Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ကော်ဖီဈေးကွက် အေးနေသည့်အပြင် အရှေ့ဈေးကွက်သို့ ဦးစားပေး ရောင်းချနေရ

ကမ္ဘာ့ကော်ဖီဈေးနှုန်း ကျဆင်းနေသည့်အတွက် မြန်မာ့ကော်ဖီဈေးကွက် အေးနေသည့်အပြင် အရှေ့ဈေးကွက်သို့ ဦးစားပေး ရောင်းချနေရကြောင်း မြန်မာနိုင်ငံကော်ဖီ အသင်း အတွင်းရေးမှူး   ဦးမင်းလှိုင်၏ ပြောကြားချက်အရ သိရသည်။

 

လတ်တလောတွင် ကမ္ဘာ့ကော်ဖီဈေးကွက်၌ စီးပွားဖြစ်ကော်ဖီ 1kg လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဒေါ်လာနှင့် အထူးတန်းဝင်ကော်ဖီ  1kg လျှင် အမေရိကန် ဒေါ်လာ  ၆ ဒေါ်လာမှ ၇ ဒေါ်လာဝန်းကျင်အထိသာ ဈေးနှုန်းရှိနေသည်။

 

''ကမ္ဘာ့ကော်ဖီဈေးက   ကျနေတော့ ဈေးကွက်အေးနေတယ်။ လောလောဆယ်တော့ အရှေ့ဈေးကွက်ကိုပဲ  ဦးစားပေး ရောင်းချနေရတယ်'' ဟု ဦးမင်းလှိုင် ကပြောသည်။

 

ယခုနှစ်ကော်ဖီ ရာသီချိန်အတွင်း ပြည်ပဝယ်လက်များ အနေဖြင့် စင်ကာပူ၊ ရုရှား၊ အမေရိကန်စသည့် နိုင်ငံတို့မှ  အဖွဲ့လေးဖွဲ့ခန့်သာ   ဝင်ရောက်ပြီး   အသစ်ထပ်မံ ဝင်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။

 

Read More >>>>>  အိန္ဒိယ အဝယ်ရှိလာ၍ မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်တက်

 

''ဒီနှစ်  ဈေးကွက်သစ်တွေက ဝယ်ယူတာမရှိဘူး။ ပုံမှန်ဝယ်လက်တွေပဲ ဝယ်ကြပါတယ်'' ဟု ဦးမင်းလှိုင် ကပြောသည်။

 

မြန်မာ့ကော်ဖီများကို ပြည်ပနိုင်ငံများသို့ တိုးချဲ့တင်ပို့ရာတွင် အခွန်နှုန်း သက်သာစေရေး အတွက်  ကိုတာစနစ် အပါအဝင် အစိုးရချင်း G to G စနစ်ဖြင့်  တင်ပို့နိုင်ရန်  ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ့ကော်ဖီများကို  အမေရိကန်၊  ကနေဒါ၊ သြစတြေးလျ၊  အင်္ဂလန်၊  ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံတို့သို့  တင်ပို့ခဲ့ပြီး ကော်ဖီကို နိုဝင်ဘာလမှ စတင်ထုတ်လုပ်ကာ မတ်လတွင် စတင်တင်ပို့နိုင်ကြောင်း  သိရသည်။

 

Source: Myawaddy

Read times Last modified on Thursday, 02 May 2019 16:08
Rate this item
(1 Vote)