြစ်သည်။ 

 

photo_2024-01-22_17-39-00.jpg

 Kubota က အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မပြုသေးသဖြင့် မော်တာတို့၏ ပါဝါကို မသိရပါ။

ဘက်ထရီထုပ်အကြောင်းကို ပြောပြရာ၌ ၁၀% အားလက်ကျန် အခြေအနေမှ ၈၀% အားပြည့်အောင် အားသွင်းရန် ၆ မိနစ်အောက်သာ ကြာမည်ဟု ဆိုသည်။

 

photo_2024-01-22_17-38-29.jpg

 

Agri concept တွင် ပင်ကိုမောင်းနှင် စွမ်းရည် ပါသည်။ ရှေ့မှာ ဝင်တိုက်စရာရှိပါက ရပ်ခြင်း၊ ကွေ့ရှောင်ခြင်းတို့ အလိုအလျောက် ထိန်းကျောင်းနိုင်စွမ်း ရှိသည်။ လူနှင့် တိရစ္ဆာန် ခွဲခြားသိသည်။ သီးနှံအပင်နှင့် ကျောက်တုံးကိုလည်း ခွဲခြားသိသည်။

 

photo_2024-01-22_17-38-54.jpg

 

ကူဘိုတာသည် "ယုံကြည်စိတ်ချရသော စက်ကိရိယာပံ့ပိုးပေးသူ အဖြစ်မှ ကူညီဖြေရှင်းချက် ပေးအပ်သူအဖြစ်သို့ ပြောင်းလဲနေသည်"ဟု Kubota Tractor Corporation ဥက္ကဋ္ဌ Todd Stucke က Agri concept မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

Source carscoops


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)