Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်စက်လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းမည်

Unicode

ဆန်စက်လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းမည်

 

အသင်းဝင် ဆန်စက်လုပ်ငန်းရှင်များ ပါဝင်တဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖွဲ့စည်းသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် အစည်းအဝေးမှ သိရပါတယ်။

 

Rice Mills ဆန်စက်ပေါင်း ၈၃ ခုကိုရှာရန်နှိပ်ပါ။

 

ယခင်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆန်စက်အသင်း ကုမ္ပဏီလီမီတက်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်ပြီး အများပိုင်ကုမ္ပဏီကို အသင်းသူ၊ အသင်းသားများရဲ့ သဘောဆန္ဒခံယူပြီး တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

 

ဦးကျော်ဝင်းက “ အများပိုင်ကုမ္ပဏီဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်က ဆန်စက်သမားတွေက ဟိုတစ်စု၊ ဒီတစ်စုနဲ့ ရောင်းဝယ်တဲ့ နေရာမှာ စုစုစည်းစည်း မရှိကြဘူးပေါ့။ ဝယ်ချင်တဲ့သူကများ ဝယ်ချင်တယ်ဆိုရင်လည်း ဝယ် လို့မရဘူး။ ဈေးကလည်း သူတစ်မျိုး၊ ငါတစ်မျိုးတွေ ဖြစ်နေတယ်။ နောက်ပြီး ခုနောက်ပိုင်းက ဆန်စပါးကဏ္ဍမှာ နိုင်ငံတကာကလာပြီး ရင်းနှီးမြှပ်နှံတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီကုမ္ပဏီတွေက ကျွန်တော်တို့ကို ကျော်လွှား သွားရင် ပြည်တွင်းဆန်စက်တွေ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာမျိုး မဖြစ်အောင် စုစုစည်းစည်း ဆောင်ရွက်ဖို့ပါ ” လို့ ဆိုပါတယ်။

 

အခုလို အများပိုင်ကုမ္ပဏီ ဖွဲ့စည်းခြင်းဖြင့် ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့ဈေးနှုန်း၊ မြန်မာဈေး နှုန်းများကို အလွယ်တကူ သိရှိနိုင်မှာဖြစ်ပြီး၊ ပြည်တွင်းက ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း အချိတ်အဆက်မိမိဖြင့် စနစ်တကျ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်ပါတယ်။

 

ဒါ့ပြင် ပြည်တွင်းဆန်စပါးကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံနေကြတဲ့ နိုင်ငံခြားကုမ္ပဏီများကို ယှဉ်ပြိုင်၊နိုင်စွမ်း ရှိလာစေရန်အတွက် ရည်ရွယ်ပြီး အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ၎င်းအသင်းမှ သိရပါတယ်။

 

Read More >>>   ေက်ာက္ပန္းေတာင္း ၿမိဳ႔နယ္ထြက္ ၾကက္သြန္နီမ်ား ေစ်းႏႈန္းျမင့္တက္ေန

 

အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းရာမှာ ပြင်ပရှယ်ယာရှင် ခေါ်ယူမှုကို ပြုလုပ်သွားမှာမဟုတ်ဘဲ အသင်းဝင် ဆန်စက်လုပ်ငန်းရှင်များဖြင့်သာ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် အဆိုပါ အများပိုင်ကုမ္ပဏီမှ နယ်စက်ပိုင်များအတွက် ဈေးကွက်ရှာပေးခြင်း ချိတ်ဆက်ပေးခြင်းများကို ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံ ဆန်စက်ပိုင်ရှင်အသင်းတွင် အသင်းသား တစ်သောင်းကျော်ရှိပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန်စက်အလုံးရေ အကြီး၊ အသေး စုစုပေါင်း သုံးသောင်းကျော်ရှိကြောင်း သိရပါတယ်။

 

Source: The Fifth Wave

 

 

 

ဆန္စက္လုပ္ငန္းရွင္မ်ားပါဝင္ေသာ အမ်ားပိုင္ကုမၸဏီတစ္ခု ဖြဲ႔စည္းမည္

 

အသင္းဝင္ ဆန္စက္လုပ္ငန္းရွင္မ်ား ပါဝင္တဲ့ အမ်ားပုိင္ကုမၸဏီတစ္ခုဖြဲ႔စည္းသြားမွာျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း ဗဟုိအလုပ္အမႈေဆာင္ႏွင့္ အလုပ္အမႈေဆာင္ အစည္းအေဝးမွ သိရပါတယ္။

 

ယခင္က ဖြဲ႔စည္းထားတဲ့ ျမန္မာႏုိင္ငံဆန္စက္အသင္း ကုမၸဏီလီမီတက္ကို အမ်ားပိုင္ကုမၸဏီအျဖစ္ ေျပာင္းလဲဖြဲ႔စည္းျခင္းျဖစ္ၿပီး အမ်ားပိုင္ကုမၸဏီကို အသင္းသူ၊ အသင္းသားမ်ားရဲ႕ သေဘာဆႏၵခံယူၿပီး တည္ေထာင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္သြားမွာျဖစ္တယ္လုိ႔ ျမန္မာႏုိင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

