Food & Livestock



ဩစတေးလျ နွားအရှင် တင်သွင်းခွင့် အင်ဒိုနီးရှား ပြန်လည်ခွင့်ပြု

ဩစတေးလျ နွားအရှင် တင်သွင်းခွင့် အင်ဒိုနီးရှား ပြန်လည်ခွင့်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားနိုင်ငံတွင် နွားအရှင် တင်သွင်းရန် သွင်းကုန်ပါမစ်များ ပြန်လည်ခွင့်ပြုပြီးနောက် နွားတင်သင်္ဘော Nine Eagle သည် ဩစတေးလျနိုင်ငံ ဒါဝင်ဆိပ်ကမ်းမှ အင်ဒိုနီးရှားသို့ နွားအရှင်များ တင်ဆောင်ပြီး ပထမဆုံး ထွက်ခွာသည့် နွားတင်သင်္ဘော ဖြစ်ပါသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတအသစ် တင်မြှောက်ရန် ကျင်းပသည့် ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် ရက်အနည်းငယ်အတွင်းမှာ ဩစတေးလျ နွားအရှင်များ တင်သွင်းရန် သွင်းကုန်ပါမစ်များ ချပေးလိုက်သည်။

 

အင်ဒိုနီးရှားသည် ယခုနှစ်အတွက် နွားကောင်ရေ ၆၅၀,၀၀၀ ခန့် တင်သွင်းရန် ပါမစ်ထုတ်ပေးခဲ့သည်။

ယခင်က နွားအရှင် သွင်းကုန်ပါမစ် ကျဖို့  လချီအောင် ကြာမြင့်ခဲ့ဖူးခြင်း မရှိချေ။ 

 

နွားအရှင်တင်ပို့သူများက စီစဉ်ထားသည့် နွားတင်သင်္ဘောအချို့သည် ဒါဝင်ဆိပ်ကမ်းအနီး ကျောက်ချ ရပ်နားပြီး စောင့်ဆိုင်းနေကြရသည်။ ထို့အတွက် နွားအရှင်တင်ပို့သူများက ရက်လွန်ကြေး demurrage တရက်လျှင် $30,000 မှ $76,000 အထိ သင်္ဘောအရွယ်အစားနှင့် ကန်ထရိုက်စာချုပ် သဘောတူညီချက်အပေါ်မူတည်ပြီး ပေးနေကြရသည်။ 

 

အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ဇန်နဝါရီလ တလလုံး ပါမစ် မချပေးခဲ့ချေ။ ဖေဖော်ဝါရီလလယ်ကျော်ပြီး ယခုမှ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးအကြိမ် နွားအရှင် သွင်းကုန်ပါမစ်များ ချပေးလိုက်ခြင်း ဖြစ်သည်။ 

 

သို့ဖြစ်ရာ ပါမစ်အကျကို စောင့်နေကြသည်မှာ သီတင်းပတ် ၇ ပတ်ခန့် ရှိပြီ ဖြစ်သော နွားအရှင် တင်ပို့သူများသည် မဆိုင်းမတွဖြင့် နွားအရှင်များ သင်္ဘောပေါ်သို့ အားချင်းတင်ပြီး အင်ဒိုနီးရှားသို့ ပေးပို့သည်။

ဖေဖော်ဝါရီလ ၁၆ ရက် သောကြာနေ့တွင် အင်ဒိုနီးရှားမှာ ပါမစ်များကို လက်မှတ်ထိုးပေးသည်။ ဖေဖော်ဝါရီလ ၁၇ ရက် စနေနေ့တွင် နွားအရှင်များ တင်ဆောင်ထားသည့် နွားတင်သင်္ဘော Nine Eagle သည် ဒါဝင်ဆိပ်ကမ်းမှ ထွက်ခွာသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းသည်။

Source abc


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 20 February 2024 13:48
Rate this item
(0 votes)