Food & Livestock



မန္တလေးရှိ မြို့နယ် (၇) ခုတွင် တောင်သူတစ်ဦးကို သိန်း (၇၀၀) ထိ ချေးငွေထုတ်ပေးလျက်ရှိ

ယခုကဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း JICA ( Two Step Loan ) ချေးငွေဖြင့် တောင်သူများ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ အသုံးပြုနိုင်ရန် ငွေကျပ်သန်း (၂၁) ထုတ်ချေးပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲနှင့် JICA တို့ ပူးပေါင်းပြီး တောင်သူများ၏ လုပ်ငန်းများ လျင်မြန် ချောမွေ့ပြီး တွင်ကျယ်လာစေရန်အတွက် လယ်ယာသုံးစက်ကိရိယာများ ဖြစ်သော ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် တခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူများ လိုအပ်သည့် စက်အမျိုးအစားအလိုက် ဝယ်ယူ အသုံးပြုနိုင်ရန် ဩဂုတ်လမှစ၍ ထုတ်ချေးပေးခဲ့သည်ဟု ဆိုသည်။

 

ထိုသို့ လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ အသုံးပြုနိုင်ရန် ချေးငွေထုတ်ချေးပေးနေသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ စဉ့်ကူးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့ ဖြစ်သည်။

 

Advertisement

Click Here > Asia General Holding

 

"မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တောင်သူတွေကို လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို အသွင်ကူးပြောင်းလာနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီ ပံ့ပိုးပေးနေတာပါ။ အတိုးနှုန်း သက်သာစွာနဲ့ ချေးပေးနေတာပါ။ တောင်သူတစ်ယောက်ကို အများဆုံး ငွေကျပ် သိန်း (၇၀၀) ထိ ခွင့်ပြုပေးထားပါတယ်။ 

 

တောင်သူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေစွာ အသုံးပြုနိုင်မယ့် လိုအပ်တဲ့ စက်အမျိုးအစားကို ဝယ်ယူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေတာပါ။ လက်ရှိ မြို့နယ်နှစ်မြို့နယ်မှာ ရိတ်ခြွေလှေ့စက် တစ်စီးရယ်၊ ထွန်စက်ကြီး နှစ်စီးရည်ကို ဝယ်ယူ အသုံးပြုနိုင်ဖို့ ချေးပေးပြီးပါပြီ" ဟု တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

 

အဆိုပါ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူ အသုံးပြုနိုင်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာလုပ်ငန်းခွင်များတွင် စိုက်ပျိုး ရိတ်သိိမ်းမှုများကို အချိန်တိုကာလအတွင်း ဆောင်ရွက်နိုင်သည့်အပြင် စိုက်ချိန်ပျိုးချိန်လည်း အချိန်မီ စိုက်ပျိုးနိုင်မည် ဖြစ်သည်။ 

 

Read times
Rate this item
(0 votes)