 

Rice Mills ဆန္စက္ေပါင္း ၈၃ ခုကိုရွာရန္ႏွိပ္ပါ။

ဦးေက်ာ္၀င္းက “ အမ်ားပိုင္ကုမၸဏီဖြဲ႕ရျခင္းရဲ႕ ရည္ရြယ္ခ်က္က ဆန္စက္သမားေတြက ဟုိတစ္စု၊ ဒီတစ္စုနဲ႔ ေရာင္း၀ယ္တဲ့ ေနရာမွာ စုစုစည္းစည္း မရွိၾကဘူးေပါ့။ ၀ယ္ခ်င္တဲ့သူကမ်ား ၀ယ္ခ်င္တယ္ဆိုရင္လည္း ၀ယ္လို႔မရဘူး။ ေစ်းကလည္း သူတစ္မ်ိဳး၊ ငါတစ္မ်ိဳးေတြ ျဖစ္ေနတယ္။ ေနာက္ၿပီး ခုေနာက္ပိုင္းက ဆန္စပါးက႑မွာ ႏိုင္ငံတကာကလာၿပီး ရင္းႏွီးျမွဳပ္နွံတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဒီကုမၸဏီေတြက ကၽြန္ေတာ္တို႔ကို ေက်ာ္လႊားသြားရင္ ျပည္တြင္းဆန္စက္ေတြ ယွဥ္ျပိဳင္ႏိုင္စြမ္း မရွိတာမ်ိဳး မျဖစ္ေအာင္ စုစုစည္းစည္း ေဆာင္ရြက္ဖို႔ပါ ” လုိ႔ ဆိုပါတယ္။

 

အခုလို အမ်ားပိုင္ကုမၸဏီ ဖြဲ႕စည္းျခင္းျဖင့္ ဆန္စပါးလုပ္ငန္းရွင္မ်ားအေနျဖင့္ ကမာၻ႕ေဈးႏႈန္း၊ ျမန္မာေဈးႏႈန္းမ်ားကို အလြယ္တကူ သိရွိႏိုင္မွာျဖစ္ၿပီး၊ ျပည္တြင္းက ဆန္စက္လုပ္ငန္းရွင္မ်ားအေနျဖင့္ ေစ်းကြက္အတြင္း အခ်ိတ္အဆက္မိမိျဖင့္ စနစ္တက် ေရာင္း၀ယ္ေဖာက္ကားႏုိင္မွာျဖစ္ပါတယ္။

 

ဒါ့ျပင္ ျပည္တြင္းဆန္စပါးက႑မွာ လာေရာက္ရင္းႏွီးျမွဳပ္ႏွံေနၾကတဲ့ ႏိုင္ငံျခားကုမၸဏီမ်ားကို ယွဥ္ၿပိဳင္၊ႏိုင္စြမ္း ရွိလာေစရန္အတြက္ ရည္ရြယ္ၿပီး အမ်ားပိုင္ကုမၸဏီတစ္ခု ဖြဲ႕စည္းရန္ ျပင္ဆင္ျခင္းျဖစ္ေၾကာင္း ၎အသင္းမွ သိရပါတယ္။

 
Read More >>>   ေက်ာက္ပန္းေတာင္း ၿမိဳ႔နယ္ထြက္ ၾကက္သြန္နီမ်ား ေစ်းႏႈန္းျမင့္တက္ေန

 

အမ်ားပိုင္ကုမၸဏီအျဖစ္ ဖြဲ႕စည္းရာမွာ ျပင္ပရွယ္ယာရွင္ ေခၚယူမႈကို ျပဳလုပ္သြားမွာမဟုတ္ဘဲ အသင္း၀င္ ဆန္စက္လုပ္ငန္းရွင္မ်ားျဖင့္သာ ဖြဲ႕စည္းသြားမွာျဖစ္ပါတယ္။ ဒါ့ျပင္ အဆိုပါ အမ်ားပိုင္ကုမၸဏီမွ နယ္စက္ပိုင္မ်ားအတြက္ ေစ်းကြက္ရွာေပးျခင္း ခ်ိတ္ဆက္ေပးျခင္းမ်ားကို ျပဳလုပ္ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

 

လက္ရွိ ျမန္မာႏိုင္ငံ ဆန္စက္ပိုင္ရွင္အသင္းတြင္ အသင္းသား တစ္ေသာင္းေက်ာ္ရွိၿပီး၊ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ဆန္စက္အလံုးေရ အႀကီး၊ အေသး စုစုေပါင္း သုံးေသာင္းေက်ာ္ရွိေၾကာင္း သိရပါတယ္။

 

Source: The Fifth Wave

 

 

 

Read times Last modified on Tuesday, 11 February 2020 11:36
Rate this item
(0 votes)