Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပိုများလာနေသည့် အသားတုစားသုံးမှုအတွက် ကန်ဒေါ်လာ သန်း၃၀၀ ရင်းနှီးမြှုပ်နှံ

စားသောက်ကုန်ကဏ္ဍမှ Smart Protein Fund က မှို၊ အပင်ငယ်များဖြင့် အသားတု ထုတ်လုပ်ခြင်း၊ ဓာတ်ခွဲခန်းတွင်

အသားမွေးမြူခြင်းတို့ လုပ်ကိုင်သော အစားထိုး ပရိုတိန်းနှင့် စားသောက်ကုန် လုပ်ငန်းကဏ္ဍ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့ကျစေခြင်းအတွက် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ရာ၌ ၂၀၂၂ တွင် အသားတုထုတ်လုပ်ခြင်း ကဏ္ဍနှင့် အစားထိုးပရိုတိန်းဈေးကွက်တို့တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။

 

စားသုံးသူတို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသားအစစ်စားခြင်းမှ အသားအတု စားခြင်းဆီ သို့ ကူးပြောင်းကြမည်ဟု မျှော်မှန်းထားသည်။

 

"၂၀၃၅ ခုနှစ်တွင် အစားထိုးပရိုတင်းများက ကမ္ဘာ့ပရိုတင်းစျေးကွက်ရဲ့ ၁၁ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ဖွယ်ရှိပါတယ်" ဟု Earth First Food Ventures စီအီးအို Brian Ruszczyk က ပြောကြားသည်။

 

Cheery Eveline

Click Here >>> Cheery Eveline

"အသား၊ အထူးသဖြင့် ကြက်သားနှင့် ပင်လယ်စာများအတွက် အစားထိုးဈေးကွက် သိသိသာသာ တိုးလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပရိုတင်းစားသုံးမှု စုစုပေါင်းရဲ့ နှစ်ရာခိုင်နှုန်းမျှသာ ရှိခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းကျော်အထိ တိုးလာမယ်" ဟု ၎င်းက ပြောကြားသည်။

 

Milltrust International မှ မန်နေဂျင်းပါတနာ Alexander Kalisက စားသောက်ကုန်ကဏ္ဍ ကာဘွန်ထုတ်လွှတ် မှုများပြားနေကြောင်း ပြောကြားသည်။

 

"အစားအစာလုပ်ငန်းက ကမ္ဘာ့ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၂၆ ရာခိုင်နှုန်းကို ထုတ်လွှတ်နေတယ်ဆိုတာ သတိမပြုမိကြဘူး။ သယ်ယူပို့ဆောင်ရေး နည်းလမ်းအမျိုးမျိုး အားလုံးမှ စုစုပေါင်းထုတ်လွှတ်တာထက် ပိုများပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

အရဲစွန့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Milltrust International ၏ လက်တံတစ်ခုဖြစ်သော Milltrust Ventures ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းသည် လန်ဒန်နှင့် စင်ကာပူတို့တွင် ရုံးချုပ်ထားရှိသည်။

 

Earth First Food Ventures သည် စားသောက်ကုန် နည်းပညာ အရင်းအနှီး ရင်းနှီးမြှုပ်နှံသည့် ပလက်ဖောင်း တစ်ခု ဖြစ်ပါသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source CityAM

Myanmar Food Industry Guide

Read times Last modified on Monday, 30 January 2023 13:52
Rate this item
(0 votes)