Food & Livestock



ဆန်တန်ချိန် ၃ သိန်း တင်ပို့ရန် ဗီယက်နမ် ကုမ္ပဏီ ၇ ခု တင်ဒါအောင်

ဆန်တန်ချိန် ၃ သိန်း တင်ပို့ရန် ဗီယက်နမ် ကုမ္ပဏီ ၇ ခု တင်ဒါအောင် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်ကုမ္ပဏီ ခုနစ်ခုသည် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၃၀၀,၀၀၀ တင်ပို့ရန် တင်ဒါအောင်မြင်ခဲ့ပါသည်။

၎င်းတို့ကမ်းလှမ်းသည့် ဈေးနှုန်းများတွင် အနိမ့်ဆုံးစျေးနှုန်းမှာ တစ်တန်လျှင် ၆၄၈ အမေရိကန်ဒေါ်လာ ဖြစ်ပါသည်။  

၎င်းဈေးနှုန်းသည် သယ်ယူပို့ဆောင်ခများ ထည့်သွင်းတွက်ချက်ထားပါသည်။

 

အင်ဒိုနီးရှားက အရန်ဆန် သိုလှောင်မှု ဖြည့်တင်းရန်အတွက် ဆန်တန်ချိန် ၅ သိန်း တင်သွင်းမည်ဖြစ်ကြောင်း နှစ်ဆန်းပိုင်းက ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားသည် ယမန်နှစ်က ဗီယက်နမ်ဆန် တန်ချိန် ၁ သန်းကျော် တင်သွင်းခဲ့ပါသည်။ ဗီယက်နမ်ဆန်ကို ဖိလစ်ပိုင် ပြီးလျှင် ဒုတိယအများဆုံး ဝယ်ယူသည့်နိုင်ငံ ဖြစ်ခဲ့ပါသည်။

 

ဗီယက်နမ်စားနပ်ရိက္ခာအသင်းနှင့် ထိုင်းဆန်တင်ပို့သူများအသင်းတို့၏ အဆိုအရ လက်ရှိပို့ကုန်ဆန် ဈေးနှုန်းများသည်  ၅ ရာခိုင်နှုန်း ဆန်ကွဲပါ ဆန်ဖြူ တတန်လျှင်

• ထိုင်းဆန် ၆၅၆ ကန်ဒေါ်လာ

• ဗီယက်နမ်ဆန် ၆၄၂ ကန်ဒေါ်လာ၊ 

• ပါကစ္စတန်ဆန် ၆၃၈ ကန်ဒေါ်လာ 

ခေါ်ဈေး ဖြစ်ပေါ်နေပါသည်။

 

ယမန်နှစ်က ဗီယက်နမ်သည် အိန္ဒိယနှင့် ထိုင်းပြီးလျှင် ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ပြီး ဆန်တန်ချိန် ရှစ်သန်း တင်ပို့ခဲ့ပါသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 03 February 2024 17:11
Rate this item
(0 votes)