Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ မျှော်လင့်

မြန်မာနိုင်ငံ၏   နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု   အက်ဥပဒေသစ်သည်  ထိုင်းနိုင်ငံမှ စီးပွားရေး

လုပ်ငန်းရှင် များအတွက်   ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမိုဖိတ်ခေါ် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း မြန်မာ နိုင်ငံရှိ  ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်း အသင်းအဖွဲ့မှ သိရပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့်  ဘင်္ဂလားပင်လယ် အော်ရှိ    သဘာဝအတိုင်းရှိသေးသည့် ပင်လယ်ကမ်းခြေများနှင့် ပင်လယ် ရေကြောင်း ခရီးသွားလုပ်ငန်းကို  မြှင့်တင်ရန်ရည်မှန်း ချက်ထားလုပ်ဆောင်နေခြင်းသည်   ထိုင်း နိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆွဲဆောင် ထားနိုင်ခဲ့ကြောင်း သိရပါတယ်။

 

''လာမယ့် လအစပိုင်းမှာ FDI ဥပဒေသစ် စတင်အသက်ဝင်လာတာနဲ့  မြန်မာနိုင်ငံမှာ    စီးပွားရေး လုပ်ကိုင်မှုနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် မှုတွေ    ပိုမို လွယ်ကူလာပြီး    လက်တွေ့ ကျလာတော့မှာဖြစ်ပါတယ်'' ဟု    အဆိုပါ အဖွဲ့ဥက္ကဋ္ဌှက Surasak Keeratichokechaikul ကပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ FDI ဥပဒေသစ်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု    ပြုလုပ်သူတိုင်း ပြည်တွင်း၌    မှတ်ပုံတင်ထားသည့် ကုမ္ပဏီ များတွင် အစုရှယ်ယာ ပါဝင်မှု ၃၅ရာခိုင်နှုန်း အထိ တိုးမြှင့်ပါဝင် လုပ်ကိုင်ခွင့်ရရှိရန်ရှိနေ ကြောင်း၊ အလားတူ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများအနေဖြင့်    မြေငှားရမ်းမှုကာလကို လည်း ယခင်ကနှင့်မတူဘဲ  နှစ်ကာ လကြာရှည်စွာ  ငှားရမ်းလုပ်ကိုင်ခွင့်ရရှိရန်  ရှိနေ ကြောင်း Mr. Surasak ကပြောကြားခဲ့ပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:38
Rate this item
(1 Vote)